ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

နေပြည်တော်တ၀ိုက်တွင် 969 များ လှုံ့ဆော်မှု စတင်ပြီ

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၈) ရက် | TEOL

969 ဆရာတော်တစ်ဦး
နေပြည်တော်ဒေသတ၀ိုက်တွင် 969 အကြမ်းဖက်ဂိုဏ်း၏ အကြမ်းဖက်ရန်
လှုံ့ဆော်မှုများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

`အခုပဲ ရာဇဌာနီလမ်းမှာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ ဘုန်းကြီးတွေရော၊
အရပ်သားတွေရော လိုက်ဝေတယ်။ စတေကာတွေ အခွေတွေပေးတယ်။
ကုလားဆိုင်ဆို ရှောင်ရမယ်။ ကြားလား။ ဗုဒ္ဓဘာသာမှန်ရင် ဒါကပ်ထားလို့
ပြောသွားတယ်´ နေ့(၁၂း၃၀)အချိန်က ပျဉ်းမနားမြို့၊ ရာဇဌာနလမ်းရှိ
ကုန်မာဆိုင်တစ်ခုမှ ၀န်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

`သမီးတို့ဆီတော့ စောစောန ဘုန်းကြီးတွေ ၀င်လာတာ တွေ့ပါတယ်။ ဆိုင်ရှင်နဲ့တွေ့ပြီး စကားတွေဘာတွေပြောနေတာတော့ တွေ့တယ်။ ဘာလဲတော့မသိဘူး။ ဆိုင်ရှင်ကို ပေးတယ်။ ဆိုင်ရှင်ကလည်း ဘာတွေလဲ
မသိဘူး ပြန်ပေးလိုက်တယ်။ ဒီလိုပါပဲ။ ဖောက်သည်ကတော့ ရှိပါတယ်။ နဲနဲတော့ ပါးတာပေါ့။ ဒီ ပြဿနာတွေကြောင့်လို့တော့ ထင်တယ်။ သမီးတို့ဆီကတော့ လူကြီးတွေရယ်၊ တရုတ်သူဌေးတွေရယ် လာတာက များပါတယ်။ မွတ်စလင်မ်တွေကတော့ လာပါတယ်။ အရမ်းတော့ မရှိဘူးရှင့်။ သူတို့ဘာသာရေးက ဒါမျိုးတွေ အပျော်မကျူးရဘူးလေ။ ဗမာတွေလဲ လာပါတယ်။ ပန်းရံသမားတွေ၊ ကယ်ရီသမားတွေ သိပ်ရိုင်းတယ်။ သူတို့နဲ့ဆို တွဲမလုပ်ချင်ဘူး။ ရိုင်းတယ်။ ကိုယ်က သူတို့လူမျိုးမဟုတ်
တော့ သီးခံရတာပေါ့။´ ရာဇဌာနီလမ်းအနီးရှိ KTV ဖျော်ဖြေရေးတစ်ခုမှ တိုင်းရင်းသူ ၀န်ထမ်းတစ်ဦးကို ဆက်သွယ်
မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ယခုကဲ့သို့ လှုံ့ဆော်မှုများအား မြို့ပြအနီးရှိ ကျေးလက်များတွင် မိတ္ထီလာအကြမ်းဖက်မှု ဖြစ်ပွားစဉ်ကတည်းက လုပ်ဆောင်
နေခြင်းဖြစ်ပြီး စနစ်ကျ ပီပြင်စွာဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့ခံတစ်ဦးမှ အလင်းမျက်ဝန်းသို့
ပြောကြားပါတယ်။

969 ဂိုဏ်းမှ မိတ္ထီလာမြို့တွင်
အကြမ်းဖက် သတ်ဖြတ်နေပုံ
`969 တွေဟာ မိတ္ထီလာဖြစ်ကတည်းက ဘယ်က ဘယ်လိုရောက်လာမှန်း မသိ
ပါဘူးဗျာ။ ပုရွက်ဆိတ်ကုန်း၊ ရွာသစ်၊ ရှမ်းစုလေး၊ ကျိန်အင်း ရွာတွေမှ အများ
ကြီးပဲဗျာ။ အဲ့ဒီနေရာတွေမှာ ဗွီဒီယိုရုံတွေ၊ ရပ်ကွက်ရုံးတွေကနေ
အော်အော်ပြီး မိတ္ထီလာမှာ ဘုန်းကြီးကိုသတ်တယ်။ မြို့ပေါ်က ကုလားတွေကို
ချေမှုန်းဖို့ အသင့်ပြင်ကြပါ။ ဒါတွေအော်တယ်။ ဘယ်အုပ်ချုပ်ရေးမှူး၊ ဘယ်တာဝန်ရှိသူကမှ မတားကြဘူး။ ကျနော်က ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဒါမျိုး အကြမ်းဖက်တာတွေကိုတော့ ဆန့်ကျင်တယ်။ 969 လဲအလကားပဲဗျ။ လူထွင်တာ။ ဘုရားဟောတာ မဟုတ်ဘူး။ ဘုရားကို အိမ်ဦးခန်းမှာ ပူဇော်ကန်တော့ထားတယ်။ သံဃာကတော့ ရိုသေသင့်တဲ့သံဃာတွေပဲ ရှိခိုးတယ်။ ပြောချင်တာပြောပါစေဗျာ။ လူသတ်တဲ့ကောင်တွေကိုတော့ အိမ်ဦးခန်းခေါ်ပြီး ဦးခိုက်တာေ-ာက်ရူးအလုပ်ဗျ။ အခုလဲ ဒီသတင်းကြားနေတာ ကြာပါပြီ။ ဘာ 969 လဲ။ ဗုဒ္ဓကိုေ-ာက်ရှက်ခွဲနေတဲ့ကောင်တွေ။ ကျနော်ကတော့ လက်မခံဘူး။ မနေ့ညက သမီးက အဲ့ဒီဘက်ကနေ (ရာဇဌာနီလမ်း) ဥပ္ပါတဘုရားမှာ မွေးနေ့အတွက် ကန်တော့ပြီး ပြန်ရောက်တော့ ပြောတယ်။ ဒီကောင်တွေ လိုက်ထရပ်ကားနဲ့ကို ရောက်နေတာတဲ့။ ညပိုင်းထိကို လွတ်လွတ်လပ်လပ်ပဲ လှုပ်ရှားနေတာ အံ့သြပါရဲ့။ ဒီလောက်လူတွေသတ်နေတာကိုလဲ ဘယ်ကောင်ကမှ အခုထိ မတားကြသေးဘူး။ ကျုပ်တို့ဗမာကတော့ ကမ္ဘာမှာ
ေ-ာက်ရှက်တွေက ကွဲပြင်းရင် ဆက်ကွဲနေတုံးပဲ´ ပျဉ်းမနားမြို့နယ်ရှိ တည်းခိုခန်းပိုင်ရှင်တစ်ဦးမှ ပြောပြသွားတာ ဖြစ်ပါတယ်။

969 အကြမ်းဖက်ဂိုဏ်း၏
တရားမ၀င်ခေါင်းဆောင် ၀ီရသူ
တောင်အာရှဒေသရှိ အစ္စလာမ်ဘာသာဝင်အချို့မှ `အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏´ဆိုသော စာတန်းအား ဂဏန်းအချက်ပြသင်္ကေတဖြစ်သော ၇၈၆ ဂဏန်းအား အားကျပြီး သာသနာရေးဝန်ထမ်းတစ်ဦးမှ 969 ဂဏန်းအား တည်ထွင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ၀န်ထမ်းသည် ဖြူဖြူချောချော ထောင်ထောင်
မောင်းမောင်း မျိုးကောင်း မျိုးသန့် ကုလားမညီမနှစ်ယောက်အား တပြိုင်တည်း လက်ထပ်ထားသူဖြစ်ကြောင်းနှင့် မိတ္ထီလာတွင် လုပ်ပြလိုက်ခြင်းကြောင့် သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ထက်ပင် မွတ်စလင်မ်များမှာ မိမိအား ပို၍ ကြောက်ရွံ့သွားကြကြောင်း၊ မွတ်စလင်မ်များဟာ တကယ်လုပ်ပါက အလံဖြူထောင်၍ လက်မြှောက်က အရှုံးပေးကြကြောင်း အစရှိသည်များအား မန္တလေးမြို့နေ ၀ီရသူမှ ဧပြီလ (၂၂)ရက်နေ့က ဘားအံမြို့တွင်ပြုလုပ်သော 969 အကြမ်းဖက်ဂိုဏ်း၏ အကြမ်းဖက်ဝါဒပြန့်ပွားရေး လှုံ့ဆော်ပွဲတွင် ထည့်သွင်း
ပြောကြားခဲ့ပါတယ်။

ယခုကဲ့သို့ ဘာသာတရားတစ်ခုအပေါ် ပြောင်ပြောင်တင်းတင်း စော်ကားနေပြီး လူသတ်အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများအား လွတ်လပ်စွာ ပြုလုပ်နေခြင်းအပေါ် နိုင်ငံတကာမှ သမ္မတဦးသိန်းစိန်
အစိုးရအပေါ် မေးခွန်းထုတ်ခြင်းခံခဲ့ရသော်လည်း ပကတိအခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖုံးအုပ်၍ ငြင်းကွယ်နေဆဲသာဖြစ်တာကြောင့် HRW ၏ ဘာသာရေးအခြေပြုအကြမ်းဖက်မှုများတွင် အစိုးရပါ
ဝင်ပတ်သက်နေသည်ဟူသော စွတ်စွဲချက်အား ပိုမိုလေးနက်သွားစေကြောင်း လေ့လာသူများက သုံးသပ်နေကြပါတယ်။
နေပြည်တော် စီဂျေအဖွဲ့

အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com
Newer Post
This is the last post.

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat