2014

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

Hadis_Tafseer-0001

အကြင်သူသည် ဤလူ့လောက၌ အလ္လာဟ်အရှင်မြတ်သခင် သတ်မှတ်ပေးတော်မူထားသည့် အုပ်ချုပ်မင်းလုပ်သူ အစိုးရအပေါ် ဂုဏ်ပေးလေးစားသမှု ပြုခဲ့မည်ဆိုပါက အရှင်မြတ်သခင်ကလည်း ထိုသူ့ကို ကိယာမသ် (ကမ္ဘာ့တရားခွင်) နေ့တွင် ဂုဏ်အဆင့်အတန်း ချီးမြှင့်ပေးသနားတော်မူပေလိမ့်မည်။

အကြင်သူသည် ဤလူ့လောကတွင် အလ္လာဟ်အရှင်မြတ်သခင် ချီးမြှင့်ပေးသနားတော်မူထားသော အုပ်ချုပ်မင်းလုပ်သူ အာဏာရအစိုးရ၏ ဂုဏ်သိက္ခာအပေါ် ကျူးလွန်စော်ကား ချိုးဖောက်ခဲ့လျှင် ထိုသူ့ကိုလည်း ကိယာမသ်နေ့၌ သေးသိမ်သောအဖြစ်ကို ပြန်လည်ခံစားရစေလိမ့်မည်။

တမန်တော်မြတ်ကြီး صَلَّي اللهُ عَلَيْهِ وَسَلَّمْ ၏ မိန့်မှာချက်ကို သာဝကတော်ကြီး အဘူဘကရ် رَضِيَ اللهُ عَنْهُ က ပြန်လည်၍ ပြောပြခဲ့သည့် သွဗ်ရာနီကျမ်းလာ ဟဒီးဆ်တော် ဖြစ်ပါသည်။

[update title="ဟဒီးဆ်မျက်ဝန်းကဏ္ဍနှင့်ပတ်သက်၍" icon="info-circle"]ဟဒီးဆ်မျက်ဝန်းကဏ္ဍကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေပါသည်။ ဤကဏ္ဍနှင့်ပတ်သက်၍ စာမူများနှင့် ဝေဖန်အကြံပြုချက်များ ပေးပို့လိုပါက alinmyetwyun@gmail.com သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
[/update]

အလင်းမျက်ဝန်းမှ ယခုရက်ပိုင်းတွင် အထွေထွေ ပြောင်းလဲ ပြင်ဆင်မှုများ ပြုလုပ်နေပါသည်။

ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပြီးစီးသည့်နောက်ပိုင်းတွင် ထူးခြားသော တင်ဆက်မှုများနဲ့ မိဘပြည်သူများအား ထုတ်လွှင့်တင်ဆက်သွားနိုင်ရန် စီစဉ်နေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သို့ပါ၍ ယခုရက်ပိုင်း ပို့စ်များ တက်မလာနိုင်ပါက အနည်းငယ် သီးခံပေးကြပါရန် အလင်းမျက်ဝန်း နည်းပညာအဖွဲ့မှ မေတ္တာရပ်ခံအပ်ပါတယ်။

ကမ္ဘာပေါ်မှ လူအားလုံး အသုံးပြုနိုင်ရန် Facebook Inc (FB.O) က ဒေါ်လာဘီလျံနှင့်ချီ သုံးစွဲ သွားမည်ဟု ဖေ့စ်ဘွတ်၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇက်ကာဘာ က ပြောကြားသည်။

“ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ကမ္ဘာပေါ်က လူတွေ တစ်ဦးနဲ့ ချိတ်ဆက်နိုင်ဖို့ပါပဲ။ ဒီလိုအခြေ အနေဖြစ်လာဖို့ ဖေ့စ်ဘွတ်အနေနဲ့ လာမယ့်ဆယ်စုနှစ် အတွင်းမှာ ဒေါ်လာ ဘီလျံနဲ့ချီသုံးစွဲ လိုက်ရင် ရေရှည်မှာ ကျွန်တော်တို့အတွက်ရော ကမ္ဘာကြီးအတွက်ပါ ကောင်းသွားမှာပါ” ဟု ဇက်ကာဘာက ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် ကမ္ဘာပေါ်၌ အင်တာနက်အသုံးပြုသူ ၃ ဘီလျံအထိ ရှိလာနိုင်ကြောင်း International Telecommunications Union (ITU) က ထုတ်ပြန်ထား သည်။ ၎င်းတို့အနက် ၁ ဒသမ ၃ ဘီလျံခန့်မှာ ဖေ့စ်ဘွတ်အသုံးပြုသူများဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီဖြစ်လာသည့် ဖေ့စ်ဘွတ်က ဖုန်းအော်ပရောတာများနှင့် ပူးပေါင်းကာ အာဖရိကနှင့်အာရှတိုက်များတွင် အင်တာနက် အသုံးမပြုနိုင်သူများအတွက် Internet.org ကို ၂၀၁၃ ခုနှစ်အတွင်းက စတင်ခဲ့ပြီး ဘီလျံနှင့်ချီသော လူများ ဆက်သွယ်နိုင်ရန် ကြိုးပမ်းခဲ့သည်။

“အင်တာနက်ကို လူတိုင်းအသုံးပြုနိုင်မယ်ဆိုင် ကျွန်တော်တို့အားလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမို တိုးတက်လာစေနိုင်ပါတယ်” ဟု ဇာကာဘာ က ပြောကြားခဲ့သည်။

မဇ္ဈိမ

 ဓာတ်ပုံရှင်းလင်းချက် 
» အလင်းမျက်ဝန်း၏ Facebook စာမျက်နှာအား ဖတ်ရှုနေသူတစ်ဦး (ဓာတ်ပုံ - မမ | အလင်းမျက်ဝန်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘသာရေးအဖွဲ့ကြီးမှ ဦးစီးတဲ့ ၂၀၁၄ ခုနှစ် ဟဂ်ျခရီးစဉ်အတွင်း လိုက်ပါကြမည့် ဟာဂျီ (၂၈၀) ဦးနှင့်ပတ်သက်၍ မဲရွေးချယ်မှုအတွင်း မသမာမှုများ ရှိနေတယ်လို့ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း အဆိုပါ မသမာမှုများနှင့်ပတ်သက်၍ အထောက်အထား တိကျစွာဖြင့် ဖော်ထုတ်တိုင်ကြားနိုင်တယ်လို့ တာဝန်ရှိသူတစ်ဦးက အလင်းမျက်ဝန်းသို့ အလွတ်သဘော ပြောဆိုလိုက်ပါတယ်။

ယခုနှစ် မဲဟာဂျီများခရီးစဉ်နှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနမှ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသို့ ယတိပြတ် လွှဲအပ်ခဲ့ပြီးနောက်ပိုင်း ထူးခြားသည့် အပြောင်းအလဲများကို ယင်းအဖွဲ့မှ ပြုလုပ်နိုင်ခဲ့သည့်အနက် ဈေးနှုန်းအား ထူးခြားစွာ ကျဆင်းသွားအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

သို့သော်လည်း ဈေးနှုန်းလျော့ကျမှုကို အခြေခံ၍ လူလတ်တန်းစားအများအပြားမှ စိတ်ဝင်စားလာကြပြီး ဟဂ်ျခရီးစဉ်အား လိုက်ချင်သူ များပြားလာခြင်းကြောင့် မသမာမှုများလည်း ဆက်စပ်၍ ပေါ်ပေါက်လာနေတယ်လို့ ဟဂ်ျအေးဂျင့်လောကအတွင်းမှ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

အများရှေ့မှာ ပွင့်လင်းမြင်သာစွာနဲ့ မဲများကို ရွေးချယ်ပေးမှာဖြစ်လို့ ယခုလို မသမာသည့် ငွေပေးငွေယူများမှာ အကျုံးဝင် အရာရောက်မှာ မဟုတ်ကြောင်း၊ ပေးထားရသူများအနေဖြင့်လည်း အထောက်အထားများဖြင့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ပေးထားသည့် Letter Head ပေါ်ရှိ ဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဝဏ္ဍရွှေက အလင်းမျက်ဝန်းသို့ ပြောပါတယ်။
လာမည့် သြဂုတ်လ (၂၃) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်းရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံး၌ ဟာဂျီလောင်း (၂၈၀) အား မဲနှိုက်ကာ ရွေးချယ်သွားမှာဖြစ်ပြီး၊ ရွေးချယ်ရန် နှစ်ရက်သာလိုတော့သည့်ကာလအတွင်း (၂၂) သိန်းခွဲသာ ကျသင့်မည့် မဲဟာဂျီများ၏ မှောင်ခိုဈေးကွက်မှာလည်း သိန်းလေးဆယ်နီးပါးအထိ ရှိလာနေပြီဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက် အမည်မဖော်လိုတဲ့ ဟဂ်ျအေးဂျင့်တစ်ဦးက အလင်းမျက်ဝန်းသို့ ပြောပြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ယခုနှစ် မဲဟာဂျီလျှောက်လွှာများ စတင်ခေါ်ယူစဉ်ကတည်းက အပိုဒ်(ဌ)တွင် မည်သည့်အပိုကြေးမှပေးရန် မလိုကြောင်းနှင့် တောင်းခံမှုများကို တိုင်ကြားရန် ထုတ်ပြန်ထားသော်လည်း မည်သို့တိုင်ကြားရန် မပါရှိခြင်းကြောင့် ယခုလို မှောင်ခိုဈေးကွက်များ ကြီးမားလာရတာဖြစ်တယ်လို့ လေ့လာသူတို့က မှတ်ချက်ပေးကြပါတယ်။

အစ္စလာမ်သာသနာရေးရာကောင်စီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးလွင်မှ အလင်းမျက်ဝန်းသို့ အလွတ်သဘော ပြောကြားရာမှာတော့ မသမာမှုများရှိလာပါက လျှောက်လွှာခေါ်ယူသည့် အကြောင်းကြားစာပါ ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်၍ တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကတော့ ၀၉၅၁၇၈၆၀၆၊ ၀၉၅၁၃၇၇၀၄၊ ၀၉၃၃၃၄၃၁၆၉၊ ၀၉၅၁၂၈၆၄၉၊ ၀၉၅၁၆၂၆၀၃ များဖြစ်တယ်လို့ ၎င်း၏ပြောကြားချက်အရ သိရှိရပါတယ်။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ချပြထားသော ဖုန်းနံပါတ်များသို့ ဆက်သွယ်မှုနှင့်ပတ်သက်၍ အခက်အခဲများရှိနေပြီး၊ ပိုမို၍ လူထုအတွက် ၀န်ဆောင်မှုကောင်းများပေးကြရန်ကိုလည်း လူထုက မျှော်လင့်နေကြပါတယ်။

" သူတို့ဆက်လို့ရတယ်လို့ ပေးထားတဲ့ ဖုန်းနံပါတ်တွေကို တိုင်ဖို့မပြောနဲ့ ဟဂ်ျနဲ့ပတ်သက်ပြီး မသိတာလေးမေးဖို့ ဖုန်းဆက်မိရင်တောင် ငေါက်လား ငမ်းလားတွေ၊ ခပ်ရင့်ရင့်နဲ့ မေးမြန်းခံရတာတွေက ရှိနေတယ်။ တစ်ချို့ဖုန်းတွေက ပိတ်ထားတယ်။ လူအများစုက နယ်သူနယ်သားတွေဖြစ်ကြတော့ သူတို့မှာ နဂိုကတည်းက ရိုးသားမှုနဲ့ အားငယ်စိတ်အခံတွေက ရှိနေကြတယ်။ အကြောင်းတစ်ခုခုကြောင့် ဖုန်းဆက်ရင် ဆက်မပြောရဲလောက်အောင်ကို ခပ်ရင့်ရင့်တွေ မေးမြန်းတာတွေဟာ မဖြစ်သင့်တော့ပါဘူး။ သူတို့က ဒါတွေကိုစပြီး ပြင်ဆင်လိုက်တော့မှ လူထုရှေ့မှာ ယုံကြည်မှု တည်ဆောက်နိုင်မှာပေါ့။ " သာသနာ့ပညာရှင်တစ်ဦးက ၎င်း၏အမြင်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ မဲဟာဂျီများ ရွေးချယ်မှုအတွင်း အဂတိလှိုက်စားမှုများမှာ တာဝန်ရှိသူအချို့ ပါဝင်ပတ်သက်မှုများ ရှိခဲ့တယ်လို့ စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သော်လည်း လက်ရှိအချိန်မှာတော့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် မဲဟာဂျီများရွေးချယ်မှုအတွင်း မသမာမှုများ ဖြစ်မလာရအောင် အသေအချာ ကိုင်တွယ် လုပ်ဆောင်နေကြတယ်လို့ လေ့လာသူများက မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။

ခေဋီဈက်အို | အလင်းမျက်ဝန်း

 ဓာတ်ပုံရှင်းလင်းချက် 
» ၂၀၁၃ ခုနှစ် ဟဂ်ျခရီးစဉ် သွားရောက်ခဲ့ကြသည့် မြန်မာနိုင်ငံသား ဟာဂျီနှင့်ဟာဂျီမကြီးတို့အား ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယဉ်မတတ်မီ တွေ့မြင်ရပုံ။ (ဓါတ်ပုံ - TKKO | အလင်းမျက်ဝန်)

ယခုလက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ တိုင်းပြည်အတွက် ယုံကြည်ကိုးစားရဆုံး လူထုခေါင်းဆောင်နှင့်တကွ ရှစ်လေးလုံး အရေးတော်ပုံမှ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီ လိုလားကြသူများက အဖျက်အဆီး အနှောင့်အယှက်မျိုးစုံကြားက ၂၀၁၅-မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာအောင် တစိုက်မတ်မတ်လုပ်နေကြချိန်မှာ အချို့သော ပြည်သူများကလည်း မပြောင်းလဲသော စိတ်ဓာတ်၊ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာနေတာကွဆိုတဲ့ ဂုဏ်ပုဒ်ကြီးတွေနဲ့မှမတန်၊ စည်းလွတ် ဘောင်လွတ် ထင်တိုင်းကြဲနေကြတာတွေကို အပြစ်တင်ဖို့ထက် မြင်ရ စိတ်မချမ်းမသာ၊ မရေးရမနေနိုင်အောင် ကရုဏာဒေါသောဖြင့် ပြုပြင်စေလိုတဲ့ စိတ်ရင်းအမှန်ဖြင့် ရေးသားပါသည်။

လူထုခေါင်းဆောင်နှင့်တကွ စာပေပညာရှင်များကလည်း လူငယ်တွေ စာဖတ်ကြဖို့ တိုက်တွန်းလိုက်ရတာလည်း အမော၊ လူထု ခေါင်းဆောင်ရဲ့ ရှစ်လေးလုံးကာလ အသက် ၄၃-နှစ်မှသည် ပြုပြင်ပြောင်းလဲဖို့ အခြေခံ အဓိကအချက်ဖြစ်တဲ့ စည်းကမ်းရှိပါ၊ ညီညွတ်ကြပါဆိုတဲ့ ပြောစကားသည် ယခုအသက် ၆၉-နှစ်သို့သာ ရောက်ခဲ့ပြီ။ အချို့ပြည်သူအများစု စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် ဘာတစ်ခုမှ မပြုပြင်သေးပါ။ နိုင်ငံရေးဆိုတာ ဘာလဲလို့ ဒေါ်အောင်ဆန်းစုကြည် အကျယ်တ၀င့် ရှင်းပြထားပြီးသား။ ယခု ပြောလိုသည်နှင့် သက်ဆိုင်တာကိုသာ ပြောပါမည်။ နိုင်ငံရေးဆိုတာ ကိုယ်က မကြိုက်တဲ့အစိုးရကို ဆန့်ကျင်တာကို ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံရေးဆိုတဲ့ ထီးအရွက်မိုးကြီးအောက်မှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးရှုထောင့်မှ ထင်ဟပ်နေတဲ့ မြို့ပြ၊ ကျေးလက်ဆိုတာတွေ အသာထား ရန်ကုန်မြို့လယ်ခေါင် တိုက်ခန်းပေါ်မှ ပြည်သူများ၊ မြို့လယ်ခေါင် အမှီပြုပြီး စီးပွားလာရှာသော ဈေးသည်များ အင်မတန် အကျည်းတန်ပါသည်။

လိုချင်တာကအမြင့် နေထိုင်ပြုမူပုံများက နိမ့်ကျစွာနှင့်တော့ လူထုခေါင်းဆောင်လည်း ကယ်နိုင်မှာ မဟုတ်သလို အသက်ကိုစတေး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ထောင်ကျကျောင်းသား/သူ တွေလည်း အဆိပ်ပင်ကို ရေလောင်းမိသလိုသာ " ဆင်းရဲသားတစ်ယောက်ကို သူဌေးဆယ်ယောက် ကယ်လို့ မရဘူး " ဆိုတာ ဒီလိုဆင်းရဲတဲ့နိုင်ငံက စည်းမရှိ လူ့ကျင့်ဝတ်မသိသူတွေကို ပြောခြင်းပါ။

မြို့လယ်တိုက်ခန်းပေါ်မှာနေသော အိမ်ရှင် (သို့) အိမ်ငှားများ ဒီခေတ်မှာ ပညာပေးပြောဆိုမှုတွေကြားက လမ်းကြားသို့ အမှိုက်ပစ်ချခြင်းက လွန်လှပြီ။ အိမ်ရှေ့ လူသွားလမ်းပေါ်ကို အပေါ်ထပ်များမှ အမှိုက်ထုပ် ပစ်ချခြင်းမှာ တွေးလို့ပင် မရအောင် အဘယ်သို့သော သွန်သင်ဆုံးမမှု နည်းစနစ်မျိုးနှင့် ကြီးပြင်းခဲ့သနည်း။ ကွမ်းတံတွေးများ တိုက်ခန်းလှေကားနံရံတွေမှာ ထွေးခြင်း၊ လမ်းကြားကို အမှီပြုပြီး အဟောင်းမှန်သမျှ ၀ယ်တဲ့ဆိုင်က ရှိသမျှ အစုတ်အပြတ် လမ်းကြားထဲ သိုလှောင် ဖြန့်ကျက်ထားခြင်းက စက်မှုဇုန်အလား၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ပူးပေါင်း စားသောက်ပြီး လုပ်ကိုင်ခွင့်ပေးထားသည်မှာ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ်ပွားများရေး စီမံချက်အလား၊ မြန်မာနိုင်ငံမှ အုတ်ထရံများ သနားစရာ၊ အချို့သော အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားသားများ အုတ်ထရံ မြင်လို့မရပါ။ မြို့လယ်မှာ လူသူမရှောင် သေးပန်းခြင်းစရိုက်များ။

ပိုဆိုးသည်က အနာဂတ်မျိုးဆက်သစ်များကို မွေးဖွားပေးမည့် ပုခက်လွှဲသောလက်ပိုင်ရှင်များ၏ လစဉ်သုံး အတွင်းပစ္စည်း လူသွားလမ်းပေါ်မှာ အရဲသား။ မြို့လယ်ကို အမှီပြု အသက်မွေးဝမ်းကျောင်းတာကို နားလည်ခံစားပေးနိုင်သည်။ သို့သော် မရှိဆင်းရဲလို့ ကိုယ့်အကျိုးအတွက် ငွေရှာပြီး ပရမ်းပတာ ရှုပ်ပွသွားမှုများ၊ မနက်ရောင်းမည့် အီကြာကွေးကြော်တဲ့ ဒယ်အိုးလမ်းထိပ်ထောင့်မှာ ထောင်ထား၊ မနက်ရေဆေး မဆေး မသိ၊ ညဘက် ဘီယာဆိုင်အပြန် လူကြီးမင်းများ၊ ကြောင်၊ ခွေးများ သေးပန်းတာမြင်နေရ စားသုံးမှုများ၏ ကျန်းမာရေးကတော့ အကြော်ခံဆီနှင့် အပြင်းစား အက်ဆစ်ဓာတ်ပေါင်းပြီး သက်တမ်းရှည်မှာ မြင်ယောင်မိ၊ မြို့လယ်ခေါင်ရဲ့ အရှင်သခင် တစ်ပါး  စည်ပင်မှ သန့်ရှင်းရေး ၀န်ထမ်းတို့ရဲ့ လမ်းတွင်းကားရပ်နားဘက်ခြမ်း အမှိုက်လှည်းဖို့ လိုင်စင်မရလို့ဖြစ်တည်နေသော သမိုင်းဝင် ကျောက်ဖြစ် ရုပ်ကြွင်း၊ အမှိုက်များ၊ ကိုယ်ပိုင်တောင့်တင်းသော စီးပွားရေးလုပ်ငန်းတွေက ရှိပြီးသား။

သို့သော် ရပ်ကွက်နေ မိဘများကို မေတ္တာရှေ့ထားပြီး သကြားလိုချိုသော အသီးအနှံတွေကို ထိုက်တန်တဲ့ဈေးထက် လျှော့ရောင်းပေးဖို့ ကျေးဇူးရှင် တရုတ်မှ တင်သွင်းသော အော်လံကြီးနှင့် ရပ်ကွက်နေ သက်ကြီးရွယ်အို နာမကျန်းသူတွေကိုမှ အားမနာ အော်ဟစ်ရောင်းချနေသော ဈေးသည်များ စသဖြင့် မြို့လယ်ခေါင်အလှ ပသာဒများ တင်ပြရလျှင် ကုန်အံ့မထင်။

လူငယ်တွေ စာဖတ်ရုံနှင့်မပြီးဟု ထင်ပါသည်။ ထိုလူငယ်တွေကို မွေးဖွားပေးလိုက်သော နေ၀င်းအစိုးရမှ စစ်အစိုးရ သက်တမ်းတွင် မသေလို့ ကျန်နေသူမိဘများ၊ လူငယ်ဘ၀မှာတင်မဟုတ် လူကြီးဘ၀မှာလည်း စာပေဖတ်ရှုလေ့လာသင့်သည်။ စည်းကမ်းညီညွတ်ခြင်း ဆိုတာကို ကြီးကြီးကျယ်ကျယ် တိုင်းပြည်အတွက် လုပ်ဖို့ ခဏနေပါ၊ မိမိအိမ်တွင်းမှတစ်ဆင့် ရပ်ကွက်၊ ထိုမှသည် ကျယ်ပြောသော နိုင်ငံ့ တာဝန်သို့ စည်းကမ်းရှိရှိ၊ ညီညွတ်သောအပြုအမူ၊ ကျယ်ပြောသောအမြင်၊ မြင့်မြတ်တဲ့စိတ်ထားရှိမှ ကိုယ်ကျရာ နေရာမှာ တာဝန်ကျေစွာ ထမ်းနိုင်မှာပါ။ "မင်းတုန်းမင်းနှင့် ငါးခြောက်ပြား" သင်ခန်းစာကို ငယ်စဉ်ကတည်းက စာပေမှာ လေ့လာဖတ်ရှုခဲ့ရမှာပါ။ သို့သော် ဖတ်သာ ဖတ်၊ လက်တွေ့မသုံး၊ အစိုးရက ဘာဖြစ်လို့ စီးပွားက မကောင်းလို့၊ တိုင်းပြည်ကရှုပ်ထွေးလို့၊ ဆင်းရဲလို့ ဆိုတဲ့ ဆင်ခြေတွေနဲ့ နေချင်သလို နေကြဦးမယ်ဆိုရင် စာတွေဖတ်လည်း မလုံလောက်ဘူးဟု ပြောခြင်းပါ။

အစိုးရမကောင်းလို့ လူနေမှုဘ၀ နိမ့်ကျသွားတာကို ထောက်ခံသည်။ သို့သော် မိမိရဲ့ ကိုယ်ကျင့်သိက္ခာ စည်းကမ်း၊ လူနေမှု အသိုင်း အ၀ိုင်း ပြောဆိုဆက်ဆံမှုတွေ နိမ့်ဆင်းသွားစရာ အကြောင်းမရှိ၊ ဘယ်သူမပြု မိမိမှု စာပေမတတ်လို့ ဗဟုသုတမရှိ၊ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကြောင့် စရိုက်လက္ခဏာ သေးသိမ်ရတာတွေကတော့ လောကနိယာမတရားအရ နေရာတိုင်းမှာ အဆိုးအကောင်း ဒွန်တွဲနေသည်။ လူကောင်းရှိသလို လူဆိုးရှိသည်။ သို့သော် လူကောင်းလိုလိုနှင့် စည်းပျက်ကမ်းပျက် လူတန်းစားတွေကြောင့် တရားသဘောအရ မိမိနဲ့ ထိုက်တန်တဲ့ အစိုးရကိုပဲ ရလိမ့်မယ်ဟူသော ပြောဆိုမှုတွေကို စိတ်မဆိုးဘဲ လက်ခံလိုက်ပါ။ ဒုက္ခဆိုတာကို ဗမာပြည်ထဲနေပြီး မသိသေးဘူး။ ဒီလိုပဲ ဆက်နေဦးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီအတွက် စတေးခဲ့ရသောသူများကို အားနာသင့်သည်။

အုပ်ချုပ်သူကောင်းမှ တိုင်းပြည်အေးချမ်းမယ်။ နိုင်ငံရေးထီးအရွက်မိုးကြီးအောက်မှ ခေါင်းစဉ်များ၊ အဆင့်ဆင့် အကောင်းဘက် ဖော်ဆောင်နိုင်မှ တစ်ဦးချင်းစီ နေချောင်သာချောင် ရှိမယ်ဆိုတာတော့ တွေးထားပါ။ ခရိုနီလည်းမဟုတ်၊ ဖြတ်လေးဖြတ်ထဲ လူးလှိမ့်နေရတဲ့ ပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေ မမေ့သင့်ပါ။ ညီညွတ်မှုဆိုတာ ပါတီတွင်း ညီညွတ်နေလို့ချည်း မရပါ။ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း ယဉ်ကျေးသော ပြုမူဆက်ဆံခြင်းဖြင့် ညီညွတ်မှုကိုလည်း ထူထောင်ရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကျော်တောင် မနိုင်တာ ငါလိုကောင်ကတော့ ကောင်းကောင်းကြီး မေတ္တာပို့ခံရမယ်လို့ တွေးပြီးသား။ ဟုတ်ကဲ့၊ မေတ္တာပို့သူတို့၏ အရည်အသွေးပါပဲ၊ သို့သော် မြင်ကွင်းတော်တော် ရုပ်ပျက်နေပြီဖြစ်၍ ရှေ့ကို ဘယ်လိုပြောင်းလဲမှုတွေနဲ့ အကောင်းဆုံး "မူ" တွေ ချမှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လည်း "မူ" ကြိုက်သလောက်ကောင်း၊ "လူ" မကောင်းလို့တော့ ကမ္ဘာမှာ ဆက်ပြီး အံ့ဖွယ်အဖြစ်တွေနဲ့ ကျော်ကြားဦးမှာပါ။ ဂုဏ် သိက္ခာဆိုတာ ငွေကြေးဓန မဟုတ်၊ လူမှန်ရင် ဘာသာတရားဆုံးမမှုအောက်မှာ ကိုယ်ကျင့်သိက္ခာ ကောင်းစွာ စည်းကမ်းရှိနေထိုင်ပြုမူ ပြောဆိုခြင်း စိတ်ဓာတ်ကြီးမြင့်စွာ ထားနိုင်ခြင်းကို ဆိုလိုသည်။

ကောင်းမွန်သောအစိုးရနှင့် ပြောင်းလဲတိုးတက်တဲ့ တိုင်းပြည်ကို မျှော်လင့်လျှင် ပြောင်းလဲမှုကို လက်မခံသော အစိုးရနှင့် ခရိုနီများမှလွဲ၍ ကျန်သော ပြည်သူတစ်ဦးချင်းစီသည် အဘယ်သို့သော မှိုင်းတိုက်မှုကိုမျှ မှိုင်းအမိမခံဘဲ ငါတို့ကတော့ အကျင့်စရိုက်တွေ ဘယ်လို ပြုပြင် ပြောင်းလဲပြီးပြီလဲ။ ဆန်းစစ်ညီညွတ်သင့်ပါသည်။ ဒီစာကိုဖတ်ပြီး နိုင်ငံကြီးသား စိတ်ဓာတ်များ မွေးမြူလာနိုင်ကြပါစေ။ "ကိုယ်နေထိုင်တဲ့ အနေအထားမှာ ကိုယ့်အဆင့်ကို "စံ" သတ်မှတ်ပါ။" လူထုခေါင်းဆောင် အမေစုရဲ့ "မျှော်လင့်ချက်ဆိုတာ အလုပ်ပေါ်မှာ အခြေခံရပါမယ်" ဆိုတဲ့ စကားကို လက်ခံလိုက်နာရင်း အခြေခံမှသည် အထက်အမြင့်ဆုံးအဆင့်ထိ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်နှင့် ငြိမ်းချမ်းသာယာသော မြန်မာ ပြည်ကြီးအဖြစ် ပြောင်းလဲနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်။

ဒန်း ၊ အလင်းမျက်ဝန်း

 ဓာတ်ပုံရှင်းလင်းချက် 
» ရန်ကုန်မြို့လယ်ခေါင်ရှိ မင်္ဂလာဈေးအရှေ့ဘက် လူစီကားရာ ဗညားဒလလမ်းမကြီးနှင့် စက်ရုံလမ်းထောင့် မီးပွိုင့်ထိပ်တွင် ယဉ်စည်းကမ်းထိမ်းရဲကားတစ်စီးမှ စည်းကမ်းပျက်စွာ ရပ်နားထားသည်ကို ၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရှိရစဉ် (ဓာတ်ပုံ - TKKO | အလင်းမျက်ဝန်း)

၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့က စတင်ခင်းကျင်းခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးရဲ့မြို့တော်၊ ပဲခူးမြို့၊ မဇင်းရပ်ကွက်က မဇင်း(၁)လမ်းကို တာဝန်ရှိသူများက ပြီးဆုံးတိုင် ခင်းကျင်းပေးခြင်းမရှိဘဲ တစ်ဝက်တစ်ပြတ်နဲ့ထားခဲ့တာကြောင့် လမ်းသူလမ်းသားများက ပြီးဆုံးတိုင် ပြုပြင်ပေးစေလိုနေကြတယ်လို့ ဒေသခံ CJ ကတဆင့် သိရပါတယ်။

လမ်းပြုပြင်ခြင်းအား ပြီးဆုံးသွားပြီဖြစ်ကြောင်းကို ဒေသခံ CJ မှ လမ်းပြုပြင်ရေးကော်မတီနဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမောင်ချစ်ကို မေးမြန်းပြီးနောက် အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

လမ်းခင်းကျင်းမှု ပြုလုပ်ရန်အတွက် လမ်းပြုပြင်ရေးကော်မတီမှ လမ်းသူလမ်းသားများထံ အလှူငွေကောက်ခံခဲ့ပြီးနောက် ရရှိသည့်အလှူငွေများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ပေးအပ်ပြီးနောက် စည်ပင်သာယာရေးအဖွဲ့၏ အစီအစဉ်ဖြင့် ပြုပြင်ခဲ့တဲ့ မဇင်း(၁)လမ်းအား သြဂုတ်လ(၁၈) ရက်နေ့ တစ်ရက်တည်းနှင့် အပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါလမ်းသည် ပဲခူးမြို့ပေါ်တွင် သွားလာရေးအတွက် အရေးပါသည့်လမ်းဖြစ်ပြီး လမ်းထိပ်တွင် မီးပွိုင့်တပ်ဆင်ထားရသည့်လမ်းတစ်လမ်း ဖြစ်သော်လည်း စည်ပင်သာယာရေးအဖွဲ့မှ တစ်ခြမ်းသာ ကွန်ကရစ်ဖြင့် ပြုပြင်ခင်းကျင်းခဲ့တာကြောင့် မူလအတိုင်း နိမ့်ကျန်ခဲ့သည့် ကျန်တစ်ခြမ်းပေါ်တွင် မိုးရွာသွန်းမှုကြောင့် ရေများလျှံကာ ရေ၀ပ်ခြင်းများ ပေါ်ပေါက်နေတာကြောင့် သွားလာရေးအတွက် အခက်အခဲများဖြစ်ကြရတဲ့အပေါ် လမ်းသူလမ်းသားများက စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။

လမ်းတွင်းနေထိုင်သူတစ်ဦးဖြစ်တဲ့ ကိုခင်မောင်အေးမှ ဒေသခံ CJ အား ယခုလို ပြောပြသွားပါတယ်။

" ဒီလိုတော့ မလုပ်သင့်ဘူး။ ခင်းတာက နဲနဲလေးခင်းသွားတာ။ ရေထွက်ပေါက်ကို စနစ်တကျနဲ့ လုပ်ပေးရမှာပေါ့။ လမ်းကို ရပ်ကွက်အတွင်းက ဦးချစ်က ကမကထလုပ် အလှူခံပြီး စည်ပင်ကို အပ်လိုက်တာ။ စည်ပင်က ဒါကို သေချာ တွက်ချက်စဉ်းစားပြီး စနစ်တကျနဲ့ လုပ်သင့်တာ။ အခု ဒီနေရာမှာ ရေကြီးသလို ဖြစ်နေပြီ။ အခုလို ရေတွေဝပ်နေတဲ့လမ်းက ရေရှည်ရော ကောင်းနိုင်ပါ့မလား။ ဒါက လမ်းဆုံလမ်းခွကြီး ဖြစ်နေတယ်။ ရေတွေဝပ်နေတာက မီးပွိုင့်ထိပ်မှာ ဖြစ်နေတယ်။ အားလုံး သွားရေး လာရေးတွေ ခက်ခဲကုန်ကြရော"

အလ်ဇက် | အလင်းမျက်ဝန်း

 ဓာတ်ပုံရှင်းလင်းချက်
» စည်ပင်မှ တစ်ဝက်တစ်ပြတ် ခင်းကျင်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဇင်းရပ်ကွက်မှ မဇင်း(၁)လမ်းအား ယနေ့ မြင်တွေ့ရပုံ (ဓာတ်ပုံ - CJ ပဲခူး | အလင်းမျက်ဝန်း)


အပိုင်း (၂)

မူလတန်းပညာသင်ကြားရေး ဘာသာရပ်ဆိုင်ရာတွင် မိမိလူမျိုး၊ မိမိဘာသာစကားကို မတိမ်ကောအောင် အဓိက ထိန်းသိမ်းရမည်ကို လက်ခံသည်။ သို့သော် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ဖို့ရာ အင်္ဂလိပ်စာဘာသာရပ်ကိုလည်း အဓိက ဘာသာရပ် နေရာမှာ မထားဘူးဆိုရင် ယနေ့ရင်ဆိုင်ကြုံတွေ့နေရသော ပညာရေးအဆင့်မျိုးမှ ထူးခြားစွာ တိုးတက်လာဖွယ် မမြင်ပါ။ ယခုဆိုလျှင် ပုဂ္ဂလိက ပညာသင်ကျောင်းများစွာ ပေါ်ပေါက်လျက်ရှိရာ ထိုများစွာထဲမှ နာမည်ရ အခြေခိုင်နေသော ကျောင်းကြီးတွေ ရှိနေပါပြီ။ မူကြိုဘ၀မှာတင် Leadership ခေါင်းဆောင်နိုင်မှုပိုင်း အရည်အချင်းမှအစ သင်ကြားပေးပါသည်။ ထိုကျောင်းများမှာ ငွေကြေးအလွန်ကြီးမြင့်သလို တတ်ကျွမ်းမှုပိုင်းမှာလည်း မြန်မာအစိုးရကျောင်းမှကလေးများထက် အင်္ဂလိပ်စာ ပိုမို အရည်အသွေးမြင့်တာ တွေ့ရပါသည်။

ထိုအခြေအနေကိုကြည့်ပြီး မြန်မာအစိုးရအနေဖြင့် မိမိတိုင်းပြည် ကမ္ဘာ့အလယ်ဝင်ဆံ့ဖို့၊ အဆင့်မီပညာရေး ရရှိဖို့ဆိုရင် ပုဂ္ဂလိကကျောင်းကြီးတွေမှာ ဘယ်လိုဘာသာရပ်တွေ သင်ကြားနေသလဲ သိမှာပါ။ အစိုးရအနေနှင့် သင်ကြားသင့်သော မြန်မာစာ၊ ပြည်သူ့နီတိတို့ကို မြန်မာလိုသင်ကြားပြီး ကျန်ဘာသာရပ်များကို အင်္ဂလိပ်လို သင်ကြားနိုင်လျှင် ငွေကြေး မတတ်နိုင်သော မိဘများ၏ သားသမီးများပါ ပုဂ္ဂလိကကျောင်းများနည်းတူ အဆင့်မြင့် ပညာရေးကို တန်းတူ တတ်ကျွမ်းနိုင်ပါလိမ့်မည်။ အခြေခံပညာရေး အဆင့်မှာပင် အတော်လေး အင်္ဂလိပ်စာကို သိမှု များလာပါလိမ့်မည်။

အဓိကပြဿနာမှာ ဆရာ/ဆရာမများ ဆိုးရွားသော ပညာရေးကို နှစ်(၅၀)ကျော် ကျော်ဖြတ်ခဲ့ရသောဒဏ်ကြောင့် ကိုယ်တိုင် အဆင့်မီ မပြသနိုင်သော ဆရာ/ဆရာမများကို သင်တန်းပေးခြင်း၊ ပြသနိုင်သူများကို လစာပေးခ်ါယူ အလုပ်ခန့်ခြင်းများ ပြုလုပ်သင့်ပါသည်။ မြန်မာစာ အပါအ၀င် ဘာသာစုံ မြန်မာလိုဖတ်၊ အင်္ဂလိပ်စာ တစ်ခုတည်း အင်္ဂလိပ်လိုဖတ် ဆိုသောခေတ်ကြီးကို စွန့်လွှတ်သင့်ပါပြီ။ လက်ရှိ မပြောင်းလဲသေးသော သင်ကြားမှုပုံစံမှာ (၏၊ သည်) မရွေး ဖြေရခြင်းများ၊ သင်္ချာဘာသာရပ်တွင်လည်း အမှတ်ပေးစည်းမျဉ်း ကိုက်ညီသော တွက်နည်းဆိုလျှင် မည်သည့်နည်းနှင့် တွက်ပါစေ၊ အမှတ်ပေးရမည်ကို မပေးဘဲ တင်းကျပ်ခြင်းများ စွန့်ပစ်သင့်ပါပြီ။ အလွန်ရှက်စရာကောင်းသော လုပ်ရပ်များ စွန့်ပစ်ကြပါတော့။

(၄-၄-၂၀၁၄) ပညာရေးကွန်ရက် ရန်ပုံငွေ ဂီတပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် လူထုခေါင်းဆောင် ပြောကြားသွားတဲ့ မိန့်ခွန်းတွင်လည်း “ ကမ္ဘာကြီးနဲ့ယှဉ်ပြီး ရုန်းကန်ကြရမှာပါ။ ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာပဲ ကြည့်နေလို့ မဖြစ်ပါဘူး။ ဒီနိုင်ငံနဲ့ ပြည်သူပြည်သားများ တင့်တယ်ဖို့ မှန်ကန်တဲ့ စိတ်ထားတွေ၊ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေ၊ မှန်ကန်တဲ့ စံနှုန်းထားတွေ ရှိရပါမယ် ” စသည်ဖြင့် ဆရာ/ဆရာမများအတွက် အင်မတန်မြင့်မြတ်တဲ့၊ တန်ဖိုးရှိတဲ့ မိန့်ခွန်းစကားများ ပြောဆိုသွားပါသော်လည်း ယခုလက်ရှိ အချိန်အထိ နှလုံးသားမလှတဲ့ ဆရာ/ဆရာမများရဲ့ လုပ်ဆောင်ချက်များ ကြား/မြင်နေရဆဲကြောင့် စိတ်မသက်မသာ ဖြစ်ရပါသည်။

“ပညာရေး” ဟူသော စကားလုံး (၃)လုံးသာ ရှိသော်လည်း တန်ဖိုးအနက်အဓိပ္ပာယ် အလွန်ကျယ်ပြောပြီး လေ့လာ၍ မကုန်နိုင်သော ထိုပညာရေးကို တိုးတက် ထွန်းကားသော နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ရပ်တည်နိုင်ဖို့ အဓိကနှင့် အခြေခံအကျဆုံး လူသားရင်းမြစ် မျိုးဆက်သစ် မူလတန်းကလေးသူငယ်များကို မြန်မာစကားပုံ “အစကောင်းမှ အနှောင်းသေချာ” ဆိုရိုးအတိုင်း၊ အခြေခံမှအစ နည်းစနစ်မှန်ပါမှ (I.Q + A.Q) နှင့် ပြည့်စုံသော အရည်အချင်းပြည့်မီ နိုင်ငံ့သားကောင်းများ အနာဂတ်အတွက် ထွန်းလင်းလာပါလိမ့်မည်ဖြစ်ကြောင်း မြန်မာ့လေရူးသုန်သုန် ပညာရေးကြီးကို ၀ိုင်းဝန်းကြိုးပမ်းပြင်ဆင်ကြပါရန် တိုင်းပြည်အနာဂတ်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်နေရာမှ အကြံပြုတင်ပြအပ်ပါသည်။

ဒန်း | အလင်းမျက်ဝန်း

“ပညာရေး” ဆိုတဲ့စကားလုံးကို ယခု မြန်မာနိုင်ငံမှာ အတော်လေး ကြား/မြင် နေရပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးကွန်ရက်၊ အခြားသော လူမှုအဖွဲ့အစည်းများမှ တတ်ကျွမ်း ပညာရှင်များနှင့်အတူ အစိုးရ ပညာရေးဌာနမှ ပညာရှင်များမကျန် မြန်မာနိုင်ငံ ပညာရေး ကမ္ဘာနဲ့ယှဉ်ပြီး ရင်ဘောင်တန်းနိုင်အောင် ဘယ်လိုနည်းပညာတွေ အဆင့်မြှင့်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ၀ိုင်းဝန်း ညှိနှိုင်း လုပ်ဆောင်မှုများကို ၀မ်းမြောက် ဂုဏ်ယူလေးစားမိပါသည်။

သို့သော် ကျွန်ုပ်သည် ထိုထိုသော ပညာရှင်များလို ကမ္ဘာ့အဆင့်မီ ပညာရေးအကြောင်းများထက် ဧကန်အမှန် လူသားအရင်းအမြစ်အစ မျိုးဆက်သစ်တို့ရဲ့ အခြေခံကျသော အစိုးရမူလတန်းအဆင့် လေရူးအလား မြန်မာ့အခြေခံပညာရေးကျောင်းများ၌ အမျိုးမျိုးဖြစ်ပျက်နေမှုများကို မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်မှန်များအပေါ် အခြေခံ၍လည်းကောင်း၊ အခြေခံကျသော အစိုးရမူလတန်းအဆင့် ကိုယ်တွေ့ဖြစ်ရပ်မှန်များအပေါ် အခြေခံ၍လည်းကောင်း၊ အခြေခံမူလတန်းကြိုမှစ၍ သင်ကြားသင့်သော ဘာသာရပ်များဟူ၍ အပိုင်း(၂)ပိုင်းကိုသာလျှင် အနာဂတ်မျိုးဆက်သစ်များ၏ ပညာရေးတည်ငြိမ်မြင့်မားလာစေရန် စိတ်ရင်းခံဖြင့် ရေးသားတင်ပြပါမည်။

ပညာကို တကယ်လိုချင်သူ မိဘ၊ ကျောင်းသူ/ကျောင်းသားများအနေနှင့် မှန်ကန်သော ပညာရေးပြောင်းလဲမှုများကို ၀မ်းသာမျှော်လင့် စောင့်ကြိုနေကြမှာပါ။ သို့သော် ဤပညာရေးလောကထဲမှာပင် ပညာရေးကို တာဝန်ယူ သင်ကြားပေးနေကြသော အချို့ ဆရာ/ဆရာမများ ကတော့ သူတို့၏ စိတ်ထား၊ စံနှုန်း၊ တတ်မြောက်ထားသော ပညာ၊ ရရှိနေသော အခွင့်အရေးများပေါ်မှာ မှန်ကန်စွာ ပြောင်းလဲလာမည့် ပညာရေးကို စိုးရိမ်စိတ် (သို့) မြန်မာနိုင်ငံ ပညာရေးသည် အိမ်နီးချင်းနိုင်ငံတွေထက် များစွာနိမ့်ကျနေသည်။

အဆင့်မြင့်ရမည်ဆိုတာနှင့် မူလတန်းအဆင့် သင်ကြားမှုပိုင်းတွေကို ဂဃနဏ မလေ့လာခြင်းလား (သို့) ထိုဆရာ/ဆရာမများ ပိုင်ဆိုင်ထားသော ဦးနှောက်အသိ၊ ဉာဏ်ရည်အဆင့်လား မခွဲခြားတတ်တော့ပါ။ ကိုယ့်အတွေးနှင့်ကိုယ် သင်ကြားမှုကို နည်းလမ်းမမှန် အဆင့်မြင့်သည်အထင်နှင့် လွဲမှားစွာ သင်ကြားနေကြတာကို တွေ့မြင်နေရပါသည်။

အပိုင်း (၁)

မူလတန်းအဆင့်ပညာရေးတွင် တစ်ချိန်က မြန်မာနိုင်ငံမှာ (ယခုအထိ) မြန်မာစာသည် ငါတို့စာ၊ မြန်မာစကားသည် ငါတို့စကားဟူ၍ လေကျယ်ခဲ့သော မ.ဆ.လ ဦးနေ၀င်းအစိုးရလက်ထက်မှာ ပညာရေးကို မမောက်မာသင့်သော ဂုဏ်ကြောင့် ယနေ့ ကမ္ဘာ့အလယ်မှာ ပညာရေး သုညအမှတ်အောက် ရောက်နေပါပြီ။ (တကယ်တော့ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်မည့် ပညာတွေတတ်လျှင် သူ့အာဏာ မမြဲမှာစိုး၍ တံခါးပိတ်ဝါဒ အမှောင်ချပညာရေး လုပ်ပစ်တာပါ။)

အဲဒီကတည်းက လူမျိုးကြီးယောင်ဆောင် ဂုဏ်မောက် မြန်မာစာ ဒို့စာသည် ဘယ်အတွက်ကြောင့် အခြေခံစာလုံးပေါင်းသတ်ပုံများ ယနေ့အထိ တည်ငြိမ်မှုမရှိ၊ တစ်နှစ်တစ်ကြိမ်လောက် ပြောင်းလဲနေပါသနည်း။ လုံးဝ မဖြစ်သင့်တော့ပါ။ အနည်းအကျဉ်း ဥပမာပြရလျှင် တစ်ကျောင်းတည်းမှာပင် ဆရာ/ဆရာမ တစ်ဦးနှင့်တစ်ဦး သင်ကြားမှု ကွဲပြားခြင်း၊ ဥပမာ (ရွေ့လျှား၊ ရွေ့လျား၊ ရွေ့ရှား)၊ (အသက်ရှူ၊ အသက်ရှု) မူလတန်း ဖတ်စာအုပ်တွင် (ပန်းကန်၊ ပ၀ါ)၊ တတိယတန်းတွင် (ပုဂံ၊ ပုဝါ)။

မှတ်မိသေးသည်၊ နေ၀င်းအစိုးရလက်ထက် နေ၀င်းက (သူဌေးကို သေဌေး) ဟု ပြောင်းလဲ သတ်မှတ်ပုံကို ထိုစဉ်က ကျွန်ုပ်ကျောင်းသားအရွယ် ပြုံး၍ သဘောပေါက်လိုက်မိသည်။ သေမှပဲ သူဌေးလုပ်ရမယ့် ပြည်သူတွေအတွက် ယတြာ စကားလုံးဟု။

တစ်ဖန် အင်္ဂလိပ်ဘာသာရပ်တွင် ပုံနှိပ်စာလုံးနှင့် လက်ရေး လက်သား စာလုံးဟူ၍ ရှိပါသည်။ ပုံနှိပ်စာလုံးနှင့် ရေးရန် သင်သော ဆရာမသည် လက်ရေး လက်သားစာလုံးနှင့် ရေး၍ မရပါ။ ထိုနည်းတူ လက်ရေး လက်သားစာလုံးနှင့် ရေးခြင်းကို သင်သော ဆရာမသည် ပုံနှိပ်စာလုံးနှင့်ရေးလျှင် အမှတ်မပေး။

အဓိက/သာမညကို ဘာမှ မသိကြပါ။ မယောင်ရာ ဆီလူးနေသော ပညာရေးပါ။ ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း၊ အတန်းတစ်တန်းနှင့် တစ်တန်း သင်္ချာတွက်ရာတွင် တွက်နည်းသတ်မှတ်ချက် အတိုင်းသာတွက်၊ ကိုယ့်နည်း မဟုတ်လို့က အမှတ်မပေး၊ အမှန်မှာ မည်သည့်နည်းဖြစ်စေ မှန်သည်၊ ဘောင်ဝင်သည်။

တကယ် စာကြိုးစားသော ကလေးအတွက် ဘောင်ကျဉ်းလွန်းသော၊ စိတ်အနှောင့်အယှက်ဖြစ်ရသော ပညာရေး မဟုတ်ပါလော။ ပိုဆိုးသည်က “ ငါ့နည်း မဟုတ်ရင် အမှတ်လျှော့မယ် ” ဟူ၍လည်းကောင်း၊ စာသင်ခန်းတွင်း သင်ကြားမှု မူလတန်းပညာရေးကို ဆရာမ ကိုယ်တိုင် မှားနေသောအခါ ရှိ၏။ သို့သော် စာအုပ်များ အမှတ်ခြစ်လျှင် (အမှန်) ပေးထား၊ မိဘကပြင်လျှင် ကလေးက ရာဇသံထုတ်ထားသော ဆရာမကို ကြောက်သည်။

ဘယ်လောက်များ နုနယ်သော ကလေးလေးတွေရဲ့ ပညာသင်ခန်းထဲမှာ ညစ်စုတ်သော စစ်အစိုးရ ၀ါဒအောက်မှ ၀န်ထမ်းပီပီ၊ တစ်သွေးတစ်မိန့် လုပ်ထားလဲ မသိပါ။ စာမေးပွဲမှာ ကလေးသည် (အမှား) ကို (အမှန်) ပေးထားသော ဆရာမနည်းအတိုင်း ကြောက်ပြီး အမှတ်မရမှာစိုး၍ ဖြေခဲ့၊ ထိုအခါ ကြုံရသည်က အတန်းပိုင်ဆီ ကျူရှင်ယူသောသူများ အမှတ်ရသည်၊ ကျူရှင်မယူသူကို အမှတ်လျှော့လို့ရအောင် ပရိယာယ်သုံးခြင်းလား (သို့) ပေါ့ဆခြင်းလား မသိနိုင်ပါ။ မြန်မာစာ ဘာသာရပ်များတွင် ဖြစ်ကြသည်ကို ဖြစ်ပါသည်၊ ဖြစ်သည်ဟု မဖြေရ၊ ပေးတဲ့အတိုင်း ကွက်တိမရေးရင် အမှတ်လျှော့ပါသည်။ အထက်ပါ အင်္ဂလိပ်နှင့်သင်္ချာနည်းတွေကလည်း နိမ့်ကျတဲ့ ပညာရေး၊ ငါတို့မြှင့်လိုက်ပြီလို့ ယူဆနေတာလား။

ကျွန်ုပ် မြင်တွေ့နေသမျှ မြန်မာနိုင်ငံမှာ ပညာရေးများ မပြောင်းလဲခင် ဆရာ၊ ဆရာမများကို စိတ်ပညာ ဘာသာရပ်များ ပို့ချသင့်သည်။ နိုင်ငံတကာတွင် မည်သည့်ဘွဲ့ကို ရထားပါစေ၊ စိတ်ပညာဘွဲ့ကို ပူးတွဲ၍ ယူထားသူသည် ဦးစားပေးခံရ၏။ ပညာတတ်၊ ဗဟုသုတ ကြွယ်သူတိုင်း ဘာကြောင့် ဦးစားပေးသနည်းကို သိပါသည်။ မြန်မာနိုင်ငံမှာတော့ စိတ်ပညာဟုပြောတာနှင့် အရူး ဘာသာရပ်ဟု ထင်ကြသည်။ သနားစရာပါ။ ဒါကြောင့် နုနယ်သောကလေးတွေကို ကိုင်တွယ်သင်ကြားပေးနေသော သူများ၏ စိတ်နှလုံး၊ ဉာဏ်ရည်၊ အတွေး အခေါ် အရေးကြီးပါသည်။

ယခင်တစ်မျိုး၊ ယခုတစ်ဖုံ (နည်းစနစ်၊ ဝေါဟာရများ) ကို အမျိုးမျိုးပြောင်းလဲ သုံးနှုန်းနေခြင်းနှင့်အတူ ယခင် ဘောင်းဘီဝတ်မှ ယခု ပုဆိုးလဲဝတ် ၀န်ကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌတို့ရဲ့ “ သမ္မတထက် မြင့်တဲ့နေရာ ရှိရင် ရချင်တယ် ” (ကမ္ဘာက သတ်မှတ်သော အရည်အချင်းရှိ လူထုခေါင်းဆောင်ကို အရည်အသွေးမဲ့ အနှစ်မရှိက နိုင်ချင်တာ)၊ “ နယ်လှည့် ပါးရိုက်ခဲ့တာ ” စသည်တို့ကို အဆင့်မီ ဂုဏ်သိက္ခာရှိတယ် ထင်ပြီး ပြောနေကြတာထက် တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် နုနယ်သောကလေးတွေကို ပညာသင်ပေးနေတဲ့ (အထူးသဖြင့်) ဆရာမများ၊ “ ဆရာ့ဝတ် ” ကဗျာကို အလွတ်သာရ၊ ကျင့်ဝတ် မလိုက်နာ ဆရာမများက အပြင်လောကမှာ ပုပ်လို့ပေါ်တဲ့သူတို့အကြောင်း ပြန်ကြားပြီး “ ဟဲ့ ကြိုက်တဲ့နေရာသွားတိုင်၊ေ-ာက် ဂရု မစိုက်ဘူး ” ဟု ဗီဇစိတ်နဲ့ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်းပြောဆိုမှုတွေကို ပိုပြီးပြုပြင်သင့်ပါကြောင်း၊ အဆောက်အအုံတစ်ခု တည်ဆောက်ရာမှာ အောက်ခြေအုတ်မြစ် မခိုင်လို့ကတော့ အထက်တွင် အံ့ဖွယ်ဟီးဟီး အဆောက်အအုံသည် တစ်ခဏတာအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြိုလဲမှာ မလွဲဧကန်ပါ။

ပညာရေးအတွက် တကယ့်စိတ်ရင်းမှန်နှင့် လုပ်ဆောင်ကြိုးစားနေကြသူများကို ရိုသေလေးစားစွာ အသိပေးရခြင်း ဖြစ်ပါသည်။ လက်ရှိ ရှိရှိသမျှ ဆရာ/ဆရာမများကို နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် ဉာဏ်ရည်ဉာဏ်ကိန်း၊ ကိုယ်ရည် ကိုယ်သွေး အကုန်စစ်ဆေးသင့်သည်။ သတ်မှတ်ချက် အဆင့်ပေါ်မှာ ဆရာ/ဆရာမ အရည်အသွေး မကိုက်ညီလျှင် ထုတ်ပယ်၊ ကိုက်ညီသူကို ခန့်အပ်သင့်ပါသည်။ တိုးတက်သော နိုင်ငံများတွင် မူကြိုဆရာမ ဖြစ်ဖို့ အလွန် မလွယ်ကူပါ။ အထပ်ထပ် ရုပ်ပိုင်း၊ စိတ်ပိုင်း စစ်ဆေးပြီးမှ ခန့်အပ်ပါသည်။ တိုင်းပြည် အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူမည့် လူမမယ်ကလေးများ၊ ကနဦးအခြေအနေမှန်ရန် အရေးကြီးခြင်းကြောင့်ပါ။ မြန်မာနိုင်ငံမှာကတော့ ဘာစည်းစနစ်မှ မရှိပါ။ ဈေးတွင်း၊ လမ်းမပေါ် အသုံးအနှုန်းနှင့် ပြောဆိုနေသူလည်း ဆရာ/ဆရာမ ဖြစ်လို့ရပါသည်။ နုနယ်တဲ့ လူသားရင်းမြစ် မျိုးဆက်သစ် ကလေးတွေကို ကိုင်တွယ် လေ့ကျင့်သင်ကြားပေးမည့် ဆရာ/ဆရာမများသည် မိမိတို့၏ ပုဂ္ဂလခံစားချက်များကို အိမ်မှာ အပြီးထားခဲ့ကာ ရင့်ကျက်မြင့်မြတ်သော နှလုံးသားပိုင်ရှင်အလား ကျောင်းတော်ကြီးသို့ ၀င်ရောက်စေချင်ပါသည်။

ကျွန်ုပ်၏အတွေးအမြင်အရ မိဘရင်ခွင်မှ အချိန်ပိုင်းခွဲထွက်၍ ကျောင်းတော်ကြီးကို စတင်ဝင်ရောက်လာခြင်းက ထိုကလေးများ လူ့လောကကို စတင်ထိုးဖောက်ဝင်ရောက်ခြင်း၊ လောကအတွေ့အကြုံအတတ်ပညာများ စတင်လေ့လာကြခြင်းဟု ယူဆသည့်အတွက် ထို ကလေးငယ်တွေကို သင်ကြားပို့ချမည့် ဆရာ/ဆရာမများတွင် စိတ်သဘောထား အလွန်အရေးကြီးပါသည်။ လူများစွာတို့က ဉာဏ်ရည် ဉာဏ်ကဲ (I.Q ခေါ် Intelligent Quotient) ကောင်းရှိတာကို ပို၍ အလေးထားပါသည်။ စိတ်နေစိတ်ကဲ (A.Q ခေါ် Attitude Quotient) ကောင်းရှိအောင် လုပ်ဖို့ စိတ်အာရုံမရှိကြပါ။ (I.Q) ဘယ်လောက်မြင့်မြင့် (A.Q) နိမ့်နေပါက ထိုသူ၏လုပ်ဆောင်ချက်များ နိမ့်ကျနေမည်သာ။

ဒန်း | အလင်းမျက်ဝန်း
|- အပိုင်း (၂) ဆက်ပါဦးမည် -|

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့ ရက်စွဲဖြင့် သာသနာရေးဝန်ကြီးဌာနသို့ ယာယီရပ်ဆိုင်းကြောင်း တရားဝင် ပေးပို့တင်ပြခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ ၂၀၁၄ ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီမှ ပြန်လည်၍ လုပ်ကိုင်တော့မည်ဖြစ်ကြောင်း ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ယင်းကြေငြာချက်ကို ဇူလိုင်လ နောက်ဆုံးရက်က အဆိုပါအဖွဲ့မှ အချက်(၃)ချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ကြေငြာချက်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံသံရုံးမှ သာသနာရေးဝန်ကြီးဌာနသို့ ပေးပို့သည့် Authourized Hajj Travel Agencies 2014 စာရင်းပါ ကုမ္ပဏီ (၄၁) ခုအား ခေါ်ယူဆောင်ရွက်သွားမည်ဟူ၍ ပါရှိပြီး တင်ဒါများကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၅) ရက် အင်္ဂါနေ့ နေ့လယ် (၂) နာရီတွင် စာရင်းပိတ်ပြီးနောက် နာရီဝက်အကြာ၌ ဖွင့်ဖောက်ပေးမည့် အကြောင်းများကို ဖော်ပြထားပါတယ်။

တင်ဒါကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ရုံးစိုက်ရာ အမှတ် (၁၈၄) ၃ လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်ပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်ဖောက်သွားမှာဖြစ်တယ်လို့ ကြေငြာချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအတွက် ယခုနှစ် ဟဂ်ျဗီဇာခွဲတမ်းမှာ လူဦးရေ ၃၅၅၀ အတွက် ဖြစ်ပြီး၊ ယင်းအနက်မှ ၂၈၀ ဦးကိုတော့ နိုင်ငံ့ကိုယ်စားပြု ဟာဂျီများအဖြစ် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ယခုလို ဦးဆောင်၍ စီစဉ်ဆောင်ရွက်ပေးရတာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်ဝန်းကျင်ခန့်အချိန်က မြန်မာနိုင်ငံတွင် အစိုးရမဲဟာဂျီဟူ၍ လူသိများတဲ့ နိုင်ငံ့ကိုယ်စားပြုဟာဂျီများ၏ ကုန်ကျစရိတ်မှာ ပြင်ပခရီးသွားကုမ္ပဏီများထက် ဆယ်ဆနီးပါး လျော့နည်းခဲ့တာကြောင့် ကျပ်ငွေ (၂၅၀၀၀) ၀န်းကျင်သာ ကျသင့်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြင်ပဈေးနှင့် ထူးမခြားနားဖြစ်လာသည်အထိ ဈေးနှုန်းများ တဟုန်ထိုး ခုန်တက်သွားခဲ့တာကြောင့် သာမန်ပြည်သူလူထုအတွက် မျှော်လင့်ချက်များ ကင်းမဲ့ခဲ့ကြရပါတယ်။

ယခုနှစ်မှာတော့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအား သာသနာရေးဝန်ကြီးဌာနမှ နိုင်ငံ့ကိုယ်စားပြု ဟာဂျီ (၂၈၀) ဦး၏ ဟဂ်ျခရီးစဉ်အစမှအဆုံးတိုင် ကြီးကြပ်၍ လုပ်ဆောင်ပေးရန် တာဝန်ပေးခြင်းခံခဲ့ရမှုကြောင့် သာမန်ပြည်သူများအနေဖြင့် ဟဂ်ျခရီးစဉ်အပေါ် ပြန်လည်၍ မျှော်လင့်ချက်များ ဖြစ်ထွန်းလာကြပါတယ်။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေဖြင့် မွတ်စ်လင်မ်လူထု၏မျက်နှာကိုကြည့်၍ ဈေးနှုန်းအသက်သာဆုံးဖြင့် ၀န်ဆောင်မှုအကောင်းဆုံး ဖြစ်လာစေရေးကို စွမ်းစွမ်းတမံလုပ်ဆောင်ရင်း လူထုယုံကြည်မှုကို တည်ဆောက်ပေးဖို့ ဇူလိုင်လ (၃၁) ရက်နေ့ရက်စွဲဖြင့် အလင်းမျက်ဝန်းမှ အယ်ဒီတာ့အာဘော် ရေးသား၍လည်း တိုက်တွန်းထားပြီး ဖြစ်ပါတယ်။

ခေဋီဈက်အို | အလင်းမျက်ဝန်း

 ဓာတ်ပုံရှင်းလင်းချက်  
» ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အတူ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ လူကြီးအချို့ (ဓာတ်ပုံ-အင်တာနက်)

မြန်မာမွတ်စ်လင်မ် လူငယ်များ၏ အပျော်တမ်းအဖြစ် ဆောင်ရွက်ခဲ့သည့် အလင်းမျက်ဝန်းမှာ မကြာမီတွင် ၂ နှစ်သားအရွယ်သို့ပင် ရောက်ရှိလာရပါတော့မည်။

အလင်းမျက်ဝန်းသည် မည်သည့်အဖွဲ့အစည်း မည်သည့် အထောက်အပံ့ကိုမျှ ရယူ၍ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ ယနေ့အချိန်ထိ လူငယ်များ စုပေါင်းညီညွတ်စွာဖြင့် ၀ိုင်းဝန်းကာ လုပ်အားပေး ဆောင်ရွက်နေကြသည့် အပျော်တမ်း ဘလော့ဂ်စာမျက်နှာသာ ဖြစ်ပါသည်။

အလင်းမျက်ဝန်းတွင် အရောင်အသွေးစုံသည့် လူငယ်များစွာက ၀ိုင်းဝန်း၍ လုပ်အားပေး ဆောင်ရွက်နေကြရာဝယ် အိုင်တီနယ်ပယ်မှ လူငယ်များ၏ အင်အားဖြင့် Android Mobile Apk တစ်ခုကို အကောင်းဆုံးဖြစ်စေရန် အချိန်ယူ ပြင်ဆင် ထုတ်လုပ်ခဲ့ပြီး မိဘပြည်သူများ လွယ်ကူစွာ ရယူနိုင်ရန်အတွက် ဇူလိုင်လ (၂၅) ရက်နေ့မှစတင်၍ Google Play Store ပေါ်မှတစ်ဆင့် Google ကုမ္ပဏီ၏ ခွင့်ပြုချက်ဖြင့် ကမ္ဘာအ၀ှမ်းသို့ တရားဝင် ဖြန့်ချိလိုက်ပါသည်။

ယခု အသစ် ဖြန့်ချိပေးလိုက်သည့် apk ၏ အမည်မှာ Mubarak (လက်ဆောင်မွန်) ဟူ၍ဖြစ်ပြီး ယခင်ကရှိခဲ့သည့် ပုံစံထက် စိတ်ကျေနပ်ဖွယ်ကောင်းသည့် ဒီဇိုင်းအသွင်အပြင်ပေါင်းများစွာကို လက်ဆောင်ဟူသည့်အမည်နှင့်အညီ ထူးခြားဆန်းသစ်မှုများဖြင့် မြင်တွေ့ရမည် ဖြစ်ပါသည်။

စိတ်လှုပ်ရှားဖွယ် ကောင်းလှသည့် အလင်းမျက်ဝန်း၏ လက်ဆောင် ဗားရှင်းကို ဆက်လက်၍ လိုသလို Update (အဆင့်မြှင့်တင်ခြင်း) များ ပြုလုပ်သွားအုံးမည်ဖြစ်ပြီး ယခုဗားရှင်းမှာတော့ ယခင်ကလို စာတစ်ခုတည်းတင် မဟုတ်တော့ဘဲ မိဘပြည်သူတို့အတွက် ဗဟုသုတများ တိုးပွားနိုင်စေမည့် ရုပ်သံများကိုပါ ကြည့်ရှုနိုင်တော့မည် ဖြစ်ပါသည်။

မြန်မာမွတ်စ်လင်မ်တို့အတွက် သမိုင်းဝင် အစ္စလာမ့်မီဒီယာများဖြစ်ခဲ့သော "ကမ္ဘာ့အလင်း" "အစ္စလာမ့်အလင်း" "အစ္စလာမ့်မျက်ဝန်း" တို့၏ အမည်များကို တန်ဖိုးထား အသိအမှတ်ပြုသောအားဖြင့် ယင်းအမည်များကို အခြေပြုကာ "အလင်းမျက်ဝန်း" ဟူ၍ မှည့်တွင်ခဲ့သည့် အလင်းမျက်ဝန်း၏ သမိုင်းကြောင်းအချို့ကိုပါ Apk နှင့်အတူတွဲ၍ Description တွင် ဖော်ပြထားသည်ကိုလည်း Google Play Store ပေါ်တွင် လေ့လာနိုင်အောင် စီစဉ်ထားပါသည်။

အလင်းမျက်ဝန်းမှ လူငယ်များ၏ ထူးခြားချက်မှာ အလင်းမျက်ဝန်းကို နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးကို တစ်ထောင့်တစ်နေရာမှ အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် နိုင်သမျှ ထမ်းဆောင်လိုခြင်းသာဖြစ်ပြီး အလင်းမျက်ဝန်းကိုမှီ၍ မိမိတို့အကျိုးအမြတ်ကို ထုတ်ယူသူများ မဟုတ်ကြဘဲ မိဘပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုများ တိုးပွား ကြုံကြိုက်လာရတိုင်း ပီတိဖြစ် ၀မ်းမြောက်မှုများသာ အားဆေးများသဖွယ် အသုံးပြုခဲ့ကြခြင်း ဖြစ်ပါသည်။

အလင်းမျက်ဝန်းမှ သတင်းရေးသူများကို ငွေကြေးထုတ်ပေးခဲ့ခြင်း မရှိသလို၊ သတင်းပေးသူများကိုလည်း ငွေကြေး မထောက်ပံ့ခဲ့ဖူးပါ။ အားလုံး စိတ်ဓာတ် စေတနာ သန့်ရှင်းစွာဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်လို့ စေတနာအကျိုးပေး တန်ပြန်သက်ရောက်ခြင်း သဘောတရားအရ ယခင်ထုတ်ဝေခဲ့သည့် ဗားရှင်းအဟောင်းကို သောင်းပေါင်းများစွာသော သူများက Google Play Store ပေါ်မှ တရားဝင် ရယူ အသုံးပြုခဲ့ကြသလို၊ ပြင်ပတွင် နီးစပ်ရာ လက်ဆင့်ကမ်းခြင်းများကလည်း အရေအတွက်ပေါင်းများစွာ ရှိခဲ့ပေသည်။

ယနေ့တွင် အလင်းမျက်ဝန်းသည် မြန်မာမွတ်စ်လင်မ်တို့အတွက် နားမျက်စေ့တစ်ခုအဖြစ် ရပ်တည်၍ မတရားမှုများကို အပြုသဘောဆောင်၍ ဖော်ထုတ်တင်ပြခြင်းများ ပြုလုပ်နေပါသည်။ ထိုသို့တင်ပြရာတွင် စိတ်သဘောချင်း မတိုက်ဆိုင်မှုများလည်း ရှိကောင်းရှိနိုင်ပေလိမ့်မည်။ စေတနာ အမှားများလည်း ရှိကောင်း ရှိခဲ့ပေလိမ့်မည်။ ထိုသို့သော အရာများကို မိမိတို့၏ သားရင်းသမီးရင်းများသဖွယ် စာနာခြင်းဖြင့် ခွင့်လွှတ်၍ မည်သူမဆို ပဲ့ပင်ဆုံးမနိုင်ပါသည်။

အလင်းမျက်ဝန်း၏ ပင်မ ရည်ရွယ်ချက်သည် မိမိတို့ချစ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးအား ထာဝစဉ် ငြိမ်းချမ်း သာယာ ၀ပြောစေလိုပြီး၊ ငြိမ်းချမ်းရေးကို အခြေခံသည့် အစ္စလာမ်ဘာသာအား အထင်အမြင် လွဲမှားနေမှုများကို နားလည်မှုရှိလာစေရေးနှင့် အစ္စလာမ်ဘာသာဝင် ပီသစွာဖြင့် လောကအကျိုး သယ်ပိုးလာကြစေရန် ထိန်းကျောင်းပဲ့ပြင်ရေးတို့သာ ဖြစ်ပေသည်။

ထိုသို့သော အကြောင်းချင်းရာသုံးခုအတွက် အနှောင်အဖွဲ့ကင်း၍ စိတ်စေတနာ ဖြူစင်စွာဖြင့် ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်မည့် မည်သည့်အုပ်စု၊ မည်သည့်ပုဂ္ဂိုလ်နှင့်မဆို လက်တွဲရန် အလင်းမျက်ဝန်းမှ အသင့်ရှိပါသည်။

ထို့ကြောင့်ပင် တိုင်းပြည် တည်ငြိမ်ရေးကို မလိုလားသည့် ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ်နှင့် အုပ်စုတစ်ချို့၏ လုပ်ရပ်များကို အလင်းမျက်ဝန်းမှ ပြတ်ပြတ်သားသား ထောက်ပြခဲ့ခြင်းများ ရှိခဲ့ပေသည်။ ထိုသို့ထောက်ပြခြင်းကြောင့် အလင်းမျက်ဝန်းအား အစိုးရ၏ လက်ကိုင်တုတ်သဖွယ် ပုံဖော် ၀ါဒဖြန့် အသရေ ဖျက်ခြင်းဒဏ်ကို အလူးအလဲ ခံစားခဲ့ရပေသည်။ ထို့အတူ ရံဖန်ရံခါ ပြည်သူတို့၏ နစ်နာခြင်းများနှင့် ခံစားချက်များကို တင်ပြခဲ့ခြင်းများကြောင့် သက်ဆိုင်သူ အစိုးရ၀န်ထမ်းအချို့မှလည်း အလင်းမျက်ဝန်းကို ငြိုငြင်ကောင်း ငြိုငြင်ကြပေလိမ့်မည်။

အလင်းမျက်ဝန်းသည် ငြိမ်းချမ်းသာယာ ၀ပြောရေးနှင့် အစ္စလာမ်ဘာသာအပေါ် အကောင်းမြင်သည်ဆိုပါက ပြည်ခိုင်ဖြိုးပါတီဘက်မှ ရပ်တည်ခဲ့ပြီး၊ ငြိမ်းချမ်းသာယာမှုနှင့် အစ္စလာမ်အပေါ် အပျက်သဘောဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီဝင်များ၏ လုပ်ရပ်များကိုလည်း အနု၊ အကြမ်းမျိုးစုံဖြင့် ထောက်ပြရေးသားခဲ့ဖူးပေသည်။ ထို့အတူ မွတ်စ်လင်မ်အများစုမှ အားမလို အားမရဖြစ်နေရသည့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အများအကျိုးပြု လုပ်ရပ်များအတွက်လည်း အကောင်းမြင်ပေးခဲ့ပြီး၊ အများအတွက် အကျိုးမဲ့စေသည့် လုပ်ရပ်များအတွက်လည်း ထိုအဖွဲ့ကြီးအပါအ၀င် အဖွဲ့ဝင်များအား ပြတ်ပြတ်သားသား ထောက်ပြခဲ့ဖူးပေသည်။

အများအကျိုးကို အကြောင်းပြ၍ မိမိတို့ တစ်ကိုယ်ကောင်းစာအတွက် လုပ်စားနေကြသည့် အဖွဲ့သေး၊ အဖွဲ့ကြီးနှင့် လူပုဂ္ဂိုလ်များ အပါအ၀င် မီဒီယာအမည်ခံထားသူများသည် အလင်းမျက်ဝန်းအား တစ်ဖက်အမြင်မှနေ၍ အမျက်ထွက်ခဲ့ကြပေသည်။ မြန်မာပြည်သူအများစု လက်မခံသည့် 969 အမျိုးသားရေး လှုပ်ရှားမှုဘက်သို့ အားသန်နေသည့် ပုဂ္ဂိုလ်များကလည်း တစ်ဖက်မှကြည့်၍ အလင်းမျက်ဝန်းကို မုန်းတီးကြပေသည်။ အစ္စလာမ်ဘာသာဝင် မပီသသည့် လုပ်ရပ်များကို လုပ်ကိုင်နေသူများမှလည်း အလင်းမျက်ဝန်းကို ခြိမ်းခြောက်ခြင်းများ ရှိခဲ့ပေသည်။

အလင်းမျက်ဝန်းသည် ပတ်ဝန်းကျင်၏ အတွန်းအတိုက်ဒဏ်ကို အလူးအလဲခံ၍ လျှောက်လှမ်းလာသည်မှာ (၂) နှစ်သားဘ၀ပင် မကြာမီ ရောက်ရပေတော့မည်။ သို့သော်လည်း အလင်းမျက်ဝန်း ၀ိုင်းတော်သားတို့သည် အစွန်းနှစ်ဖက်ကြား ကြိုးတန်းပေါ်တွင် ပီတိကိုစား၍ အားဖြစ်ကာ လျှောက်လှမ်းနေကြဆဲပင် ဖြစ်ပေသည်။

အလင်းမျက်ဝန်းမှလည်း ငွေကြေးတတ်နိုင်သည့် အုပ်စုတွေ၊ အဖွဲ့အစည်းတွေလို နှစ်ပတ်လည်၊ လပတ်လည် အစီအစဉ်များကို ပျော်ပွဲရွှင်ပွဲများဖြင့် ခမ်းခမ်းနားနား ဆင်ယင်ကျင်းပလိုသည်။ ၀ိုင်းဝန်းပူးပေါင်း လက်တွဲနေကြသူများကိုလည်း ထိုက်တန်သည့် လက်ဆောင်ပဏ္ဍာများပေးလိုသည်။ ပြုလုပ်သည့် ပွဲများသို့ နိုင်ငံတော်လူကြီးများ၊ ပါတီလူကြီးများ၊ ဘာသာရေးလူကြီးမင်းများကို ဖိတ်ကြား၍ အားပေးချီးမြင့်စေလိုသည်။ အလင်းမျက်ဝန်းကို အားပေးနေသည့် မိဘပြည်သူများကိုလည်း မေတ္တာလက်ဆောင်များ ပလူပျံနေအောင် ပေးကမ်းလိုပါသည်။

ဤသည်တို့မှာ စိတ်ကူးယဉ်မျှသာ ဖြစ်သည်။ အလင်းမျက်ဝန်းတွင် ယုံကြည်ချက်ဖြင့် ၀ိုင်းကူနေသူများသည် တစ်နေ့တစ်ခြား ဆုတ်ယုတ်ခြင်းတို့သာ ရှိလေသည်။ မိဘပြည်သူများသို့ မိမိတင်ပြစေလိုသည့် အကြောင်းအရာတစ်ခု၏ ကုန်ကျမှုတို့အတွက် မိမိအိတ်ထဲမှသာ ထုတ်ယူရခြင်းကြောင့် ထိုကဲ့သို့သော အစီအစဉ်ကြီးသည် ကောင်းကင်ပေါ်က လမင်းကြီးကို တမ်းတရသကဲ့သို့သာ ဖြစ်နေပေလိမ့်အုံးမည်။

သို့သော်လည်း မိမိတို့၏ စိတ်ရင်းစေတနာမှန်တို့ဖြင့် မိဘပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် Android Apk တစ်ခုကိုတော့ လက်ဆောင်အဖြစ် ဆက်သလိုက်ရပါသည်။ မိဘပြည်သူတို့အတွက် အတော်အတန် အကျိုးပြုနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ မကြာမီတွင်လည်း IOS App တစ်ခုကို မိဘပြည်သူတို့ထံ ထပ်မံ၍ ဆက်သသွားပါအုံးမည်ဟု ကတိပြုလိုက်ရပါသည်။

အလင်းမျက်ဝန်း


အလင်းမျက်ဝန်း၏ Mubarak (လက်ဆောင်) Version အား Google Play Store တွင် ရှာဖွေလိုပါက အင်္ဂလိပ်ဘာသာဖြင့် Alinn Myat Wunn ဟူ၍ဖြစ်စေ၊ မြန်မာဘာသာဖြင့် အလင်းမျက်ဝန်း ဟူ၍ဖြစ်စေ ရိုက်နှိပ်ကာ ရှာဖွေနိုင်ပါသည်။

တိုက်ရိုက်သွားရောက်လိုပါက ဤလင့်ကို ကလစ်နှိပ်၍ ဖြစ်စေ၊ QR ကို Scan လုပ်၍ဖြစ်စေ သွားရောက်နိုင်ပါသည်။

» https://play.google.com/store/apps/details?id=info.teol_mm

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ညနေပိုင်းအချိန်က စတင်ပြီး ဖြစ်ပွားခဲ့သော မန္တလေးမြို့တွင်း ဘာသာရေးအကြမ်းဖက်မှုများအတွက် ဘယ်သူ တာဝန်ရှိလဲဟူသော မေးခွန်းကို မေးလိုက်မည်ဆိုပါက မန္တလေးမြို့ပေါ်ရှိ စာတတ်သော ကလေးတွေပင် ဖြေဆိုကြမည့်စကားလုံးမှ သစ်ထူးလွင်ဝဘ်ဆိုက်ဟူ၍ ဖြစ်ပါလိမ့်မယ်။

သစ်ထူးလွင်ပြီးရင် ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုပါက သစ်ထူးလွင်က တင်ပေးလိုက်သော လှုံ့ဆော်သည့် သတင်းတစ်ပုဒ်ကို ထပ်မံပြီး ဖြန့်ဝေကြသော မိမိကိုယ်မိမိ အမျိုးသားရေး သူရဲကောင်းကြီးတွေအဖြစ် ပုံဖော်နေသည့် အင်တာနက်ပေါ်မှ လှုံ့ဆော်ရေးသမားတွေပဲ ဖြစ်ပါလိမ့်မည်။

၎င်းတို့က ဒီသတင်းတစ်ပုဒ်ကို ရည်ရွယ်ချက်ရှိရှိ တင်ပေးခဲ့၊ ဖြန့်ဝေခဲ့ခြင်းကြောင့် ဆူလွယ်နပ်လွယ်သော လူထုကို အကြမ်းဖက်ရေး၊ ဆူပူ လုယက် ဖျက်ဆီးရေးဆီသို့ ဦးတည်နိုင်ခဲ့ကြပြီး ဒီနေ့မှာတော့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်သေဆုံးခြင်းများပါ ရှိလာနေပါပြီ။

အခုဖြစ်လာနေတာဟာ လူမျိုးရေးလဲ မဟုတ်၊ အမျိုးသားရေးလဲ မဟုတ်ဘဲ ဘာသာရေးအကြမ်းဖက်မှု သက်သက်သာဖြစ်နေတယ်လို့ ရှုမြင်ပါတယ်။ မိမိတို့ရဲ့ ချွေးနည်းရေစာနဲ့ ရှာဖွေထားသမျှကို လွယ်လွယ်ကူကူပဲ အကြမ်းဖက်ကြ၊ ဖျက်ဆီးခံနေရတဲ့အချိန်၊ လုံခြုံရေးအတွက် တာဝန်အရှိဆုံးသော အစိုးရနဲ့ ရဲတပ်ဖွဲ့တွေဟာ အကြမ်းဖက်ခံရသူတွေဘက်က လုံလောက်တဲ့အကာအကွယ်မပေးခဲ့ကြလို့ မွတ်စ်လင်မ်များဟာ မိမိအသက်အိုးအိမ်စည်းစိမ်အတွက် ကလေးသာမက သက်ကြီးရွယ်အိုများပင် အိမ်ရှေ့ထွက်ပြီး ကာကွယ်ကြရပါသည်။

အဆိုးရွားဆုံးကတော့ လမ်းပေါ်ထွက်ပြီး ပေါ်တင် ရမ်းကားနေတဲ့သူတွေကို လုံခြုံရေးတာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်များက ဟန့်တားခြင်းမရှိဘဲ တစ်ချိန်လုံး ရပ်ကြည့်နေခဲ့ကြပြီး၊ လက်လွန်ခြေလွန်ဖြစ်လာတဲ့အပေါ် မွတ်စ်လင်မ်တွေအနေနဲ့ မိမိတို့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် ပြန်ပြီး ခုခံကြတဲ့အချိန်အခါမှသာ တာဝန်ကို စတင်အသုံးချခဲ့ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သော တာဝန်ရှိသူများရဲ့ လုပ်ရပ်ဟာ ဘက်လိုက်မှု၊ မိမိနှင့်ဘာသာတူသူများအားသာစေ၊ မတူသူများအား နာစေအဖြစ် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောလို့ရပါသည်။

ဒီဖြစ်ရပ်ထဲမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးနဲ့ မွတ်စ်လင်မ်တစ်ဦးတို့ သေဆုံးခြင်းဟာလည်း ထူးခြားစွာနဲ့ တစ်ရက်တည်း တစ်ညတည်း တစ်ပြိုင်တည်း ပေါ်ပေါက်ခဲ့ပြီး၊ မဖြစ်မနေ ပြုလုပ်ရသည့် နာရေးကိစ္စများတွင် မွတ်စ်လင်မ်တစ်ဦး၏ နာရေးနှင့် ဗုဒ္ဓဘာသာတစ်ဦး၏ နာရေးတို့တွင် ငြိမ်းချမ်းခြင်းနှင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေခြင်းများကို မတူညီဘဲ ပြုလုပ်ခဲ့ကြသော်လည်း တည်ငြိမ်အေးချမ်းခြင်းကို ပျက်ပြားအောင် ပြုလုပ်ခဲ့သည့်နာရေးကို မည်သည့် တာဝန်ရှိသူကမျှ ၀င်ရောက်ထိန်းသိမ်းခြင်း မပြုဘဲ လွှတ်ပေးခဲ့သည်မှာ အာဏာပိုင်အနေဖြင့် မိမိတို့၏ ဘက်လိုက်မှုအား ၀န်ခံခဲ့ခြင်းသာ ဖြစ်ပေသည်။

သေဆုံးသူနှစ်ဦး သင်္ဂြိုလ်ရေးအတွက် လိုအပ်သည့် နာရေးဖိတ်စာမှစ၍ အသုဘထား၊ အသုဘပို့၊ သင်္ဂြိုလ်အခမ်းအနား အသီးသီးကို ပြုလုပ်ရာတွင် နိဗ္ဗာန်ယာဉ်၊ နာရေးယာဉ်များပေါ်တွင် မွတ်စ်လင်မ်ဘက်မှ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် မည်သည့်စကားလုံးကိုမျှ ရေးသားဖော်ပြခြင်း၊ ပြောဆိုခြင်းမပြုခဲ့ဘဲ ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးခဲ့ပေသည်။ တစ်ဘက်တွင် ကွယ်လွန်သူ ဗုဒ္ဓဘာသာဝင်အတွက် အဆိုပါ နာရေးကိစ္စများကို ပြုလုပ်ရာမှာတော့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်။ အော်ဟစ်ဆူညံခဲ့ကြသည်။ အမုန်းပွားစေမည့် စာသားများကို ဖိတ်စာပေါ်တွင် ရိုက်နှိပ်ခဲ့ပေသည်။

အမြင်မတင့် ပုံနှင့်စာများအား နိဗ္ဗာန်ယာဉ်ပေါ်တွင် ချိတ်ဆွဲ၍ အမုန်းတရားကို တိုးပွားစေခဲ့သည်။ စာရွက်စာတမ်းများကို လူအုပ်စုကြား ဝေငှခဲ့ကြသော်လည်း မည်သူကမျှ ၀င်ရောက်ဟန့်တားခြင်း မရှိဘဲ လွှတ်ပေးခဲ့ပေသည်။ နှစ်ဦး သေဆုံးခြင်းတွင် မည်သူမျှ သက်သေအထောက်အထား မပြနိုင်ခဲ့သော်လည်း ၀ီရသူအနေဖြင့် ဦးဆောင်၍ ဗုဒ္ဓဘာသာဝင် သေဆုံးခြင်းကို လုပ်ကြံသတင်းများ ရေးသား၍ လှုံ့ဆော်ခဲ့သည်။ မွတ်စ်လင်မ် သေဆုံးခြင်းကို နှုတ်ဆိတ်၍ နေခဲ့သည်။ ၀ီရသူအနေဖြင့် အဆိပ်ကို သကြားအုပ်၍ ဆေးအဖြစ် လိမ်ညာပြောဆို၍ လူထုအပေါ် လိမ်ညာလုပ်ကြံခဲ့သူဖြစ်သည်။ ၀ီရသူမှ အထောက်အထားမဲ့စွာ စိတ်ထင်သလို ဗုဒ္ဓဘာသာဝင်တစ်ဦး သေဆုံးခြင်းအပေါ် စွပ်စွဲဖော်ပြခဲ့ပြီး မိမိကျူးလွန်ခဲ့သည့် အပစ်တို့ကို သက်ညှာစေလိုခြင်းကြောင့် ယခုလို တစ်ဖက်ဘာသာဝင်များအပေါ်တွင် အပစ်ပုံချခဲ့ခြင်းသာ ဖြစ်ပေသည်။

မွတ်စ်လင်မ်တစ်ဦး သေဆုံးခြင်းအား မျက်မြင်တွေ့ရှိရသူများရှိသည်။ အဆိုပါ မွတ်စ်လင်မ်သည် ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီးမှ အိမ်သို့ပြန်လာစဉ် အပြစ်မဲ့စွာ ၀ိုင်းရိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်ကို မည်သူမည်ဝါက မည်ကဲ့သို့ သတ်ဖြတ်သည်ဆိုခြင်းအား ၀ီရသူ  ဖော်ပြခြင်းမှာ ခိုင်မာသည့် အထောက်အထားမဟုတ်ခဲ့ပေ။ မွတ်စ်လင်မ်များအနေဖြင့် စီးလာသည့်ဆိုင်ကယ်အား တကူးတကန့် ပိတ်စို့တားမြစ်၍ ဟန့်တားသတ်ဖြတ်ခြင်းဆိုသည်မှာ ရယ်စရာဟာသတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ သတင်းလွှင့်ခဲ့ခြင်းသည် မိမိအပစ်ကို သူများအပစ်ဖြစ်အောင် မိန်းမကျင့် မိန်းမကြံ ကျင့်ကြံကာ သတင်းလွှင့်ခဲ့ခြင်းသာ ဖြစ်ပေသည်။ ကလေးအထှာပင် ဖြစ်ပေသည်။

မွတ်စ်လင်မ်များသည် မန္တလေးမြို့သာမက မြန်မာတစ်နိုင်ငံလုံးတွင် မတူညီသောဘာသာတရားများနှင့် စီးပွားဖက်၊ အိမ်နီးချင်းများအဖြစ် ရင်းနှီးချစ်ခင်စွာ နေထိုင်ခဲ့ကြသည်မှာ ၀ီရသူ အဘိုးအဘွား အဆက် (၇၀) ပင် မကနိုင်တော့ပေ။ မွတ်စ်လင်မ်များက တကူးတကန့် ရန်ရှာဖို့ဝေးစွ မိမိတို့ဘာသာတရားအပေါ် တစိုက်မက်မက် စော်ကားနေသည့် ၀ီရသူကဲ့သို့သော ငမိုက်သားမျိုးကိုပင် မည်သို့မျှ ကိုယ်ထိလက်ရောက် လက်တုန့်ပြန်မှု မပြုခဲ့ကြပေ။ ကမ္ဘာပေါ်တွင် အစ္စလာမ့်နိုင်ငံပေါင်း ၅၀ ကျော်ရှိပြီး၊ ယင်း အစ္စလာမ့်နိုင်ငံများတွင် လူမျိုး၊ ဘာသာ ပေါင်းစုံ ရင်းနှီးစွာ နေထိုင်လျက်ရှိပါသည်။ ၀ီရသူပုံဖော်သကဲ့သို့ မွတ်စ်လင်မ်များသည် မတူညီသော ဘာသာတရားများအား ရန်လိုမုန်းတီးနေခြင်းဖြစ်ပါက အစ္စလာမ့်နိုင်ငံများတွင် ဘာသာခြားများ နေထိုင်၍ ရမည်မဟုတ်ပေ။ သီတဂူဆရာတော်အနေဖြင့် မကြာသေးမီက ကာတာနိုင်ငံသို့ သွားရောက်၍ ဗုဒ္ဓသာသနာပြုခဲ့ခြင်းသည် အကောင်းဆုံး သက်သေပင် ဖြစ်ပေလိမ့်မည်။

သမ္မတဦးသိန်းစိန်လက်ထက်အတွင်း မြန်မာပြည်အနှံ့ အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သော မတူညီသည့် ဘာသာတစ်ခုအား ဦးတည်တိုက်ခိုက်နေခြင်းကို တားမြစ်နိုင်ခြင်းမရှိခဲ့သည့်အပေါ် အစိုးရအနေဖြင့် အရည်အချင်းညံ့ဖျင်းသည်ဟူ၍သာ ခေါင်းစဉ်တပ်ရပေမည်။ အရည်အချင်းမရှိခြင်းကြောင့် နိုင်ငံရေးလှည့်ကွက်အဖြစ် ယခုလို ဘာသာရေးအကြမ်းဖက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ထွက်ပေါ်နေသည့် သတင်းများအပေါ် အလင်းမျက်ဝန်းအနေဖြင့်  ထောက်ခံပါသည်။ မန္တလေးဖြစ်စဉ်သည်လည်း မွတ်စ်လင်မ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် ဘာသာရေးအကြမ်းဖက်မှုကို ကျူးလွန်ခဲ့ခြင်းသာဖြစ်ပြီး၊ တာဝန်ရှိ လုံခြုံရေးများရဲ့ ကိုင်တွယ်မှု အားနည်းခြင်း၊ မျှတမှုမရှိခြင်းတို့သည် တမင် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း သုံးသပ်မိပါသည်။

မိမိအသက်အိုးအိမ်စည်းစိမ်အတွက် လမ်းပေါ်ထွက်၍ မဖြစ်မနေ ကာကွယ်ဟန့်တားခဲ့ကြရသည့် မွတ်စ်လင်မ်တို့သည် ဥပဒေဖောက်ဖျက် ကျူးလွန်သူများ မဟုတ်သော်လည်း ဥပဒေကို လိုသလို အသုံးချ၍ မွတ်စ်လင်မ်များအား အရေးယူနေခြင်းသည် တမင်နှိပ်ကွပ်နေခြင်းသာ ဖြစ်ပေသည်။ မိမိကိုယ်မိမိ ကာကွယ်ခြင်းဟူသည် လောက၏ နိယာမပင် ဖြစ်ပေသည်။ မိမိလုံခြုံရေး မိမိမကာကွယ်စေလိုပါက နိုင်ငံ့အုပ်ချုပ်ရေးအတွက် ပြည်သူက တာဝန်ပေးအပ်ထားသည့် အစိုးရအနေဖြင့် မျှတမှုရှိရှိဖြင့် တိုင်းသူပြည်သားတို့အပေါ် ထိရောက်စွာ ကာကွယ်ပေးရမည်သာ ဖြစ်ပေသည်။ အစိုးရအနေဖြင့် လုံခြုံရေးကိစ္စများတွင် တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးရမည်ပင် ဖြစ်ပေသည်။

ဝီရသူအနေဖြင့် ဗလီများတွင် လက်နက်ရှိကြောင်း သွားပုပ်လေလွင့် သတင်းလွှင့်ခဲ့သည်။ မိမိကိုယ်မိမိ ပေါ်ပျူလာဖြစ်ချင်လွန်း၍ ဖုန်းများဖြင့် ခြိမ်းခြောက်ဟန် ဗွီဒီယိုများ ဖန်တီး၍ လုပ်ဆောင်ခဲ့ပြီးနောက် အစိုးရအနေဖြင့် ၀ီရသူကျေနပ်ရေးအတွက်ဟူသော ခေါင်းစဉ်ဖြင့် ဗလီများအား ၀င်ရောက်စစ်ဆေးခြင်းမှာ အဆင့်အတန်း မဲ့လွန်းရာ ကျပေသည်။ ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကမ္ဘာ့မီဒီယာများက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသည့် ၀ီရသူ၏ သတင်းမှားများအပေါ် ယုံကြည်၍ လိုက်နာပေးခဲ့ပြီး၊ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် သတင်းများအား မျက်ကွယ်ပြုခဲ့သည့် အစိုးရ၏လုပ်ရပ်များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသူတို့၏ လုပ်ရပ်မဟုတ်ခြင်းကြောင့် ချွင်းချက်မရှိ ဆန့်ကျင်ပါသည်။

ဇူလိုင် (၃) ရက်ညပိုင်းက ဗလီများကို ရဲများ ၀င်ရောက်စစ်ဆေး၍ မပြောပလောက်သည့် မီးဖိုချောင်သုံး လက်နက်ငယ်အချို့ တွေ့ရှိရသည်ဟူသည့် ခေါင်းစဉ်ဖြင့် လူပုဂ္ဂိုလ် (၅) ဦးကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းသည် လွန်စွာ အောက်တန်းကျသော လုပ်ရပ်များဖြစ်ပြီး မိမိယူရမည့်တာဝန်ကို အပြစ်မဲ့ ပြည်သူတို့အပေါ် ပုံချလိုက်ခြင်းသာ ဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် မွတ်စ်လင်မ်တို့အတွက် စိတ်နှလုံးသားကို အလွန်အမင်း ထိခိုက်ခံစားကြရပေသည်။ အစိုးရအနေဖြင့် တာဝန်မယူရဲသည့်လုပ်ရပ်ကြောင့် မဆိုင်သူများအား ယခုလို စိတ်ဓာတ်ရေးရာ ထိခိုက်စေမှုသည် အလွန့်အလွန်ကို စိတ်ပျက်စရာကောင်းလှပေသည်။

ယင်းကဲ့သို့သော လုပ်ရပ်များကို ရပ်တန့်ပေးကြရန် မေတ္တာရပ်ခံပါသည်။ အစိုးရအနေဖြင့် ပြဿနာကို စတင်ပြုလုပ်သူတို့ကိုလည်း ရှာဖွေအရေးယူဖို့ တိုက်တွန်းလိုပါသည်။ မလိုမုန်းတီးစိတ်များဖြင့် ဘာသာရေး လှုံ့ဆော်နေသူများကို ရှာဖွေဖော်ထုတ်ကာ ကျောသား၊ ရင်သား မခွဲခြားဘဲ အရေးယူပေးမှသာ အစိုးရအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အမှန်တကယ် လိုလားသူများအဖြစ် လူထုမှ အပြည့်အ၀ ယုံကြည်ပေးနိုင်ကြလိမ့်မည်ဟု အလင်းမျက်ဝန်းအနေဖြင့် မျှော်လင့်မိပါသည်။

အယ်ဒီတာချုပ်

မြန်မာနိုင်ငံမှာ ယခင့်ယခင် စစ်အစိုးရ လက်ထက်များကတည်းက ရှုထောင့်စုံ နေရာစုံ ကဏ္ဍစုံမှာ သက်ဆိုင်ရာ အာဏာပိုင်တို့နဲ့ ဝေစား မျှစားတတ်တဲ့ လူအုပ်စု တစ်စု ရှိခဲ့ပေသည်။ ထိုသူများကို ခရိုနီ (ခေတ်ပျက်သူဌေး) များဟု လူသိများလေသည်။

ထိုခရိုနီများသည် လူမျိုးတိုင်း၊ ဘာသာဝင်တိုင်းတွင် သီးသန့် အခွင့်ထူးခံ လူတန်းစားတစ်ရပ်အဖြစ် ရှိနေခဲ့ပြီး အစ္စလာမ်ဘာသာဝင်များတွင်လည်း ရှိနှင့်ပြီး ဖြစ်ပေသည်။

အစ္စလာမ်ဘာသာဝင်များတွင်လည်း ဆောက်လုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေး အစရှိသည့် ရှုထောင့်ကဏ္ဍတိုင်းတွင် ခရိုနီခေတ်ပျက်သူဌေးတို့ ပေါင်းစားခဲ့ကြသည်။

တစ်ဦးအပေါ်တစ်ဦး စီးပွားရေးကို အခြေခံအားပြိုင်ပြီး ခတ်ခဲ့၊ ခွပ်ခဲ့ကြသည်။ ဘ၀ပျက်သူများလည်း ပျက်ခဲ့ကြသည်။ ကောင်းစားသူများလည်း ရှိခဲ့ကြသည်။ ခရိုနီတို့သည် တစ်ဖက်တွင် စစ်အာဏာရှင်နှင့် ပူးပေါင်း၍ မိသားစုတစ်သိုက်၊ ဆွေးမျိုးတစ်သိုက် ကောင်းစားရေးအတွက် လုံးပန်းခဲ့ခြင်းကြောင့် အမည်ပျက် သိက္ခာမဲ့ကာ မျက်နှာငယ်ခဲ့ကြသည်။

ထိုသူတို့အတွက် ငွေသည် ရေကဲ့သို့ ထွက်သော်လည်း၊ သိက္ခာဟူသည် ရွှေထက်ပင် ရှားလောက်အောင် ရှာဖွေခဲ့ကြရသည်။ ထို့ကြောင့် မိမိတို့ပိုင်ဆိုင်မှုတို့ကို သိက္ခာနှင့် အလဲအလှယ် လုပ်လေ့ရှိကြသည်။ ခရိုနီ အများစုသည် ဟိုအဖွဲ့ သည်အဖွဲ့ ဟိုအုပ်စု သည်အုပ်စုတို့အဖြစ် မိမိဖာသာတည်ထောင်၍လည်းကောင်း၊ မောင်ပိုင်စည်းခြင်းဖြင့်လည်းကောင်း နေရာလုယူကာ မိမိတို့သိက္ခာရရှိရေးအတွက် နေရာယူတတ်ခဲ့ကြသည်။နေရာနှင့်လိုက်ဖက်စွာ စီးပွားရေးကို အမြတ်ထုတ်တတ်ခဲ့ကြသည်။

တရားသောစီးပွားရေး၊ မတရားသောစီးပွားရေး (တစ်နည်း ဟလာလ် ဟရာမ်) မခွဲတော့၊ လူအများရဲ့မျက်နှာကို မထောက်တော့ဘဲ မိမိအတ္တအတွက် ရသမျှကို သိမ်းပိုက်ခဲ့ကြသည်။

ထိုသူတို့သည် နှစ်ပေါင်းများစွာကတည်းက အခြားအရေးများတင်သာမက ဘာသာရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင်ပါ ၀င်ရောက်စွက်ဖက်၍ ကိုယ်ကျိုးစီးပွား ရှာခဲ့ကြသည်။ အထင်ရှားဆုံးမှာ ဟဂ်ျခရီးစဉ် အကျိုးဆောင်မှုများပင် ဖြစ်ပေသည်။

ဟဂ်ျဟူသည် အစ္စလာမ်ဘာသာ၏ ပဉ္စမမြောက် မဏ္ဍိုင်ကြီးဖြစ်ပြီး တတ်နိုင်သူများအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ကြီးတစ်ရပ် ဖြစ်ခြင်းကြောင့်၊ မွတ်စ်လင်မ်များအနေဖြင့် ယင်းကိစ္စအား ရှောင်လွှဲ၍ မရနိုင်ပေ။

ယင်း ဟဂ်ျတာဝန်အတွက် နိုင်ငံတကာတွင် ငွေကြေးချမ်းသာသူများက ဟာဂျီများအဆင်ပြေစေရေးအတွက် ၀န်ဆောင်မှုကောင်းအောင် အပြိုင်အဆိုင် လုပ်ဆောင်ကာ လုယက်၍ ကူညီနေကြချိန်တွင် မြန်မာနိုင်ငံမှ အရှိန်မသေသေးသော ခရိုနီတို့က အလုအယက်ဖြင့် စားခွက်ကြီးတစ်ခုပမာ ၀ိုင်းလုနေကြပေသည်။

နှစ်စဉ် ထိုသို့လုယက်သည့် ကာလတစ်ခုရောက်တိုင်း ဆူညံပွက်လော ရိုက်လေ့ရှိကြသည်။ ထိုနေရာများတွင် တရားခြင်း၊ မတရားခြင်းဟူသည်အား မသိ မမြင်နိုင်တော့ဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ ကိုက်ကြ ခွေ့ကြလေ့ရှိသည်။ ယခုနောက်ပိုင်းနှစ်များတွင် နှစ်စဉ်လိုလို ခပ်စိတ်စိတ် ဖြစ်လာရပြီး အဝေမတည့်ခြင်းကြောင့် နစ်နာရသူမှာ မွတ်စ်လင်မ်လူထုသာ ဖြစ်ခဲ့ရသည်။အပြိုင်အဆိုင် အစွယ်ထုတ်၊ အသံပေးကာ အမိအရ လုယူခဲ့ကြသည်။ အခွင့်သာသလို ရသမျှ အခွင့်အရေးများကို ကိုက်ဆွဲလုယက်ခဲ့ကြသည်။

ယခုနှစ်တွင် မီဒီယာများကလည်း ဟဂ်ျလောကသို့ ၀င်ရောက်လာကြလေပြီ။ မိမိတို့ လိုရာကို သတင်းဦး သတင်းထူးအဖြစ် ဖော်ပြ၍ မွတ်စ်လင်မ်များအကြား ရေပန်းစား ကျော်ကြားစေခဲ့သည်။ နှစ်ဖက်ပြိုင်ဆိုင်မှုအတွင်း တစ်ဖက်ကို ၀င်မရပ်မိဖို့ အရေးကြီးလှပေသည်။ မီဒီယာတို့သည် သတင်းဦးခြင်းထက် သတင်းပီသခြင်း သတင်းလက္ခဏာ ပြည့်စုံခြင်းကို တန်ဖိုးထားကြဖို့ အရေးကြီးလှပေသည်။

ယခု ရက်ပိုင်း သတင်းများတွင် ဟဂ်ျခရီးစဉ်နှင့်ပတ်သက်၍ သတင်းများ ဝေေ၀ဆာဆာ ထွက်ပေါ်လာခဲ့ပြီး ရှုထောင့်မျိုးစုံဖြင့် တင်ပြလာကြသည်။ တင်ပြမှုများတွင် ကွဲလွဲချက်များ ရှိနေသည်။ မိမိတို့ လုပ်ထုံးလုပ်နည်းများနဲ့အညီ လုပ်ကိုင်ဆောင်ရွက်မှုအတွက် မည်သည်ကိုမှ ဝေဖန်မှု မပြုလိုသော်လည်း တစ်ဖက်ကို စောင်းပေး၍ အခြားတစ်ဖက်ကို ထိခိုက်နစ်နာစေနိုင်သည့် တင်ပြခြင်းတို့အား ရှောင်ရှားကြစေလိုသည်။

အချုပ်ပြောလိုသည်ကတော့ ခရိုနီတို့သည် ဟိုးအရင်ကတည်းက ခြေရှုပ်ခဲ့ကြသည်။ ယနေ့ခေတ်တွင် ပို၍ ရှုပ်လာကြသည်။ အရှုပ်တော်ပုံများကို ပုံပျက်ပန်းပျက်နိုင်စွာ ကျူးလွန်လာကြချိန်တွင် မီဒီယာတို့သည်လည်း ၀င်ရောက်၍ အသုံးချခံမဖြစ်သွားဖို့ အရေးကြီးလှပေသည်။ မိမိတို့ ပရိသတ်တိုးပွားရေးအတွက်လည်း သတင်းတွေ ဝေဆာစွာ တင်ပြမှုများအတွင်း တစ်ဖက်ကိုထိုး တစ်ဖက်ကိုပိုး ဟူသောပုံစံများ မဖြစ်ရေး ရှောင်ရှားကြစေလိုသည်။ လူထုအတွက် စေတနာရှိစွာ လုပ်ဆောင်စေလိုသည်။ မီဒီယာသည် ကြားတွင် ရပ်တည်ရသည် မှန်သော်လည်း အမှန်တရားပေါ်တွင် ရပ်တည်တတ်မှ လူထုအပေါ် အကျိုးပြုခြင်းနဲ့ မီဒီယာပီသခြင်း မည်ပေလိမ့်မည်။

ဟဂ်ျခရီးစဉ်နဲ့ပတ်သက်ပြီး အသံမျိုးစုံကို ဆိုင်ရာတို့က ကိုယ်စီ ထုတ်လာကြသည်။ ဟဂ်ျခရီးစဉ်၏ အချိန်နီးကပ်လာသည်နှင့်အမျှ တစ်လိမ် နှစ်လိမ် ပွေလိမ်ရှုပ်ခြင်းကလည်း ကြီးထွားလာရလေပြီ။ ဘာသာရေးအဖွဲ့အနေဖြင့်လည်း တစ်နှစ်ပြီးတစ်နှစ်သာ ပြောင်းလာခဲ့ရပြီး ထူးခြားသည့် ပြောင်းလဲခြင်းမျိုး သိပ်မရှိလှသော်လည်း ဟဂ်ျခရီးစဉ်နှင့်ပတ်သက်၍တော့ နှစ်စဉ် အပြောင်းအလဲများကို ၀ီရိယရှိရှိ လုပ်လေ့ရှိသည်။ ယခုနှစ်တွင် မြန်မာမွတ်စ်လင်မ် ပြည်သူများအပေါ် ဂုတ်သွေးစုပ်ခြင်းကြောင့် အဆမတန်ကြီးမားလွန်းနေသည့် ဟဂ်ျဈေးနှုန်းများကိုတော့ လျှော့ပေါ့သွားစေရေး အပြောင်းအလဲကြီးအတွက်ကိုလည်း ဘာသာရေးအဖွဲ့ဆိုသူတို့အနေဖြင့် လုပ်ဆောင်ပေးကြဖို့ အများမွတ်စ်လင်မ်တို့ကိုယ်စား တိုက်တွန်းလိုက်ရပေသည်။

ခေဋီဈက်အို | အလင်းမျက်ဝန်း


ဆီးဂိမ်းပြီးတော့ ရခိုင်ပြည်နယ်မှာ ဘာသာရေးအကြမ်းဖက်မှုတွေ ပြန်လည်လှုပ်ရှား အသက်ဝင်လာနေပြီ ဖြစ်သလို၊ ပြည်မမှာလည်း ဟိုတစ်စ ဒီတစ်စနဲ့ ဖြည်းဖြည်းချင်း လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်လာနေပါပြီ။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ (၁၅) ရက်နေ့ ညပိုင်းကလည်း သင်္ဃန်းကျွန်းမှာ ဘုန်းကြီးကားတိုက်သေခြင်းကို အကြောင်းပြု၍ မငြိမ်မသက် ဖြစ်ခဲ့ရပြန်ပါသေးသည်။ ဒါတင်မကသေး။ ရန်ကုန်နားက ဒလမြို့နယ်မှာလည်း မတည်ငြိမ်မှုရဲ့ စိုးရိမ်မှတ်ကို ရောက်ရှိခဲ့ကြရပြန်ပါသည်။

မွတ်စ်လင်မ် အများစုနေထိုင်သော မအူကုန်းရပ်ကွက်၏ လမ်းကျယ်ထိပ်တွင် 969 အကြမ်းဖက် သီချင်းများအား ဆူဆူပွက်ပွက် ဖွင့်ထားရင်း အကြမ်းဖက်မှုကို အသက်သွင်းဖို့ ကြိုးစားနေသည်ဟူသည့် သတင်းတို့ကိုလည်း ကြားရပါသည်။

မန္တလေးမြို့တ၀ိုက်မှာလည်း ဇန်န၀ါရီ (၁၅) ရက်မတိုင်ခင်ကတည်းက ဟိုအဖွဲ့နဲ့ပါတ်သက်တဲ့သတင်းကြောင့် အားလုံး သတိနဲ့ နေကြရပါသည်။

အခြား အခြားသော နေရာတွေမှာလည်း ကိုယ်စီ စိုးရိမ်စိတ်တွေနဲ့ ထိတ်လန့်လာကြရပြန်ပါပြီ။

နောက်ထပ် ဘယ်နေရာမှာ ဘယ်လိုတွေ ဖြစ်လာအုံးမလဲဆိုတာ ရင်တမမနဲ့ပါ။

ကျွမ်းကျင်သူတွေကတော့ စစ်ခွေးတွေနဲ့ ခွေးရိုးစားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက် ဘာသာရေး အကြမ်းဖက်မှုတွေဖန်တီးပြီး အကွက်ဆင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါသည်။

ဒီမိုကရေစီခေတ်တွင် အကြောင်းမဲ့ ပိတ်ပင်တားဆီးခွင့်များ ဆုံးရှုံးလက်လွှတ်လိုက်ရသော အာဏာရှင်တို့သည် မိမိတို့၏ အတိုက်အခံဖြစ်သော လူထုယုံကြည်ကိုးစားနေသူ လူထုခေါင်းဆောင်တစ်ဦး၏ အရှိန်ရောင်ဝါအောက်တွင် နေမင်းကြီးရှေ့ ဖယောင်းတိုင်လေး မီးထွန်းထားသည့်သဖွယ် ယှဉ်နိုင်ဖို့ စွမ်းရည်မရှိသည့်အတွက် မစားရသည့်အမဲ သဲနဲ့ပတ်ဖို့ ပြည်သူတို့၏ အသက်သွေးများကို အကြမ်းဖက် ဆူပူမှုများဖြင့် စတေးလာကြမည်ကို အထူး စိုးရိမ်မိပါသည်။

မကြာသေးခင်ကပဲ ကမ္ဘာကျော် စစ်သွေးကြွ သင်္ဃန်းဝတ် အကြမ်းဖက်သမားက လူထုခေါင်းဆောင်ကို ထွက်ကိုက်လာသည့်အပေါ် လူထုရဲ့ စည်းလုံးညီညွတ်မှုအင်အားနဲ့ ဆုံးမလိုက်ခြင်း ခံရကာ ကျောကော့၍ ငြိမ်ကျသွားခဲ့ရရှာပါသည်။ သို့သော် လိပ်တွေလို ခဏတာ ခေါင်းဝင်လျှိုလိုက်ပြီး နောက်တစ်မျိုး ပေါ်လာတတ်ပါသည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့ မန္တလေးက ဘုန်းကြီးဟောပြောပွဲတစ်ခုမှာ ရခိုင်ဘုန်းကြီးကတဆင့် ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဖို့၊ သမ္မတ သိန်းစိန်ကို မဲပေးဖို့ဆိုပြီး အမှာပါးလိုက်တာကြောင့် မီဒီယာတွေမှာ ဒီနေ့ထိ ပွက်လောရိုက်ခဲ့ရပါတယ်။

အရှက်တွေလဲ တစ်ခါက နှစ်ခါ၊ နှစ်ရှက်ကနေ အရှက်မရေမတွက်နိုင်အောင် ဗျန်းဗျန်းတွေ ကွဲခဲ့ရဖူးတဲ့ စားနေကြ ကြောင်ဖားကြီးတွေဟာ ကြာကြာ ရေငုပ်နေကြမှာ မဟုတ်ဘူးဆိုတာ သတိထားကြပါတော့လို့ သတိပေးရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။

အယ်ဒီတာ

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.