ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ကောက်ရိုးပုံထဲက အပ် (သို့) သမုဒ္ဒရာထဲက မတ်စေ့ ကို ရှာဖွေတွေ့ရှိသူ


۩   မှတ်မှတ်ရရ (၁၅.၅.၁၉၉၀) နေ့ကပါ။

မော်လမြိုင် - ကျိုက်မရော ကားလမ်းမဘေးမှာ တည်ရှိတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ထိန်းဗျောကျေးရွာအုပ်စုရဲ့ ဘုရားကုန်းကျေးရွာမှာနေတဲ့ ဦးဘာဆာ + ဒေါ်နူရ်ဘီ တို့ဆီကို မကွေးမှာ သွားနေတဲ့ သူတို့သားမက် အရေးတကြီး ရောက်လာတယ်။

“ အပါနဲ့အမာရေ၊ အပါနဲ့အမာတို့သမီးက မွေးခါနီး ဖွားခါနီးမှ ဒီခြံက ထွက်တဲ့ ကြက်မောက်သီး စားချင်ပါတယ်လို့ ချင်ခြင်းတက်တာနဲ့ ကျနော် လာခဲ့ရတာပဲ ” လို့ အမောတကော ပြောတော့တာပဲ။

သူတို့သမီးဟာ အခုရောက်လာတဲ့ မုတ္တမဘက်က သူနဲ့ အိမ်ထောင်ကျတာပါပဲ။ ဒါပေမယ့် သမီးနဲ့ သားမက်က မွေးရပ်ဌာနေ ကျိုက်မရာမြေကို စွန့်ခွာပြီး မကွေးမြို့ကို ပြောင်းရွှေ့သွားရတယ်။ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူတဲ့အတိုင်း ဦးဘာဆာတို့ ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာဘူးပေါ့။ ဒီလိုနဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်ယာခြံမြေ လုပ်ငန်းကို အစဉ်တစိုက် လုပ်ကိုင်လာလိုက်တာ မကွေးက သမီး အခု တတိယကိုယ်ဝန် ရတဲ့အထိပါပဲ။

သြော် သမီးဖြစ်သူခမျှာမှာလဲ သူ့တင်ပါးဆုံရိုးက ကျဉ်းရှာတဲ့အတွက် ဖွားရိုးဖွားစဉ် မီးမဖွားနိုင်ရှာဘဲ အရင်ကလေး နှစ်ယောက်ကို ဗိုက်ခွဲမွေးခဲ့ရတယ်။

ဦးဘာဆာ တို့ လင်မယား ဗျာများရပြီပေါ့။ သမီးကလေးကိုလဲ သွားပြီး အားပေးချင်။ ဒီမှာကလဲ မိုးဦးကျစ အသီးအပွင့်တွေ လှိုင်လှိုင်ပွင့်ချိန်၊ ထွက်လာမယ့် အသီးက ရာသီကုန်မို့ ဈေးအမီ ပို့ဖို့ အရေးကြီးတယ်။ ဒီအထဲ ရွာထိပ်က ဗလီမှာ (သဗ်လီးဂ်) ဂျမာအသ်အဖွဲ့သားများ ရောက်နေလို့ သွားရောက် နှုတ်ဆက်ချင်တာနဲ့ ဦးဘာဆာတို့ လင်မယား ဗျာများနေပုံကတော့ ပြောမဆုံးနိုင်စရာပါပဲ။

ဒီလိုနဲ့ ဦးဘာဆာတို့မိသားစု သားမက်နဲ့ တိုင်ပင် ဆွေးနွေးကြတယ်။ သားမက်ကို ကျိုက်မရောမှာ ခေတ္တခဏသာ နေစေပြီး မုတ္တမကိုပြန်၊ မုတ္တမကတစ်ဆင့် (၁၈-၅-၉၀) ရထားလက်မှတ်ဝယ်ပြီး အဲဒီနေ့မှာပဲ ရန်ကုန်ကနေ မကွေးကို ပြန်ဖို့ အစီအစဉ် လုပ်ကြတယ်။ ဦးဘာဆာတို့က သမီးစားဖို့အသီးကို ရွေးချယ် ခူးဆွတ်ပြီး မုတ္တမ ဘူတာအရောက် အချိန်မီလာပို့မယ်။ ရာသီကုန် ခြံထွက်သီးနှံတွေကို ဆွတ်ပြီးရောင်းပြီးတာနဲ့ ချက်ချင်း မကွေးကို ဦးဘာဆာလိုက်ခဲ့မယ်လို့ သဘောတူလိုက်ကြတယ်။

ဒီလိုနဲ့ ဦးဘာဆာလဲ စိတ်အနည်းငယ် သက်သာရာရပြီး အဆွာရ်စွလာသ် (ညနေပိုင်းဝတ်ပြုမှု) ဝတ်တက်ဖို့ ဗလီကို လျှောက်လာ၊ ဗလီထဲဝင်၊ ဝိုဇူပြု (ကိုယ်လက်သန့်စင်)၊ ဝတ်တက်ပြီးတော့ ဗလီထဲရောက်နေတဲ့ ဂျမာအသ် (နယ်လှည့် တရားအားထုတ်သူများ) အဖွဲ့က အမီးရ်ဆဗ်ရဲ့ ဖိတ်ခေါ်ချက်အရ သဗ်လီဂ် (တရားအားထုတ်မှု) ထိုင်ဝိုင်းမှာ ဝင်ပြီးထိုင်လိုက်တယ်။

ဦးဘာဆာဟာ အဆွာရ် (ညနေပိုင်းဝတ်ပြုမှု)၊ မဂ်ရစ်ဗ် (နေဝင်ချိန်ဝတ်ပြုမှု)၊ အေရှာ (ညဥ့်ဦးပိုင်းဝတ်ပြုမှု) အားလုံးကို ဂျမာအသ်အဖွဲ့သားများနဲ့အတူ ဝတ်ပြုပြီးတော့ သမီးလေးမွေးဖွားမယ့်ကိစ္စအတွက် အရှင့်ဘက်တော်က ကူညီစောင့်မမှုရရှိဖို့ ဆုတောင်းခဲ့တယ်။

ဒီအထဲ အမီးရ်ဆဗ် (တရားအားထုတ်အဖွဲ့ကို ဦးဆောင်သူ) ရဲ့ ဖိတ်ခေါ်ချက်အရ စိတ်နှလုံးအေးချမ်းစေဖို့ အနည်းဆုံး (၁၀) ရက်လောက်တော့ အလ္လာဟ့်လမ်းမှာ တရားအားထုတ်ကျင့်ကြံနေထိုင်လိုတယ်။ ဂျမာအသ် အဖွဲ့သားများကလဲ ဒီမှာ (၁၀) ရက် နေမှာဆိုတော့ အတော်ပဲပေါ့။ ခြံကိစ္စကတော့ ကလေးတွေကြည့်ပြီး စီမံလိမ့်မယ်။ သဗ်လီဂ် (တရားအားထုတ်မှု) အလုပ်ဆိုတာ အလွန်မွန်မြတ်တဲ့အလုပ်။ ဧည့်သည် ဂျမာအသ် အဖွဲ့သားများထဲ ရပ်ဝေးမှလာသူများမို့ ရွာခံတစ်ယောက်အနေနဲ့ စောင့်ရှောက်ရမယ့် တာဝန်ကရှိနေတော့ အမီရ်ဆဗ်ရဲ့ ဖိတ်ခေါ်ချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တယ်။ ဒီတော့ ဦးဘာဆာ တစ်ယောက် အိမ်ပြန် အိပ်ရာလိပ်ယူ၊ စီမံစရာတွေစီမံပြီး ဗလီကိုညအိပ်နေဖို့ ပြန်လာလိုက်ရတာပေါ့။

ဖြစ်ချင်တော့ သားမက် မုတ္တမကနေ ရန်ကုန်မှတစ်ဆင့် မကွေးပြန်မယ့်နေ့မှာ သမီးစားဖို့ အသီးအနှံတွေကို လိုက်ပို့မယ့် ဇနီး ဒေါ်နူရ်ဘီ တစ်ယောက် ဗလီဘေးပေါက်ရောက်လာပြီး...

“ ဒီနေ့ အသီးတွေ အထွက်များလွန်းလို့ ဈေးကွက် အမီမပို့ရင် ပုပ်ကုန်လိမ့်မယ်။ ဖြစ်နိုင်ရင် ဦးဘာဆာ မုတ္တမသွားပြီး သမီးအတွက် အသီးအနှံတွေ ပို့ပေးလိုက်ပါ ”

...လို့ တိုးတိုးတိတ်တိတ်ပြောလာတော့ ဦးဘာဆာက မိမိ (၁၀) ရက် ဂျမာအသ် ဝင်နေကြောင်း လိုက်ပို့လို့ မဖြစ်ကြောင်း၊ ပျက်ကွက်မခံနိုင်ကြောင်းပြောနေတုန်း အမီရ်ဆာဗ် ရောက်လာပြီး အကျိုးအကြောင်းမေးတော့ ဒေါ်နူရ်ဘီ ခမျှာ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရှာတော့တယ်။

ဒီတော့ အမီးရ်ဆဗ်က ဦးဘာဆာကို ဖျောင့်ဖျပြောဆိုပြီး အလုပ်ကိစ္စအတွက် မုတ္တမကို သွားဖို့ တိုက်တွန်းကာ ခွင့်ပြုလိုက်တယ်။ ပြီးတော့ အမှာစကား တစ်ခုကိုလဲ မှာလိုက်တယ်။

(၁) အစ္စလာမ်မှာ အတင်းအကျပ် ဇွတ် အဓမ္မ လုပ်ခွင့်မရှိဘူး။

(၂) ရောက်လေရာ အရပ်မှာ အလ္လာဟ်ကို အားထားပြီး လမ်းမမြင် ကမ်းမမြင် အခြေအနေမျိုး တွေ့ဆုံနေခဲ့ရင် စူရာယာစီးန် (ကုရ်အာန်ကျမ်းထဲမှ ကဏ္ဍအမှတ်စဉ် ၃၆) တစ်ကြိမ်ဖတ်ပြီး အလ္လာဟ့်ထံ လမ်းညွှန်ပြရန် တောင်းဆိုပါက မုချ အလ္လာဟ့်ဘက်မှ إِنْشَاءاَللهُ အကူအညီ ရောက်လာပါလိမ့်မယ်။

ဦးဘာဆာလဲ ခွင့်ပြုချက် ရလျှင်ရချင်း အိမ်ပြန်၊ အသီးထည့်ထားတဲ့ တောင်းကိုဆွဲ၊ မော်လမြိုင်ဘက် ထွက်မယ့် ဒတ်ဆန်းအမြန်ယာဉ်ပေါ်တက်ပြီး လိုက်လာခဲ့တော့တယ်။ ဒေါ်နူရ်ဘီ က ထည့်ပေးလိုက်လို့သာ ခရီးသွားမှတ်ပုံတင်နဲ့ ခရီးစရိတ် သူ့အိတ်ထဲ ပါလာတာလေ။ ဒီကြားထဲ အမြန်လိုခါမှ အနှေးတွေ ဖြစ်ရပြန်လေရော။ ဂျက်လေယာဉ်ကတောင် အရှုံးပေးရမယ့် ဒတ်ဆန်းကား လမ်းမှာ ပျက်တော့တာပါပဲ။ စိတ်ပျက်စရာ ကောင်းလိုက်တာ၊ တစ်နာရီလောက် ကြာတော့မှ ကားစက်က နိုးတော့တယ်။

ကမန်းကတန်း ဦးဘာဆာ အချိန်ကြည့်လိုက်တော့ မွန်းလွဲတစ်နာရီ ထိုးခါနီးနေပြီ။ (၁း၄၀) ဆို ရထားက ထွက်တော့မှာ။ အိုအလ္လာဟ်အရှင်မြတ် ကူညီတော်မူပါ။

ကျိုက်မရောနဲ့ မုတ္တမကြား ရောက်သင့်တဲ့ အချိန်ထက် တစ်နာရီ နောက်ကျတယ်ဆိုရင်ပဲ ရန်ကုန်ရထား မီဖို့ ဆိုတာ မစဉ်းစားနဲ့တော့။

တော်ပါသေးရဲ့။ မုတ္တမ ဆိပ်ကမ်းကနေ သားမက်ရဲ့ မိဘနှစ်ပါးလုံးက ဦးဘာဆာကို စောင့်ကြိုနေလို့သာပေါ့။ အကျိုးအကြောင်းပြော။ ခမက်တော်တို့ နေထိုင်ရာ ကော့စိုင်ရွာ လိုက်သွားပြီး ဘယ်လိုလုပ်ကြမလဲ ဆိုတာ တိုင်ပင်ကြပြန်တယ်။

ကိုယ်ဝန်သည်သမီး စားရဖို့က အရေးကြီးတယ်။ ဟော အခု ရထားမမီဘူး။ အချိန်မီ မရောက်ရင် အသီးတွေ ပုပ်ကုန်တော့မယ်။ ပြီးတော့ ကိုယ်ဝန်သည်ခမျှာ မစားရလို့ ချင်ခြင်းမပြေရင် စိတ်အနှောင့်အယှက် ဖြစ်ရတော့မယ်။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ရတော့မယ်။ ဦးဘာဆာ ရင်ထဲ မီးဟုန်းဟုန်း တောက်လေပြီ။

ဒီမှာတင် သားမက်ရဲ့ အဖေက...

“ ကဲ ကိုဘာဆာ။ ခင်ဗျားအိမ်က ထွက်လာပြီပဲ။ အိမ်ပြန်ဖို့တော့ မစဉ်းစားနဲ့တော့၊ စရိတ်စက က အကြောင်း မဟုတ်ဘူးဗျာ။ အရေးကြီးတာက သမီးအတွက်ဗျ။ ခင်ဗျားလဲ သမီး။ ကျနော်လဲ သမီးပါပဲ။ ကျနော်တို့ နှစ်ယောက် အတူတူသွားပြီး၊ ရန်ကုန်က ဟနစ် တို့ အိမ် ဝင်လိုက်ရင် ကျုပ်သားကို မီမှာပါ။ ဘာဖြစ်လို့တုန်းဆိုတော့ သားက ရန်ကုန်ဝင်ပြီး ဟနစ်တို့အိမ်မှာ တစ်ညအိပ်မှာ ဆိုတော့ မနက်ဖြန် (၁၉-၅-၉၀) မှာ မနက်စောစော ထွက်တဲ့ကားနဲ့ ရန်ကုန်သွားကြရင် မီနိုင်တာပေါ့။ စိတ်မပျက်ပါနဲ့ ”

သူ ဖျောင်းဖျတာနဲ့ (၁၀) ရက်နေ့ ည မှာ မုတ္တမက ကော့စိုင်ရွာလေးမှာပဲ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ မိုးလင်းရတော့တယ်။

ဒါပေမယ့် မနက်မိုးလင်းလို့ ကားပေါ်တက်၊ ကားထွက်ခါနီးကျမှ ကိုရွှေခမက်တော်ကြီး ဘာစိတ်ကူးပေါက်တယ် မသိဘူး။ သူမလိုက်လိုတော့ကြောင်း ဦးဘာဆာပဲ သွားလိုက်ပါတော့လို့ အတန်တန် တောင်းပန်တာနဲ့ သမီးဇောကပ်နေတဲ့ ဦးဘာဆာဟာ ဘာမှ ခွန်းတုံ့ပြန် မနေတော့ဘဲ ရန်ကုန်ကို လိုက်လာခဲ့တယ်။ တစ်လမ်းလုံးလဲ စိုးရိမ်ကြောင့်ကြ ဗျာပါဒတွေ ဖြစ်လာခဲ့ရတာပေါ့။

ဒီလိုနဲ့ နောက်ဆုံး နေ့ခင်း (၃) နာရီလောက်မှာ ရန်ကုန်-ဆင်မလိုက် အဝေးပြေး ကားဂိတ်စခန်း ကို သူစီးတဲ့ကားလေး ဆိုက်ရောက်လို့ လာပါတော့တယ်။ စားရမှန်း သောက်ရမှန်းလဲ မသိတော့။ အို - ယုတ်စွ အဆုံး အပေါ့အပါးတောင် သွားရကောင်းမှန်း သတိမရတော့ပါဘူး။

ဟော... ငါ အခု ရန်ကုန် ကားဂိတ်ကိုတော့ ရောက်လာပြီ။ ဟနစ်တို့အိမ် သွားမယ်ဆိုပြီး အားရဝမ်းသာ ကားပေါ်က ဆင်းလိုက်တယ်။ သူ့ခြေဖဝါးနဲ့ ရန်ကုန်မြေ ထိတွေ့လိုက်ရတော့မှ သက်ပြင်းချပြီး အလ္လာဟ်အရှင်မြတ်ကို တသ မိလိုက်ပါတော့တယ်။

“ အို! အလ္လာဟ် အရှင်မြတ် ကယ်မတော်မူပါ။ ကျွန်တော်မျိုး တစ်သက်မှာ ဒီတစ်ခါသာ ရန်ကုန်ရောက်ဖူးတဲ့လူပါ။ အခု ဟနစ်ကိုသာ သိပါတယ်။ ဟနစ် လိပ်စာ မပါခဲ့ပါဘူး။ ခမက်ကလဲ မပြောလိုက်ပါဘူး၊ အို! အလ္လာဟ်၊ ဒီရန်ကုန်မြို့ကြီးမှာ ကျွန်တော်မျိုး ဘယ်ကိုသွားရပါ့မလဲ ”

ဦးဘာဆာ စီးလာတဲ့ ကားကလဲ ဂိတ်ဆုံးရောက်လို့ ခရီးသည်များ ချပြီး ထွက်သွားပြီ။ ခရီးသည်တွေလဲ အသီးသီး လိုရာသွားကုန်ကြပြီ။

မဟာရန်ကုန်လို မြို့ကြီးမှာ ငါ ဘယ်သူ့ဆီသွားပြီး အကူအညီ တောင်းရမလဲ။ အို! အလ္လာဟ်၊ ကျွန်တော်မျိုးအဖြစ်ကို ကြည့်ပါဦး။ မော်လမြိုင်က ဟနစ်လို့ ပြောရုံနဲ့ ဒီလူတွေ မဖြေနိုင်ပါဘူး။ မကူညီနိုင်ပါဘူး။ အိမ်နံပါတ်မသိ လမ်းနာမည်မသိနဲ့ ရိုးသားတဲ့ ဒီကျေးတောသား ရန်ကုန်မြို့မှာ ဟနစ်ကလွဲလို့ ဘယ်သူ့ကိုမှ မသိပါဘူး။ ဘယ်နေရာကမှ အကူအညီ တစ်စုံတစ်ရာ ရလမ်းမမြင်ရပါဘူး။ ကမ်းမမြင် လမ်းမမြင် ကျွန်တော်မျိုး ဘဝပါ အလ္လာဟ်။

ရင်ထဲက လှိုက်ဝေ ဆူပွက်လာတဲ့ အကြောက်တရားဟာ မျက်လုံးမှာ မျက်ရည်အဖြစ် ရောက်လာပြီး၊ အသက် (၆၀) ကျော် ကျေးတောသားကြီး ဦးဘာဆာ တစ်ယောက် ကလေးငယ်တစ်ဦး ပမာ ကြူကြူပါအောင် ငိုပွဲဆင်ရလေပြီ။

ဒီအချိန်မှာပဲ မိန်းမကြီးတစ်ယောက် သူ့အနား ရောက်လာပြီး...

“ ဒီမယ်... ရှင့် ဒီမယ်... ဘာဖြစ်လို့ ငိုနေတာတုံး ”

သူမက ညင်ညင်သာသာလေး မေးတော့မှ ဦးဘာဆာတစ်ယောက် ပတ်ဝန်းကျင်ကို ဂရုပြုမိတော့တယ်။ အို ရှက်လဲ ရှက်မိပါရဲ့။ ရှက်လဲ မရှက်နိုင်တော့ပါဘူး။ ဦးဘာဆာ ကျမျက်ရည်တွေကို သုတ်လိုက်ရင်း ရှက်စနိုး အမူအရာနှင့်...

“ အစ်မရာ ကျုပ်ဖြင့် ဘယ်ကိုမှ မသွားတတ်တော့ပါဘူး။ ဒီရန်ကုန်မှာ ကျုပ်ညီဝမ်းကွဲ ဟနစ် ရှိတယ်။ သူ့ဆီသွားမလို့ လာတာ၊ လိပ်စာမသိ၊ လမ်းမသိ။ ခရီးစရိတ်ကလဲ ပြတ်နေပြီ၊ ကျုပ်ဖြင့် ဘာမှမကြံတတ်တော့ပါဘူး၊ အစ်မရာ ”

...ပြန်ပြောရင်း မျက်ရည်က ပြန်ကျလာပြန်တယ်။

ဒီတော့ သတင်းမေးတဲ့ မိန်းမကြီးလဲ...
“ အေးပေါ့လေ... ရန်ကုန်မှာ သွားချင်တဲ့ဆီ မပြောနိုင်ရင် ဘယ်သူ လိုက်ပို့နိုင်မှာလဲ။ ဘုရားတရား အောက်မေ့ပါတော့ကွယ်။ လူတိုင်းကို မယုံနဲ့နော်။ ကဲ... ကျုပ်လဲသွားစရာရှိလို့ သွား လိုက်ဦးမယ် ”
...လို့ ပြောပြီး ဦးဘာဆာ ရှေ့က ထွက်သွားပါလေရော။

ဦးဘာဆာ ကျောက်ရုပ်လို မတ်တပ်ရပ်နေရာက သက်ဝင် လှုပ်ရှားလာပြီး၊ ပတ်ဝန်းကျင်ကို ကျီးကန်း တောင်းမှောက် လိုက်ကြည့်မိတယ်။ စောစောက မိန်းမကြီးပြောသွားတဲ့ အထဲက ဘုရားတရား ဆိုတဲ့ စကားလုံးကို သတိရလိုက်တယ်။

‘ အလို - ယာ အလ္လာဟ်။ ငါဟာ အစ္စလာမ် တစ်ယောက်ပါလား။ အစ္စလာမ်ဆိုတာ အလ္လာဟ်မှတစ်ပါး ဘယ်သူ့ကိုမှ အားမကိုးရဘူးလေ။ အလ္လာဟ်သည်သာ အားထားစရာ။ အလ္လာဟ်သည်သာ ညွှန်ပြနိုင်သူ။ အလ္လာဟ်သည်သာ ကယ်မနိုင်သူ။ ငါ့ကို ဂျမာအသ်က အမီးရ်ဆဗ်က သတိပေးလိုက်သားပဲ။ ကမ်းမမြင် လမ်းမမြင် အကျပ်အတည်း အခက်အခဲ ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ တွေ့ခဲ့ရင် စူရာယာစီန်း ကို ဖတ်၊ အလ္လာဟ့်ဘက်က အကွယ်ကနေ အကူအညီတွေပေးမယ်လို့ သင်ပေးလိုက်သားပဲ။ ’

‘ ငါဟာ အလ္လာဟ်နဲ့ အလ္လာဟ့် သာသနာကို ယုံကြည်တဲ့ အီမာန်ရှင် (ယုံကြည်သူ) မဟုတ်လား။ ဒီတော့ ငါ့အခု စူရာယာစီန်း ကို ဖတ်မှပဲ ’ လို့ အာရုံကို စုစည်းပြီး မျက်လုံး စုံမှိတ်လို့ ဦးဘာဆာ တစ်ယောက် တစ်သက်လုံးက အလွတ်ကျက် ဖတ်လေ့ရှိလာခဲ့တဲ့ စူရာ ယာစီန် ကို အအူသို ဗစ္စမစ်လ္လာဟ်နဲ့တကွ စတင်ဖတ်ရွတ်တော့တာပဲ။

အို - အံ့သြစရာကောင်းလိုက်တာ။ ကြည့်စမ်း။ သူ စူရာယာစီန်း ကို ဖတ်ပြီးလို့ မျက်လုံးဖွင့်လိုက်တယ် ဆိုရင်ပဲ ဂိတ်ထဲကို လေးဘီးတစ်စီး ဝင်လာပြီး ကားပေါ်က အသက်နှစ်ဆယ်အစိတ်အရွယ် မောင်ဝ်လဝီ (အစ္စလာမ်ဘာသာရေးပညာရှင်) လေး တစ်ပါးကို တွေ့လိုက်ရတော့တာပါပဲ။ အဲဒီ မောင်ဝ်လဝီဆဗ်ကလေးကလဲ ဦးဘာဆာကို ရှိတယ်လို့တောင်မှ မအောက်မေ့ဘဲ သူ့လိုရာ ကိစ္စကို လုပ်ဖို့ ထွက်သွားတယ်။

ဒီတော့ ဦးဘာဆာလဲ ဘာပဲဖြစ်ဖြစ် ဆရားလေးလာရင် ငါနုတ်ဆက်မှဖြစ်မယ်လို့ တွေးလိုက်ရင်း စောစောက သူစီးလာတဲ့ အဌားကားနားမှာ မယောင်မလည် သွားရပ်နေလိုက်တယ်။

ဆရာလေးလဲ သူ့ကိစ္စပြီးလို့ ကားပေါ်တက်မယ်အလုပ်...

“ မောင်ဝ်လဝီဆဗ်ကလေး၊ اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ (ငြိမ်းချမ်းမှုအပေါင်း ကျရောက်ပါစေ) ကျနော့်ကို တစ်ခုကူညီပါ။ ကျနော် တောကပါ။ ဟို ကျိုက်မရောကပါ။ ရန်ကုန်မှာ အသိဆိုလို့ ကျနော့်ညီ ဝမ်းကွဲ ဟနစ်ဆိုတာ တစ်ယောက်ပဲ ရှိတယ်။ သူ့ဆီကို လိုက်ပို့ပေးပါဗျာ၊ ကျနော် တောင်းပန်ပါတယ် ”

“ နေပါဦး၊ မာမူ (အဘ) ပြောတဲ့ ဟနစ်ဆိုတာက ဘယ်ကလဲ၊ ဘယ်မှာနေတာလဲ၊ လိပ်စာက ဘာလဲ ”

“ ဆရာလေးရယ်၊ မော်လမြိုင်က ဟနစ်ဆိုတာကလွဲရင် ကျနော် ဘာမှ မပြောတတ်ပါဘူးဗျာ ”

ဦးဘာဆာ  က ပြောလိုက်တယ်ဆိုရင်ပဲ၊ မောင်ဝ်လဝီဆဗ်ကလေးလဲ တအံ့တသြ ဖြစ်သွားတော့တာပါပဲ။

“ ဗျာ… ရန်ကုန်မှာ မော်လမြိုင်က ဟနစ်လို့ပြောရုံနဲ့ ဘယ်သိနိုင်ပါ့မလဲ မာမူကြီး (ဘကြီး) ရယ် ”

“ ဟုတ်ပါတယ်။ ကျနော်လဲ သားသမီးဇောနဲ့ ကမန်းကတန်း လိုက်လာတာ လိပ်စာယူရ ကောင်းမှန်းလဲ မသိ၊ ဟုတ်တိပတ်တိနဲ့ ရောက်လာရတာပါ ဆရာလေးရယ်။ အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အလ္လာဟ့်မျက်နှာတော်ကို ထောက်ထားပြီး ကူညီသင့်ပါတယ်။ ကျေးဇူးပြုပါဗျာ ”

ဇွတ်အတင်း အဓမ္မ တောင်းပန်နေတဲ့ ဦးဘာဆာရဲ့ မျက်နှာကို ကြည့်နေတဲ့ မောင်ဝ်လဝီဆဗ်ကလေးက...

“ ဒီမှာ မာမူကြီး၊ ကျနော် ၄၈ လမ်းကျောင်းက မောင်ဝ်လဝီဆဗ်ပါ။ ကန်တော်လေးမှာ ကျနော် စာသင်ပေးဖူးတဲ့ ကလေးတွေရဲ့အဖေ ဟနစ်ဘိုင်ဆိုတာ တစ်ယောက်ရှိတယ်။ သူ့ဆီ ခေါ်သွားမယ်။ အဲဒီ ဟနစ်ဘိုင်မှ မဟုတ်ရင်တော့ အနီးဆုံး ဘူတာကြီးမှာ မာမူကြီးကို ပို့ပေးခဲ့မယ်။ အဲဒီအခါ ကျနော့်ကို ဆက်အကူညီ မတောင်းနဲ့တော့နော်။ ကျနော့်မှာလဲ အရေးကြီးတဲ့ကိစ္စတွေ ရှိနေလို့ပါ။ အဲဒီဝန်ခံချက်ပေးရင် ဟောဒီကားပေါ်တက်ပြီး လိုက်ခဲ့ပေတော့ ”

ရိုးသားတဲ့ ကျေးတောသား ဦးဘာဆာတစ်ယောက် ဝမ်းသာနေလိုက်တဲ့ ဖြစ်ခြင်း။ အင်း ဒါဟာ အလ္လာဟ်အရှင်မြတ်က ငါ့ကို ကူညီဖို့ အကြောင်းခံနဲ့ လွှတ်လိုက်တဲ့ ဖရှစ်ရှ်သာ (ကောင်းကင်စေတမန်) ပဲ။ လူတော့မဖြစ်နိုင်ဘူးလို့ အထင်ရောက်ပြီး ဝမ်းမြောက်ဝမ်းသာ သမီးအတွက် ပါလာတဲ့ အသီးစုံခြင်းကိုဆွဲပြီး ကားပေါ်ဒရောသောပါး တက်လိုက်ပါတော့တယ်။

အဲ... နောက် ဒုတိယမ္မိ နှစ်ကြိမ်မြောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပြန်ပါပြီ။ ကောက်ရိုးပုံထဲကအပ် (သို့) သမုဒ္ဒရာထဲကမတ်စေ့ကို သူ ရှာတွေ့သွားပါပြီ။

ဦးဘာဆာတစ်ယောက် ကားပေါ်က ဆင်းလိုက်တာနဲ့ တပြိုင်နက် မော်လမြိုင်က ဟနစ် ဆိုတဲ့ ၄၈ လမ်းက ဆရာလေး စာသင်ပေးနေကျ အိမ်ရှေ့ကို ရောက်နေပြီး မော်လမြိုင်က ဟနစ်ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရှိရတော့တာပါပဲ။

အဲဒီ ဟနစ် ဟာ တစ်ခြားသူ မဟုတ်ပါရိုးလား။ သူ့ညီဝမ်းကွဲ ဟနစ်မှ ဟနစ် အစစ်ပါပဲဗျာ။

ဒီတော့ ဒီဇာတ်ကို ပေါင်းလိုက်တဲ့အခါ ဦးဘာဆာတစ်ယောက် ဂျမာအသ်က အမီးရ်ဆဗ်ရဲ့ သတိပေးချက်ကို အီမာန် လက်ခံ ယုံကြည်ထားတဲ့ မွတ်စ်လင်မ်ပီပီ အလ္လာဟ့်ထံတော်ပါးကိုသာ အကူအညီတောင်းခဲ့တဲ့အတွက် ကြီးမားကျယ်ဝန်းလှတဲ့ မဟာရန်ကုန်မြို့တော်ကြီးမှာ ကောက်ရိုးပုံကြီးထဲ ကျသွားတဲ့အပ်ကို တွေ့သလို မဟာသမုဒ္ဒရာထဲကျသွားတဲ့ မတ်စေ့ကို ရှာဖွေတွေ့သလို အမှတ်မသိ ဘာဆို ဘာမှမသိတဲ့ လူတစ်ယောက်ဟာ အလ္လာဟ်နဲ့ အလ္လာဟ့်အပေါ်ထားရှိတဲ့ ယုံကြည်ချက်က ပြင်းထန်းလွန်းတဲ့အတွက် ကန်တော်ကလေးမှာနေတဲ့ သူ့ညီဝမ်းကွဲ မောင်လမြိုင်က ဟနစ် ကို ရှာဖွေတွေ့ရှိခဲ့တာပဲ မဟုတ်ပါလား။

အထက်ပါ ဝတ္ထုကတော့ ၁၉၉၁ ခုနှစ်၊ ဇန္နဝါရီလ (၁၅) ရက်နေ့ထုတ် “ အစ္စလာမ့်မျက်ဝန်း ” စာစောင်၊ အတွဲ (၁)၊ အမှတ် (၁) တွင် ဖော်ပြထားသည့် တကယ့်ဖြစ်ရပ်မှန်၊ နေရာမှန်နှင့် ကာယကံရှင်နာမည်ကိုပါ အမှန်အတိုင်း ရေးသားတင်ပြထားတဲ့ “ မျိုးထက်အောင်-မင်္ဂလာတောင်ညွန့် ” ၏ “ ကောက်ရိုးပုံထဲက အပ် (သို့) သမုဒ္ဒရာထဲက မတ်စေ့ ” (ဝတ္ထုတို) ကို အလင်းမျက်ဝန်း၏ မူဝါဒများနှင့်အညီ ပြန်လည်တည်းဖြတ်၍ ခွင့်ပြုချက်တောင်းခံကာ ပြန်လည်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

လူတွေဟာ မိမိယုံကြည်ချက်ကို အသက်နဲ့လဲပြီး ကာကွယ်တတ်ကြပါတယ်။ အထူးသဖြင့် အစ္စလာမ်ဆိုတာ မိမိယုံကြည်တဲ့ အီမာန် (ယုံကြည်ချက်) ကို အသက်ထက်ပို၍ တန်ဖိုးထားပြီး အမြတ်တနိုး လက်ခံထားကြပါတယ်။ အီမာန် (ယုံကြည်ချက်) ကို ရင်ထဲ အသည်းထဲက စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးသူအဖို့ ကြီးကျယ်မြင့်မြတ် မှန်ကန်တော်မူသော အလ္လာဟ်အရှင့်ဘက်တော်မှ ကူညီစောင်မပုံကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ (အယ်ဒီတာ)

ဝတ္ထု » မျိုးထက်အောင် (မင်္ဂလာတောင်ညွန့်)
တင်ဆက်မှု » ချမ်းမြေ့စိမ်းလန်း | အလင်းမျက်ဝန်း
သရုပ်ဖော် » မမ | အလင်းမျက်ဝန်း
ဒီဇိုင်း » မွှမ်း | အလင်းမျက်ဝန်း
စီစဉ်သူ » ခေဋီဈက်အို | အလင်းမျက်ဝန်း

ကဏ္ဍ

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat