Latest Post

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


كل نفس ذائقة الموت 

ကမ္ဘာ့နိုင်ငံများစွာ၌ လူပေါင်းသန်း(၅၀၀) ကျော်အား ကိုယ်စားပြု ပျံ့နှံ့လုပ်ကိုင်နေသည့် အစ္စလာမ်သာသနာပြုအဖွဲ့အစည်းတစ်ခုဖြစ်သော သဗ်လီဂ်ဂျမာအသ် အဖွဲ့အစည်းကြီး၏ ဥသျှောင်ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်သူ အမီးရေ့ဆွာဟိဗ် ဟဇရသ်ကြီး ဟာဂျီ ဘိုင်အဗ်ဒွလ် ဝဟ်ဟာဇ်ဆပ်သည် ယနေ့ (၁၈-၁၁-၂၀၁၈) တွင် ဤသင်္ခါရလောကီမှ အလ္လာဟ်အရှင်မြတ်သခင်၏ အမိန့်တော်ကိုခံယူ၍ လောကုတ္တရာသို့ အပြီးအပိုင် ခွဲခွါသွားပြီ ဖြစ်ပါသည်။

သူတော်စင်ကြီး၏ နောက်ဆုံးခရီး ဂျနာဇာနမားဇ်ကို ၎င်းသက်ဆုံးတိုင်နေထိုင်ခဲ့သည့် ပါကစ္စတန်နိုင်ငံရှိ ရိုင်ဝါန်မရ်ကဇ်ဗလီကြီးမှာ ဝတ်ပြုသွားမယ်လို့ သိရပါတယ်။

၁၉၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် သက်တော် (၉၆) နှစ်အရွယ်ရှိပြီဖြစ်သည့် သူတော်စင်ကြီးသည် သဗ်လီဂ်ဂျမာအသ်လုပ်ငန်းကို စတင်ဖော်ဆောင်ခဲ့သော ဆရာသခင်ကြီးများနှင့် လက်တွဲ၍ ဘဝတစ်ခုလုံးကို ပုံအပ်ကာ ကြီးပြင်းခဲ့သည့် ရှားပါးသက်တော်ရှည် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါသည်။

သူတော်စင်ကြီးသည် မြန်မာနိုင်ငံသို့လည်း (၂၀၀၈) ခုနှစ်ခန့်က ရောက်ရှိခဲ့ပြီး လူဦးရေ(၁)သိန်းကျော် တက်ရောက်သည့် အိဂ်ျသေမာ (ခေါ်) ငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းပွဲကြီးကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း ကျင်းပရာ၌ ပါဝင်ခဲ့ပါသည်။

သူတော်စင်ကြီး၏ ကမ္ဘာအနှံ့ ငြိမ်းချမ်းရေးသာသနာပြုခရီးစဉ်များတွင် ဟောကြားပို့ချသော ငြိမ်းချမ်းရေးဒေသနာ တရားတော်များကို လူပေါင်းသိန်းချီ လာရောက်၍ နာယူလေ့ရှိပါသည်။

ကမ္ဘာ့မွတ်စ်လင်မ်တို့အတွက် ကြီးကျယ်မြင့်မြတ်လှသည့် ဝလီသူတော်စင် မုဗလ္လိဂ်၊ ဒါအီကြီးတစ်ပါးကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်လို့ ပါကစ္စတန်မီဒီယာများအပါအဝင် ကမ္ဘာအရပ်ရပ်မှ အစ္စလာမ့်မီဒီယာများက ဝမ်းနည်းကြောင်းများ အသီးသီးထုတ်ဖော် ရေးသားနေကြပါတယ်။

إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ
အင်​န်​နာလိလ္လာဟိ ဝအင်​န်​နာ အိလိုင်းဟိရာဂျိအူးန်​။

ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေး၊ ပညာရေးနှင့် ဘာသာရေး နယ်ပယ်တို့တွင် သြဇာတိက္ကမကြီးမားလှသည့် အသက် (၈၁) နှစ်အရွယ် ဆရာသခင်ကြီး မောင်ဝ်လာနာ ဆမီအွလ်ဟက် စွာဟိဗ်ကို ရာဝလ်ပင်ဒီမြို့ နေအိမ်ရှိတွင်း တစ်ဦးတည်းရှိနေချိန်မှာ ဓားဖြင့် အလစ်ဝင်ရောက် တိုက်ခိုက်ထိုးသတ်မှုကြောင့် (၂-၁၁၂၀၁၈) သောကြာနေ့က ရှဟီးဒ်ဖြစ် ကွယ်လွန်သွားရှာပါတယ်။

လုပ်ကြံခံရမှုကို သိရှိတဲ့အချိန်မှာတော့ အနီးရှိ ဆေးရုံးကို ချက်ချင်းတင်ပို့ခဲ့ပေမဲ့ အသက်မမှီတော့ကြောင်းနှင့် တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ယခုလို တိုက်ခိုက်ခဲ့ရတဲ့အကြောင်းရင်းကို မသိရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပါကစ္စတန်နိုင်ငံရှိ သာသနာ့ရေးရာလုပ်ငန်းစဉ်များကို တက်ကြွစွာ ဦးဆောင်နေသည့် သာသနာ့ပညာရှင်များအစုအဝေးဖြစ်သော ဂျမီအသ် အိုလမာအေ အစ္စလာမ် အဖွဲ့ကြီး၏ အကြီးအကဲဖြစ်ပြီး နိုင်ငံရေးပါတီများကြားတွင်လည်း သြဇာအရှိန်အဝါကြီးမားသော ဆရာသခင်ကြီးသည် ဂျာမိအဟ် ဟက္ကာနီယာ ဒါရွလ်အိုလူးမ် ကျောင်းတော်ကြီးကိုလည်း ဦးဆောင်နေပြီး သာသနာ့ပညာနှင့် ခေတ်ပညာကို အချိုးအစားကျစွာ သင်ယူနိုင်အောင် ပုံဖော်ခဲ့သူ ဖြစ်ပါသည်။

အဆိုပါ ဒါရွလ်အိုလူးမ် ဟက္ကာနီယာ ကျောင်းတော်ကြီးသည် ပါကစ္စတန်နှင့် အာဖဂန်နိုင်ငံ နယ်စပ် ခိုင်ဗရ်ဒေသတွင် တည်ရှိ၍ နှစ်နိုင်ငံမှ ထက်မြတ်သော သာသနာ့ပညာရှင်များစွာကို မွေးထုတ်ပေးနေပြီး ၎င်းကျောင်းသားများဖြင့် အခြေပြုပေါ်ပေါက်လာသည့် သွာလေဗန် (ခေါ်) ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းကြီးမှာ အမေရိကန်စစ်တပ်အပါအဝင်နှင့် အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ စောင့်ကြည့်အန္တရာယ်ပေးခြင်းကို ခံနေရသည်။

ဆရာသခင်ကြီးသည် ကမ္ဘာ့မွတ်စ်လင်မ်တို့အတွက် ရှေ့တန်းထွက်ဆောင်ရွက်လုပ်ကိုင်နေသည့် သွာလေဗန်အဖွဲ့ဝင်များ၏ ဖခင်ကြီးတစ်ဦးသဖွယ် ချစ်ခင်လေးစားခြင်းကို ရရှိထားပြီး၊ (၁၇) နှစ်ကြာ မပြီးဆုံးနိုင်သည့် အာဖဂန်ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နှင့် အာဖဂန်အစိုးရတို့က ဆရာသခင်ကြီးကို ချဉ်းကပ်၍ မေတ္တာရပ်ခံနေကြသလို ဆရာသခင်ကြီးကိုယ်တိုင်လည်း ငြိမ်းချမ်းရေးအတွက် သက်ဆုံးတိုင် မဆုတ်မနစ် ကြိုးပမ်းခဲ့ပါသည်။

ဆရာသခင်ကြီး ရှဟီးဒ်ဖြစ်ကွယ်လွန်မှုနှင့်ပတ်သက်ပြီး လက်ရှိပါကစ္စတန်သမ္မတ အာရစ်ဖ် အလ်ဗီနှင့် ဝန်ကြီးချုပ် အင်မရန်းခါန်းတို့အပါအဝင် ပါကစ္စတန်နိုင်ငံရှိ ကျော်ကြားသူများက လှိုက်လှဲစွာ ဝမ်းနည်းကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ကြပြီး၊ သူရဲဘောကြောင်စွာ လုပ်ကြံတိုက်ခိုက်သတ်ဖြတ်သူကိုလည်း အပြင်းအထန် ရှုပ်ချခဲ့ကြလေသည်။

ထူးချွန်ထက်မြက်သည့် ပညာရှင်ကြီးတစ်ဦးဖြစ်ရုံသာမက သစ္စာသမာဓိပြည့်စုံကြံ့ခိုင်လှသည့် ဘာသာရေးခေါင်းဆောင်ကြီးအဖြစ်နှင့် ပါကစ္စတန်လူထုအတွက် မားမားမတ်မတ် ဦးဆောင်ရပ်တည်ခဲ့သည့်ပုဂ္ဂိုလ်တစ်ဦးကို မိမိတို့ပါကစ္စတန်နိုင်ငံက လက်လွှတ်ဆုံးရှုံးသွားရလေပြီဟု ဝန်ကြီးချုပ်ခါန်းက မိမိရောက်ရှိနေသည့် တရုတ်ပြည်ခရီးစဉ်အတွင်း ကမ္ဘာ့သတင်းထောက်များကို စိတ်ထိခိုက်စွာ ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းမှ ရခိုင်လူမျိုးအချို့ လာရောက်အခြေချ ကျူးကျော်နေထိုင်တဲ့ ကျေးရွာတစ်ကို ဖယ်ရှားစဉ် ဦးဆောင်တည်ထောင်သူ၏နေအိမ်အတွင်းမှ အကြမ်းဖက်ဖောက်ခွဲရေးသုံး စစ်လက်နက်နှင့် ဆက်သွယ်ရေးပစ္စည်းများကို သက်ဆိုင်ရာက သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

သင်္ဘောကွေ့ကျေးရွာလို့ အမည်ပေးထားတဲ့ ၎င်းကျေးရွာကို ဦးဆောင်တည်ထောင်သူ ဦးထွန်းမြင့်ဦး၏ နေအိမ်အတွင်းမှ လက်ပစ်ဗုံး၊ ကျည်ကာအင်္ကျီ၊ စစ်သုံးဦးထုပ်၊ ဓားလက်နက်များ၊ လက်ကိုင်စကားပြောစက်များအပါအဝင် ကွန်ပျူတာနှင့် ကင်မရာများကို သိမ်းဆည်းရမိခဲ့တဲ့အကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ပြောဆိုချက်ကို ဒေသအခြေပြု သတင်းအေဂျင်စီတစ်ခုက ဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်းပိုင်းမှ ကျေးရွာများ မီးရှိုဖျက်ဆီးခံရမှုကြောင့် နေရပ်စွန့်ခွါထွက်ပြေးခဲ့ရတဲ့ ဒေသခံ မွတ်စ်လင်မ်အများစုနေထိုင်ရာ ကျေးရွာပျက်များပေါ်တွင် လာရောက်ကျူးကျော်နေထိုင်ကြသူများအား သက်ဆိုင်ရာက ဆက်လက်နေထိုင်ခြင်းမပြုရန် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး တားမြစ်ခဲ့ပါတယ်။

ကျူးကျော်သူများဘက်က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလလောက်ကတည်းက ခက်ခက်ခဲခဲနဲ့ ကျေးရွာကိုတည်ထောင်ခဲ့ရတာကြောင့် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဆက်လက်နေထိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့မှာတော့ တစ်ပတ်အတွင်း အပြီးတိုင်ဖယ်ရှားပေးဖို့ ထပ်မံညွှန်ကြားခံခဲ့ရပါတယ်။

အဆိုပါ ကျူးကျော်ကျေးရွာတွင် လာရောက်နေထိုင်သူအများစုမှာ အတည်တကျမရှိ ကြုံရာကျပန်းသမားများဖြစ်ကြပြီး ရခိုင်ပြည်နယ်မှ မြို့နယ်အချို့နှင့် မော်လမြိုင်၊ ရန်ကုန်မြို့များက ရောက်ရှိလာကြသူများ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကျူးကျော်သူများဘက်က ဖယ်ရှားခြင်းမရှိတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့ကစတင်ကာ အစိုးရအစီအစဉ်နဲ့ ရာနဲ့ချီတဲ့ ရဲဝန်ထမ်းနှင့်မီးသတ်တပ်ဖွဲ့များက ဦးဆောင်ဖျက်သိမ်းနေတယ်လို့ သိရပါတယ်။

၎င်းသင်္ဘောကွေ့ကျူးကျော်ကျေးရွာကို ဦးစီးတည်ထောင်သူဖြစ်တဲ့ ဦးထွန်းမြင့်ဦးနှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာကျော်တို့သည် ယခင်က ရန်ကုန်မြို့တွင် နေထိုင်ခဲ့သူများဖြစ်ကြပြီး နယ်စပ်ဒေသအနီး အနောက်တံခါးစောင့်ရှောက်ရေး မဟာဗျူဟာအရ ယခုလိုရွှေ့ပြောင်းအခြေချလာခြင်းဖြစ်ဖွယ်ရှိပါတယ်။

ယခုအခါ ၎င်းတို့လင်မယားနှစ်ဦးကို ဖမ်းဆီးထားပြီး သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ပစ္စည်းများကိုလည်း ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုးကား - root ageycy


ဇွန်လ (၈) ရက် တနင်္ဂနွေနေ့ ညနေ (၃း၄၅) အချိန်မှာ ဆော်ဒီနိုင်ငံအလယ်ပိုင်းဒေသတစ်ခုဖြစ်တဲ့ ဘူရီဒါဒေသရဲ့ လမ်းစစ်ဆေးရေးဂိတ်တစ်ခုကို ရောက်ရှိလာတဲ့ ကားတစ်စီးပေါ်က သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။

အုပ်ချုပ်ရေးမြို့တော် ရိယာဒ်မြောက်ပိုင်းရှိ အဝေးပြေးကားလမ်းမပေါ်က လုံခြုံရေးစစ်ဆေးဂိတ်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးရဲဝန်ထမ်းတွေကို ကားပေါ်လိုက်ပါလာတဲ့ အကြမ်းဖက်သမား (၃)ဦးက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ရဲများကလည်း ချက်ချင်းပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်သမား (၂) ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးကိုတော့ ဒဏ်ရာတွေနဲ့ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုကြောင့်ပဲ ရဲဝန်ထမ်း အရာရှိတစ်ဦးနဲ့ လမ်းဆောက်လုပ်ရေးဝန်ထမ်းအဖြစ် လာရောက်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုးတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ ပူးတွဲဖော်ပြခဲ့ပါတယ်။

ယခုဖြစ်စဉ်မှာ ဒဏ်ရရသူ အကြမ်းဖက်သမားကိုလည်း ဆေးရုံသို့ လွှဲပြောင်းကာအတွင်းလူနာအဖြစ် တင်ပို့ထားပြီး မည်သည့်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Inews-01/7/18 © အလင်းမျက်ဝန်း | ကိုးကား » Internet


ကမ္ဘာ့လူသုံးအများဆုံးဖြစ်လာတဲ့ Facebook လူမှုကွန်ယက်ဟာ သုံးစွဲသူတွေအတွက် လွယ်ကူစွာ အသုံးချနိုင်တဲ့ နည်းပညာတွေကို တဖြည်းဖြည်းချင်း ထည့်သွင်းလာပါတယ်။

တကယ်လို့ သင်ဟာ Facebook လူမှုကွန်ယက်ကို အသုံးပြုနေသူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ သင်ကိုယ်တိုင် အလင်းမျက်ဝန်းရဲ့ Facebook စာမျက်နှာပေါ် ဖော်ပြထားတဲ့ ဤအကြောင်းအရာလေးရဲ့အောက်မှာ လွယ်ကူစွာနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်လိုက်ပါ။

Comment ပေါ်မှာ CONGRATS XOXO BFF ဆိုတဲ့ စကားလုံး သုံးခုကို စာလုံးပေါင်းမှန်မှန်နဲ့ သီးခြားစီ ရိုက်နှိပ်ကြည့်လိုက်တဲ့အခါ ထူးခြားမှုလေးတွေကို သင်ကိုယ်တိုင် မြင်လိုက်ရပါလိမ့်မယ်။

CONGRATS သာမက Congratulations လို့လည်း ရိုက်ထည့်လို့ရပါတယ်။
သင့်မိတ်ဆွေရဲ့ ဝမ်းသာစရာသတင်းအတွက် ဂုဏ်ပြုဖို့ comment/post ရေးသားရာမှာ ဒီစကားလုံးလေးကို ရိုက်ထည့်လိုက်ရင်တော့ ပူဖောင်းနဲ့ရောင်စုံစက္ကူစလေးတွေကို ပျော်ရွှင်ဖွယ်အဖြစ် မြင်တွေလိုက်ရမှာဖြစ်ပြီး စာလုံးလေးကတော့ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

XOXO ဆိုတာကတော့ စိတ်ရောကိုယ်ပါ ခင်မင်မှု၊ အသိအမှတ်ပြုမှု၊ ယုံကြည်ကိုးစားမှု၊ လေးစားမှု တွေကို ပြသတဲ့ ခေတ်ပေါ် စကားလုံးတိုလေးတစ်ခုပါ။
ဒါကို မန့်တွေ၊ ပို့စ်တွေမှာ ရိုက်လိုက်ရင်တော့ အသဲလေးတွေ တလက်လက်နဲ့ ပေါ်လာပြီး XOXO စာလုံးလေးဟာလည်း သာမန်နဲ့မတူတဲ့ အသဲနီရောင်လေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

BFF ဆိုတာကတော့ အကောင်းဆုံးအဆွေခင်ပွန်းလို့ ဆိုလိုတာဖြစ်ပြီး မိန်းကလေးတွေအတွက်တော့ ခင်ပွန်းချစ်သူကို ဖော်ကျူးတဲ့ အင်္ဂလိပ်စာလုံးတိုလေးပေါ့။
ဒါကို ရိုက်ကြည့်လိုက်ရင်တော့ လက်ခုပ်တစ်စုံပေါ်ထွက်လာပြီး သာမန်စကားလုံးတွေလို အမဲရောင်မဟုတ်တဲ့ အစိမ်းရောင် BFF စာတမ်းကို မြင်ရပါလိမ့်မယ်။

အခုဖော်ပြခဲ့တာကတော့ မိုဘိုင်းဖုန်းတွေပေါ်မှာ မြင်ရမယ့်ပုံသဏ္ဍာန်လေးတွေပဲ ဖြစ်ပါတယ်။ PC ကွန်ပျူတာတွေပေါ်မှာတော့ ပိုမိုမြိုင်ဆိုင်စွာနဲ့ မြင်တွေ့ရပါလိမ့်မယ်။

အလင်းမျက်ဝန်းက စမ်းသပ်ရာမှာတော့ Comments နဲ့ Posts တွေပေါ်မှာပဲ အသုံးပြုလို့ရပါတယ်။ လောလောဆယ်မှာတော့ Messenger တွေမှာ ဒီနည်းပညာကို အသုံးပြုလို့မရသေးဘူးလို့ ထင်ပါတယ်။

အမေရိကန်အခြေစိုက် ကမ္ဘာကျော် နည်းပညာသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ Mashable ကတော့ ဒီနည်းပညာကို hidden Easter eggs (ဝှက်ထားတဲ့ဥများ) လို့ အမည်ပေးထားပြီး “rad” “lmao” “thank you so much” အစရှိတဲ့စကားလုံးလေးတွေကိုလည်း အခုလို ထူးထူးခြားခြားလေးတွေ မြင်လာရနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပေမဲ့ အလင်းမျက်ဝန်းရဲ့ စမ်းသပ်မှုတွေအရတော့ လတ်တလောမှာ မရသေးပါဘူး။

အချို့သော ဖေ့စ်ဘွက်စာမျက်နှာတွေကတော့ ဒီနည်းပညာအကြောင်း မသိသေးတဲ့သူတွေကို “ အကောင့်လုံခြုံမှုရှိမရှိစစ်ဆေးနည်း ” ဆိုတာမျိုး ခေါင်းစဉ်တပ်ဖော်ပြပြီး ရေးလိုက်တဲ့စာလုံး နီနေရင် မလုံခြုံဘူး၊ စိမ်းနေရင် လုံခြုံတယ်၊ ဝါနေရင် စိတ်မချရဘူးဆိုတာမျိုးတွေ ရေးသားကာ လူတွေကို သိမ်းသွင်းစွဲဆောင်ကြတာမျိုးတွေလဲ ရှိတတ်ပါတယ်။

IDU-001/18 © အလင်းမျက်ဝန်း

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat