2015

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ပင်ကိုယ်အရည်အသွေးပြည့်ဝမှုကြောင့် ကမ္ဘာကျော်ခဲ့တဲ့ ဆူဒန်နွယ်ဖွား အမေရိကန်လူမျိုး အစ္စလာမ်ဘာသာဝင် အဟ်မဒ် မိုဟမ္မဒ် ဟစံ(န) ဆိုတဲ့ အသက်(၁၄)နှစ်အရွယ် ကောင်လေးတစ်ယောက် ပြီးခဲ့တဲ့ သောကြာနေ့ နံနက်ပိုင်းက ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဂျစ်ဒါမြို့ရှိ ဘုရင်ဆူလ်သွာန်း နိုင်ငံတကာလေဆိပ်ကြီးသို့ ၎င်းရဲ့ဆွေမျိုးသားချင်းများနဲ့အတူ အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။ သူ့ကို ဆော်ဒီနိုင်ငံရဲ့ အသစ်စက်စက် ဘုရင်မင်းမြတ်ကြီးဖြစ်တဲ့ စလ်မာန်းဗင်အဗ္ဗဒွလ်အဇီးဇ်မှ မိမိတို့နိုင်ငံတော်သို့ အွမ္မရာဟ်ပြုရင်း လာရောက်လည်ပတ်ဖို့အတွက် ပြီးခဲ့တဲ့အပတ်ကတည်းက ဖိတ်ကြားခြင်း ခံရခဲ့တာ ဖြစ်ပါတယ်။

ဝမ်းမြောက်ပျော်ရွှင်နေတဲ့ အလ်ဟစံ(န)ဟာ မြင့်မြတ်တဲ့ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ အိမ်တော်များကို နိုင်ငံတော်ဧည့်သည်တစ်ဦးအနေနဲ့ သွားရောက်ဝတ်ပြုခြင်းများ ပြုလုပ်ခွင့်ရရှိမည့်အပြင်၊ ဆူဒန်နွယ်ဖွား ဆွေမျိုးသားချင်းများနဲ့လည်း တွေ့ဆုံခွင့် ရရှိမှာဖြစ်တာကြောင့် ယခုလို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တဲ့ ဘုရင်မင်းမြတ်ကြီးနှင့်တကွ စီစဉ်ပေးခဲ့တဲ့ ဆော်ဒီနိုင်ငံအစိုးရအဖွဲ့ကို အထူးကျေးဇူးတင်တဲ့အကြောင်း ဘုရင်ဆူလ်သွာန်း နိုင်ငံတကာလေဆိပ်ကြီးသို့ ရောက်ရှိလာစဉ်မှာ ပြောကြားခဲ့ပါတယ်။

“ ဆူဒန်လူမျိုးတစ်ဦးအနေနဲ့ အမြင့်ဆုံးဂုဏ်ထူးကို ဆောင်ယူနိုင်ခဲ့တဲ့အပေါ် သူနဲ့သူ့မိသားစုတို့ကို ဂုဏ်ပြုဖို့ အခုလို ဖိတ်ကြားခဲ့တာဟာ တကယ်ကို ထိုက်တန်လှပါတယ် ” လို့ ဂျစ်ဒါအခြေစိုက် ဆူဒန်လူမျိုးများအစည်းအရုံးရဲ့ ဦးဆောင်သူတစ်ဖြစ်တဲ့ အ၀ဒ်ကာစင်မ်က မီဒီယာများကို ပြောကြားခဲ့ပါတယ်။

အလ်ဟစံ(န)လေးဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ အထက်တန်း ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ရိုးစင်းပြီး အခြေခံကျတဲ့ပစ္စည်းငယ်များနဲ့ ဒစ်ဂျစ်တယ်နာရီတစ်လုံးကို တီထွင်နိုင်ခဲ့တဲ့ အနာဂတ်ရဲ့ သိပ္ပံပညာရှင်လောင်းလေးတစ်ဦးဖြစ်ပါတယ်။ သူတီထွင်ခဲ့တဲ့ ၀ါယာကြိုးများနဲ့ ရှုပ်ထွေးနေတဲ့ နာရီလေးကို ဆရာမထံ သွားရောက်ပြသရာက ချီးမွှမ်းမခံရဘဲ မွတ်စ်လင်မ်ကျောင်းသားလေးတစ်ဦးရဲ့ ဗုံးဖောက်ခွဲရန် ကြံစည်မှုဟု အထင်မှား၍ သက်ဆိုင်ရာ ရဲစခန်းသို့ အဆင့်ဆင့် ဖုန်းဆက်၍ တိုင်ကြားခဲ့ပါတယ်။ ဗုံးလန့်သတင်းကြောင့် သက်ဆိုင်ရာရဲမှ ကျောင်းသို့ ၀င်ရောက်၍ အလ်ဟစံ(န)ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးစစ်ဆေးခံရစဉ် မိနစ်(၂၀)အတွင်း အခြေခံကျကျနဲ့ တီထွင်ပြနိုင်ခဲ့လို့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူ့အပေါ် ထင်မထားတဲ့ တုန့်ပြန်မှုကြောင့် တော်တော်လေး စိတ်ထိခိုက်ပြီး ကျောင်း (၃) ရက်တိုင် ပျက်ကွက်ခဲ့ရပါတာပါ။ သူ့ရဲ့ဖြစ်စဉ်ဟာ အင်တာနက်ကတစ်ဆင့် ကမ္ဘာကျော်သွားခဲ့ပါတယ်။

ကိုးကား » Arab News
သတင်း » မေသွေး © အလင်းမျက်ဝန်း

နာရီထွင်တဲ့ ကမ္ဘာကျော် မွတ်စ်လင်မ်ကောင်လေး
အဟ်မဒ် မိုဟမ္မဒ် ဟစံ(န) (အလယ်ပုံ) နှင့်အတူ
သူ၏ ဆွေးမျိုးရင်းခြာများအား သောကြာနေ့ နံနက်ပိုင်းက
ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဂျစ်ဒါမြို့ရှိ
ဘုရင်ဆူလ်သွာန်း နိုင်ငံတကာလေဆိပ်ကြီးတွင် တွေ့ရစဉ် (ဓာတ်ပုံ © SPA)

ဆော်ဒီနိုင်ငံ၊ မဒီနာမြို့တော် စည်ပင်သာယာရေးအရာရှိများက ပြည်ပမှ မှောင်ခိုဂိုဏ်းတစ်ခုရဲ့ ဇမ်ဇမ်ရေအဖြစ် အတုပြုလုပ် ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ရေဗူးပေါင်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ Saudi Gazette သတင်းတစ်ရပ်က တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ ဖော်ပြသွားပါတယ်။

အဆိုပါ မှောင်ခိုအုပ်စုများဟာ ရေဗူးခွံများအား အသီးအနှံများဖြင့် ဖုံးအုပ်၍ သယ်ဆောင်လာပြီးနောက် ဂိုဒေါင်များအတွင်း သာမန်ရေများကို ဖြည့်သွင်းကာ ရောင်းချရန် ပြင်ဆင်နေခဲ့ကြတာကို နောက်ယောင်ခံလိုက်၍ သက်ဆိုင်ရာက သယ်ဆောင်လာတဲ့ကားအပါအ၀င် သက်သေများနဲ့တကွ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင်များအနေနဲ့ မွန်မြတ်သန့်စင်တဲ့ရေအဖြစ် အမြတ်တနိုး တန်ဖိုးထား သောက်သုံးလေ့ရှိတဲ့ ဇမ်ဇမ်ရေအား အတုပြုလုပ်ရောင်းချခြင်းများကို ဆော်ဒီနိုင်ငံအတွင်း မကြာခဏ ဖမ်းဆီးရမိလေ့ရှိပါတယ်။

အဆိုပါ တုပပြုလုပ်ရောင်းချတဲ့ ၀ိသမလောဘသမားများဟာ သန်းပေါင်းများစွာ လာရောက်လေ့ရှိတဲ့ ကမ္ဘာ့ဒေသအနှံ့အပြားမှ မသိနားမလည်သော အစ္စလာမ်ဘာသာဝင် သာသနာပြု ခရီးသည်များကို အဓိကဦးတည်၍ ရောင်းချကာ စီးပွားဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။

ဇမ်ဇမ်ရေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆၀၀) ကျော်လောက်ကတည်းက တမန်တော်ကြီး အီဗရာဟင်မ်ရဲ့ လူလားမမြောက်သေးတဲ့ သားတော်လေး အစ္စမာအီလ်ရဲ့ သဲကန္တာရအတွင်း ရေဆာလွန်း၍ ဖနောင့်ပေါက်ကာ ငိုကြွေးနေခဲ့စဉ် အလ္လာဟ်အရှင်မြတ်သခင်မှ သဲမြေပေါ်မှ ရေကြည်ချိုအေးများ ပန်းထွက်၍ သောက်သုံးခွင့် ပေးသနားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိတိုင် နေ့စဉ် သောင်းပေါင်း များစွာသောလူများ သောက်သုံးနေသော်လည်း ခမ်းခြောက်ခြင်း မရှိဘဲ ရေထွက်အား ကောင်းနေဆဲဖြစ်ပြီး ကန္တာရ စိမ့်စမ်းရေတွင်းကြီးအတွင်းမှ ချိုမြကြည်လင်နေတဲ့ ရေချိုအေး ဖြစ်ပါတယ်။

ဆော်ဒီအစိုးရမှ ယင်း ဇမ်ဇမ်ရေကြည်တော်ကို ကမ္ဘာအရပ်ရပ်မှ နေ့စဉ် အဆက်မပြတ် ရောက်ရှိနေတဲ့ သန်းပေါင်းများစွာသော မွတ်စ်လင်မ်များထံ အခမဲ့ဖြန့်ဝေပေးနေခြင်းဖြစ်ပါတယ်။

ကိုးကား » Saudi Gazette
သတင်း » သရဖီလင်း © အလင်းမျက်ဝန်း

မဒီနာမြို့ရှိ ဂိုဒေါင်တစ်ခုသို့ သယ်ယူခဲ့ပြီးနောက် သာမန်ရေများအား ဇမ်ဇမ်ရေနှင့်ရော၍ အတုပြုလုပ်မည့် ရေဗူးလွတ်များ (ဓာတ်ပုံ © Okaz)

ဇူလိုင်လအတွင်းက ဖမ်းဆီးရမိခဲ့သည့် ဇမ်ဇမ်ရေအတု ထည့်သွင်းထားသည့် ရေဗူးများ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်၊ ဘူတာရုံအနီးမှာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲအတွင်း အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး နောက်တစ်နေ့မှာပဲ အဓိကတာဝန်အရှိဆုံးသော PKK သူပုန်အဖွဲ့တွေကို တူရ်ကီအစိုးရဟာ လေကြောင်းစစ်ဆင်ရေးအနေနဲ့ စတင်ပြီး အရေးယူလိုက်ပါပြီ။

အီရန်နိုင်ငံ ကျောထောက်နောက်ခံပြု အဖျက်အမောင့်လုပ်ငန်းများကို အစဉ်တစိုက် ကျူးလွန်ခဲ့တဲ့ ကာဒ်လူမျိုး၊ ရှီအာဘာသာဝင်များနဲ့စုစည်းထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ PKK သူပုန်အဖွဲ့တွေကို လေကြောင်းကနေ အရေးယူတိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ရာမှာတော့ တူရကီနိုင်ငံ အရှေ့တောင်ဘက်ပိုင်းမှာ သာမကဘဲ အီရတ်မြောက်ပိုင်းမှာရှိနေတဲ့ ၎င်းတို့ရဲ့ တပ်စခန်းများရှိရာ ပစ်မှတ်များကိုပါ လေကြောင်းကနေ ပစ်ခတ်ခဲ့ပါတယ်။

စနေနေ့က အန်ကာရာမြို့ ဗုံးခွဲခံရမှုအတွင်း လူ (၉၅) ဦး သေဆုံးခဲ့ရပြီး၊ လူပေါင်း (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ရတာကြောင့် ယခုနှစ်များတွင်း သေဆုံးမှုအများဆုံးသော အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုအဖြစ် ဆိုရမှာပါ။

တူရ်ကီနိုင်ငံဟာ လာမယ့် နိုဝင်ဘာလ (၁) ရက်နေ့မှာ နိုင်ငံတစ်ဝှမ်း ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတွင်းသာမက ကမ္ဘာ့မွတ်စ်လင်မ်လူထုရဲ့ ထောက်ခံမှုကို အပြည့်အ၀ရရှိနေတဲ့ တူရ်ကီအစိုးရအပေါ် နိုင်ငံရေးအကျပ်အတည်းဖြစ်လာရအောင် ဖန်တီးမှုခြေလှမ်းများအဖြစ် ရှုမြင်သူများလည်း ရှိနေပါတယ်။

ကိုးကား » BBC
မေသွေး © အလင်းမျက်ဝန်း

အန်ကာရာမြို့တော် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲအား ဗုံးခွဲတိုက်ခိုက်ခံရမှုမြင်ကွင်း (ဓာတ်ပုံ © ရိုက်တာ)

ဆော်ဒီအိမ်ရှေ့စံမင်းသားလည်းဖြစ်၊ ဒုတိယကာကွယ်ရေးဝန်ကြီးတစ်ဦးလည်းဖြစ်တဲ့ မင်းသား မိုဟမ္မဒ်ဘင်စလ်မန်းသည် တနင်္ဂနွေနေ့က ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ်အတွင်း အိမ်ရှေ့စံမှတစ်ဆင့် သန့်စင်မွန်မြတ်သော ဗလီကြီးများရှိရာဒေသများအား ထိန်းသိမ်းသူ တာဝန်ခံ ဘုရင်မင်းမြတ် စလ်မန်းမှ ရုရှားသမ္မတအား နှုတ်ခွန်းဆက်သစကား ဆိုခဲ့ပါတယ်။

ထို့နောက်တွင် နိုင်ငံတကာ၏ နောက်ဆုံးသော ဖြစ်ရပ်များနဲ့တကွ ဒေသတွင်း အခြေအနေများ အပါအ၀င် ဆီးရီးယားဒေသ၏ ဖြစ်ရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

ဆက်လက်၍ အိမ်ရှေ့စံမင်းသားမှ ဆီးရီးယားပြည်သူတို့၏ မျှော်လင့်ချက်များ ပြည့်ဝလာစေရန်နှင့် ၎င်းတို့၏ ယုံကြည်ချက်များ ပြေလည်သွားစေရန်အတွက် ဂျနီဗာသဘောတူညီမှု ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းစွာဖြင့် ကိုင်တွယ်ဖြေရှင်းသွားဖို့အတွက် မိမိတို့ ဆော်ဒီအစိုးရအနေဖြင့် ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချထားကြောင်းအား ရုရှားသမ္မတ ဗလာဒီမီဒီယာပူတင်သို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်တွင် ရုရှားအစိုးရအနေဖြင့် ဆီရီးယားအာဏာရှင်ဘက်မှ ရပ်တည်၍ ဖိနှိပ်ခံ ပြည်သူများအား တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းအပေါ် အစ္စလာမ့်နိုင်ငံများ၏ ဖိအားနှင့်ယခုလို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကိုးကား » Saudi Gazette
မေသွေး © အလင်းမျက်ဝန်း

ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟမ္မဒ်ဘင်စလ်မန်းနှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဓာတ်ပုံ © Saudi Gazette)

ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟမ္မဒ်ဘင်စလ်မန်းနှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဓာတ်ပုံ © Saudi Gazette)

ဆော်ဒီနိုင်ငံ၏ တော်ဝင်ရှေ့ဆောင်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌနှင့် မဟာနာယက ဆရာတော်ကြီးတစ်ပါးဖြစ်သော ကာရီ အဗ္ဗဒွရ်ရဟ်မာန်း ဆိုဒိုက်စ်သည် အောက်တိုဘာ (၉) ရက်၊ သောကြာနေ့တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာဟ်မြို့တော်ရှိ ဟရာမ်ဝတ်ကျောင်းတော်ကြီးမှတစ်ဆင့် အစ္စလာမ့်သက္ကရာဇ် နှစ်သစ်ကြို  သောကြာနေ့ဆုတောင်းမိန့်ခွန်းတော်အား ပြောကြားခဲ့ပါတယ်။

အဆိုပါ ဆုတောင်းမိန့်ခွန်းတော်အတွင်း တစ်နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သည့် ကမ္ဘာ့ဘေးအန္တရာယ်များ၊ ရာသီဥတုဖောက်ပြန်မှုများ၊ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နာရီဝက်နီးပါး ပြောကြားခဲ့ပြီး  အဆုံးသတ် ဆုတောင်းမှုအတွင်း မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအချို့အတွက် ဆုတောင်းပေးခဲ့ပါတယ်။

ရှေ့ဦးစွာ တန်ခိုးအနန္တပြည့်စုံတော်မူသော မဟာဂရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်သခင်၏ တန်ခိုးဂုဏ်ဒြပ်တော်များကို ချီးမွှမ်းမြွက်ကြားပြီးနောက် တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلي الله عليه وسلم) သခင်အား ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်စေဖို့ တောင်းဆုပြုသွားပါတယ်။

ထို့နောက်မှာတော့ အလ္လာဟ်အရှင်မြတ်သခင်ဟာ လူသားတွေအတွက် အရာရာကို လွယ်ကူအောင် ဖန်ဆင်းပေးခဲ့ကြောင်း၊ အလ္လာဟ်အရှင်မြတ်သခင်အား နက်ရှိုင်းစွာ တွေးခေါ်ဆင်ခြင်၍ စွဲမြဲစွာ ကိုးကွယ်ယုံကြည်ကြရမည့်အကြောင်း၊ အစ္စလာမ့်တရားအပေါ်မှာ စွဲမြဲစွာ လျှောက်လှမ်းသွားကြရမည့် အကြောင်းများကို ဆက်လက်၍ မိန့်ကြားခဲ့ပါတယ်။

“ မကြာမီမှာ အစ္စလာမ့်သက္ကရာဇ်တစ်ခုဟာ အဆုံးသတ်သွားတော့မှာပါ။ ဒီနှစ်ထဲမှာ ကျနော်တို့ဟာ များစွာသော ဘေးအန္တရာယ်ဆိုးတွေနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။ သူတို့ဟာ ကျနော်တို့ကို ထိုးနှက်ခဲ့ကြပါတယ်။ ကမ္ဘာ့မွတ်စ်လင်မ်တွေအနေနဲ့ ဒီအခြေအနေတွေကို သိနားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အလ္လာဟ်အရှင်မြတ်သခင်ဆီက အကူအညီတွေ ပိုမိုရရှိလာရအောင် စိတ်ကောင်းစေတနာ ဖြူစင်စွာနဲ့ ကြိုးပမ်းအားထုတ်ဖို့ လိုအပ်နေပါပြီ။ ကျနော်တို့ဟာ မကြာသေးမီက ဖြစ်ပျက်ခဲ့တာတွေအတွက် အကြောင်းခံကို သိရှိခံစားပြီး ရှေ့ဆက် ကြုံကြိုက်ခြင်းမရှိရအောင် သင်ခန်းစာယူဖို့ လိုအပ်ပါတယ်။ ကမ္ဘာကြီးဟာ ပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ကြုံကြိုက်နေရတယ်။ ကျနော်တို့ဟာ အဲ့ဒီဖြစ်စဉ်တွေကို စုပေါင်းပြီး ဖြေရှင်းသွားကြရမှာပဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ကြီးမားတဲ့အင်အားကို စည်းလုံးညီညွတ်နိုင်မှ ကမ္ဘာ့အကြမ်းဖက်မှုတွေကနေ ပပျောက်ဝေးကွာသွားရအောင် ဖြေရှင်းနိုင်မှာပဲ ဖြစ်တယ်။ ကျနော်တို့ဟာ ကုရ်အာန်နဲ့ စွန္နသ်ရဲ့လမ်းစဉ်ကို တစ်သဝေမတိမ်း လိုက်နာ လျှောက်လှမ်းသွားကြဖို့ အထူးလိုအပ်ပါတယ်။ အရာရာမှာ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေတယ်ဆိုတာကို ယုံကြည်ထားရမယ်။ ဒီယုံကြည်ချက်တွေဟာ အစ္စလာမ်မဏ္ဍိုင်ငါးချက်ထဲက အပိုင်းအစတွေဆိုတာ သိထားဖို့ လိုပါတယ်။” ဟူ၍ မိန့်ကြားခဲ့ပါတယ်။

မကြာသေးမီက ဟဂ်ျခရီးစဉ်အတွင်း ပေါ်ပေါက်ခဲ့ရသော အဖြစ်အပျက် အခြေအနေများအတွက် မသမာသူများဟာ ကောလဟလများဖြန့်ဝေ၍ ခေါင်းစဉ်တွေကို ထိုးနှက်ဖို့နဲ့ မွတ်စ်လင်မ်များ နောက်တွန့်သွားကြစေဖို့ ကြီးမားတဲ့ အရှိန်အဟုန်များနဲ့ လုပ်ဆောင်ခြင်းများ ရှိခဲ့ကြောင်းကိုလည်း ထည့်သွင်းကာ မိန့်ကြားသွားပါတယ်။

ထို့နောက်မှာတော့ မွတ်စ်လင်မ်များအနေနဲ့ မိမိတို့ မကြုံကြိုက်ရသော်လည်း ဒုက္ခပင်လယ်ဝေကာ ခံစားနေရသူများအတွက် ကိုယ်ချင်းစာတရားထားရမည့်အကြောင်းကိုလည်း ပါလက်စတိုင်းနဲ့ ယီမင်နိုင်ငံက အဖြစ်အပျက် အကြောင်းချင်းရာများအား ထည့်သွင်း၍ မိန့်ကြားခဲ့ပါတယ်။

“ပါလက်စတိုင်းနဲ့ ယီမင်နိုင်ငံတွေမှာ မွတ်စ်လင်မ်တွေကို ပြစ်တင်ကြိမ်းမောင်းပြီး စော်ကားနေကြတယ်။ မွတ်စ်လင်မ်ဆိုရင် မတရား ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်တာကို ခံစားနေရတယ်။ ဒီလူတွေဟာ မွတ်စ်လင်မ်တွေရဲ့ အကျိုးကို ဖျက်ဆီးနေကြပြီး အလ္လာဟ်ကို မကြောက်ကြဘူး။ ဒါကြောင့် ပါလက်စတိုင်းရဲ့ အခြေအနေကို မေ့မသွားကြပါနဲ့။ ပါလက်စတိုင်းပြည်သူတွေဟာ စိတ်ဓာတ်ခိုင်မာကြာတယ်။ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ဒီနှစ်အတွင်း အကြီးအကျယ် ခံစားနေခဲ့ကြရပေမယ့် အတူတကွ လက်တွဲပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းခဲ့ကြတယ်။”

မိန့်ခွန်းရဲ့ အဆုံးသတ် ဆုတောင်းမှုအတွင်းမှာတော့ ဆရာတော်ကြီးဟာ မွတ်စ်လင်မ်များကို ဂုဏ်သိက္ခာရှိလာစေဖို့၊ မှန်ကန်သော ခေါင်းဆောင်များကို အောင်မြင်မှုပေးဖို့၊ ရက်စက်ယုတ်မာသူတွေရဲ့ဒဏ်မှ မွတ်စ်လင်မ်အပေါင်းကို ကာကွယ်မှုပေးဖို့၊ မြန်မာမွတ်စ်လင်မ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုပေးဖို့၊ ပါလက်စတိုင်း၊ ယီမင်၊ ရှားမ်ဆီးရီးယားနဲ့ အီရက်နိုင်ငံများရှိ မွတ်စ်လင်မ်များကို အောင်မြင် လွတ်လပ်မှုတို့ရရှိစေဖို့နဲ့ ဖိနှိပ်ရက်စက်ခံနေရမှုများမှ လွန်မြောက်သွားကြစေဖို့အတွက် ဆုတောင်းရင်း ၎င်းရဲ့ နာရီဝက်နီးပါး ကြာမြင့်တဲ့ သောကြာနေ့ ဆုတောင်းမိန့်ခွန်းတော်ကို အဆုံးသတ်ခဲ့ပါတယ်။

ယခင်တစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ (၂) ရက်နေ့ကလည်း မဟာနာယက ဆရာတော်ကြီးတစ်ပါးဖြစ်သူ ကာရီရှိခ်ရှိုရိုင်းမ်ဟာလည်း ၎င်းရဲ့ ဆုတောင်း မိန့်ခွန်းတော်အတွင်း မြန်မာနိုင်ငံအတွက် ဆုမွန်များ ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။

အဆိုပါ ဆုတောင်းမိန့်ခွန်းတရားတော်များကို ဆော်ဒီအစိုးရပိုင် ကမ္ဘာကျော်မီဒီယာကြီးများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းသို့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး သန်းပေါင်း ရာနှင့်ချီတဲ့ ကမ္ဘာတစ်ဝှမ်း မွတ်စ်လင်မ်များက စောင့်ကြည့် နာယူခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကား » Haramain​.info
ရေးသားသူ © သရဖီလင်း @ အလင်းမျက်ဝန်း

တော်ဝင်ရှေ့ဆောင်ဆရာတော်ကြီး ရှိခ်ဆိုဒိုက်စ်မှ အစ္စလာမ့်သက္ကရာဇ် နှစ်ဆုံး သောကြာဆုတောင်းမိန့်ခွန်းတော်ပြောကြားနေစဉ် (ဓာတ်ပုံ © Haramain​.info)

ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာဟ်မြို့တော်နှင့် ဂျစ်ဒါမြို့တို့အကြား (၁၀) မိနစ်ဖြင့် ရောက်ရှိနိုင်မည့် အလ်ဟရမိုင်းန် အဝေးပြေး လျှပ်စစ်ကျည်ဆံရထားခရီးစဉ် စီမံကိန်းလုပ်ငန်းကြီးမှာ ယခုအခါ ပြီးမြောက်အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းအရ မက္ကာဟ်နဲ့ မဒီနာမြို့တော်များသို့ နာရီဝက်ဖြင့် ရောက်ရှိနိုင်တော့မှာပါ။

သန်းနှင့်ချီသော ခရီးသည်များအတွက် ဂျစ်ဒါမြို့မှတစ်ဆင့် အခြားမြို့များသို့ စိတ်ကြိုက်ရွေးချယ်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းများအား လိုသလို အလွယ်တကူ စီမံနိုင်မည့် အဆင့်မြင့် ရထားလက်မှတ် ပုံစံဒီဇိုင်းထုတ်ခြင်း လုပ်ငန်းစဉ်ဟာလည်း မကြာမီက စမ်းသပ်မှုများ ပြုလုပ်ပြီးစီးခဲ့ပြီလို့ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး AN သတင်းဌာနက ဖော်ပြသွားတယ်။

ခရီးသည်အခြေအနေပေါ်မူတည်ကာ ဆက်လက်၍ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပြီး ဘေးကင်းလုံခြုံမှုနှင့် သက်တောင့်သက်သာရှိမှုတို့အတွက် အလေးထားဆောင်ရွက်နေတယ်လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

စပိန်နိုင်ငံအခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Talgo မှထုတ်လုပ်တဲ့ တစ်နာရီလျှင် (၃၀၀) ကီလိုမီတာအထိ ပြေးဆွဲနိုင်သည့် လျှပ်စစ်ကျည်ဆံရထားကြီး (၃၅) စင်းဖြင့် စတင်ပြေးဆွဲသွားမှာဖြစ်ပြီး ဆော်ဒီနိုင်နိုင်ငံရဲ့ ပို့ဆောင်ရေးဝန်ကြီးကိုယ်တိုင် ယနေ့အောက်တိုဘာလ (၈) ရက်နေ့မှာ အသေးစိတ် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

ခရီးစဉ်စတင်မှုအတွင်း တစ်နာရီလျှင် ကျည်ဆံရထားကြီး (၇) စင်းဖြင့် ဂျစ်ဒါမြို့မှ ခုတ်မောင်းပြေးဆွဲသွားမှာဖြစ်ပြီး၊ မက္ကာဟ်မြို့နဲ့ မဒီနာမြို့များကိုတော့ ရထား(၂)စင်းဖြင့်လည်းကောင်း၊ မက္ကာဟ်မြို့နဲ့ ရာဗီဂ်မြို့များကို (၄)စင်းဖြင့်လည်းကောင်း အသီးသီး ခုတ်မောင်းပေးနေမှာဖြစ်တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက စတင်ဖောက်လုပ်ခဲ့တဲ့ အဆိုပါရထားလမ်းကြီးဟာ ပျော့ပြောင်းသည့် သဲကန္တာရအတွင်း မိုင်းပေါင်းရာချီဝေးကွာသည့် မြို့များသို့ သွယ်တန်းရခြင်းဖြစ်တာကြောင့် အလွန့်အလွန်ကိုခက်ခဲ၍ ကုန်ကျစရိတ်မှာလည်း ကြီးမားလှပါတယ်။

အဆိုပါ ရထားလမ်းဖောက်လုပ်မှုကို တရုတ်နိုင်ငံမှ ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်များအတွင်း တရုတ်လူမျိုး ပညာရှင်များအပါအ၀င် အလုပ်သမားပေါင်း တစ်ထောင်ကျော်နှင့် အခြားသော နိုင်ငံခြားသားပညာရှင်အလုပ်သမားများဟာ အစ္စလာမ်ဘာသာအား နီးကပ်စွာ လေ့လာခွင့်ရခဲ့ပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်းသက်ဝင်ယုံကြည်ခဲ့ကြတဲ့ အမှတ်တရဖြစ်စေတဲ့ သဲကန္တာရပေါ်က လျှပ်စစ်ကျည်ဆံရထားတွေ ပြေးဆွဲတော့မည့် ပြေးလမ်းမကြီး ဖြစ်လာခဲ့ပါတယ်။

ကိုးကား » Arab News & worldbulletin
ရေးသားသူ » သရဖီလင်း © အလင်းမျက်ဝန်း

စမ်းသပ်မောင်းနှင်မှုအတွင်း စစ်ဆေးနေသည့် ဆော်ဒီပို့ဆောင်ရေးဝန်ကြီး အဗ္ဗဒွလ်လာဟ်ဗင် မက္ကဗူးလ်
အလ်ဟရမိုင်းန် ကျည်ဆံရထားသစ်ကြီး

ကမ္ဘာတ၀ှမ်း အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာနေသည့် အင်တာနက် လူမှုကွန်ယက် စာမျက်နှာများစွာအနက်မှ လူသုံးအများဆုံးဖြစ်လာသော Facebook ကုမ္ပဏီ၏ အရှေ့တောင်အာရှဒေသအတွင်း ဒုတိယမြောက်ရုံးခွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Wireless လမ်းမကြီးပေါ်ရှိ Athenee Tower တွင် ဖွင့်လှစ်လိုက်ပါတယ်။

အရှေ့တောင်အာရှဒေသဆိုင်ရာ Facebook ရုံးချုပ်ကို စင်္ကာပူနိုင်ငံတွင် ဖွင့်လှစ်ထားပြီး၊ ပထမဆုံးသော အရှေ့တောင်အာရှရုံးခွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအထိ Facebook ရဲ့ လေ့လာစောင့်ကြည့်မှုအရ ထိုင်းနိုင်ငံသည် Facebook အသုံးပြုသူ (၃၇) သန်းအထိ ရှိလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် Facebook အသုံးပြုသူ န၀မမြောက် အများဆုံးသော နိုင်ငံဖြစ်လာတယ်လို့ တာဝန်ရှိသူများကို ကိုးကားပြီး Bangkok Post သတင်းက ဆိုပါတယ်။

ထိုင်းနိုင်ငံတွင် Facebook အသုံးပြုသူ (၇၀%) မှာ စီးပွားရေးအတွက် အကျိုးရှိစွာ အသုံးပြုနေကြပြီး၊ ထိုင်းနိုင်ငံမှ Facebook စီးပွားရေးစာမျက်နှာများမှာ (၁.၁၆) သန်းအထိ ရှိနေတာကြောင့် ၎င်းနိုင်ငံ၏ အင်တာနက် ရောင်းဝယ်ဖောက်ကားမှုများအတွက် အားထားစရာဖြစ်လာနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ Facebook အသုံးပြုသူဦးရေဟာ (၅) သန်းခန့်ရှိနိုင်တယ်လို့ လေ့လာသူများက ခန့်မှန်းထားကြပေမယ့် တိကျခိုင်မာတဲ့သတင်းထုတ်ပြန်မှုမျိုးတော့ မရှိသေးပါဘူး။

ကိုးကား » Bangkok Post
© အလင်းမျက်ဝန်း
Facebook ရုံးခွဲရှိရာ ဘန်ကောက်မြို့၊ Wireless လမ်းမကြီးပေါ်ရှိ Athenee Tower

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအတွင်း မွတ်စ်လင်မ်များအတွက် ၀တ်ပြုဆောင်တစ်ခုအား ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

OIA လို့ခေါ်တဲ့ အဆိုပါ အော်လန်ဒို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကမ္ဘာကျော် စော်ဘွားလေကြောင်းလိုင်းမှလေယာဉ်ကြီးများ ဆင်းသက်တော့မည်ဟု ထုတ်ပြန်ကြေငြာချက်များ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ယခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်များက ဆိုပါတယ်။

အမေရိကန်ဒေါ်လာ (၂) သိန်းခွဲကျော် အကုန်အကျခံကာ တည်ဆောက်မယ့် ၀တ်ပြုဆောင်ကြီးအတွင်း ယင်းလေဆိပ်ကြီးသို့ လေးကြောင်းအများအပြားမှ လိုက်ပါလာကြတဲ့ ထောင်ပေါင်းများစွာသော ခရီးသွား မွတ်စ်လင်မ်များအတွက် အကျိုးပြုစေမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အဆိုပါလေဆိပ်ကြီးအတွင်း ရောက်ရှိလာကြတဲ့ ခရီးသွားမွတ်စ်လင်မ်တွေဟာ ၀တ်ပြုချိန်ကျရောက်လာတဲ့အခါ အဆင်ပြေသလို ၀တ်ပြုနေကြရတာကြောင့် လေဆိပ်အတွက် ၀န်ဆောင်မှုပိုင်းဆိုင်ရာမှာ မျက်နှာပူစရာဖြစ်နေခဲ့ရတာပါ။

မွတ်စ်လင်မ်များအနေဖြင့် အရွယ်ရောက်သူတိုင်းဟာ နေ့စဉ် (၅) ကြိမ် ၀တ်ပြုမှုကို မဖြစ်မနေ ဆောင်ရွက်ရတာကြောင့် လေဆိပ်များတွင် Prayer Room လို့ခေါ်တဲ့ ၀တ်ပြုဆောင်များထားရှိပေးခြင်းဟာ မွတ်စ်လင်မ်ခရီးသွားများအတွက် အဓိက စွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကိုးကား » clickorlando.com
© အလင်းမျက်ဝန်း

ပြီးခဲ့တဲ့ သောကြာနေ့ဖြစ်တဲ့ အောက်တိုဘာလ (၂) ရက်နေ့က ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တော်ရဲ့ ရှေ့ဆောင်ဆရာတော်ကြီးလည်းဖြစ်၊ အပြည်ပြည်ဆိုင်ရာ အစ္စလာမ့်သမ္မဂ္ဂရဲ့ ဦးဆောင်နာယကဆရာတော်ကြီး တစ်ပါးလည်းဖြစ်တဲ့ မွတ်စ်လင်မ်ခေါင်းဆောင် ဆရာတော်ကြီး ရှိခ်ရှိုရိုင်းဟာ သောကြာနေ့ ဆုတောင်းမိန့်ခွန်း တရားတော်အတွင်း မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအချို့အတွက် အေးချမ်းသာယာ ၀ပြောစေရန် တောင်းဆုပြုပေးခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင်များဟာ ကမ္ဘာကြီးငြိမ်းချမ်းသာယာစေရေးအတွက် နေ့စဉ် (အမျိုးသားများ ဗလီသို့သွားခြင်းဖြင့်လည်းကောင်း၊ အမျိုးသမီးများ နေအိမ်တွင်လည်းကောင်း) ငါးကြိမ်တိတိ ၀တ်ပြု ဆုတောင်းကြရပြီး အပတ်စဉ် သောကြာနေ့မှာတော့ မွန်းလွဲချိန်ဝတ်ပြုမှုကို အခြားနေ့ရက်များထက် ပိုမိုရှည်ကြာစွာ အထူးဝတ်ပြုမှုအဖြစ် ထမ်းဆောင်ကြရပါတယ်။

အဆိုပါ သောကြာနေ့ မွန်းလွဲဝတ်ပြုမှု မတိုင်မီတွင် သက်ဆိုင်ရာ ဗလီရှေ့ဆောင်ဆရာတော်ကြီးများမှ အရဗီဘာသာဖြင့် မွတ်စ်လင်မ်အများရှေ့တွင် ဆုတောင်းမိန့်ခွန်း တရားတော်အား ဗလီတွင်း စင်မြင့်ပေါ်သို့ တက်ရောက်ကာ ဖတ်ကြားရလေ့ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်း လူအများရဲ့ ကြည်ညိုလေးစားခြင်းခံရတဲ့ အဆိုပါဆရာတော်ကြီး ရှိခ်ရှိုရိုင်းမှာ သူ၏ သောကြာနေ့ ဆုတောင်းမိန်းခွန်းတော်အတွင်း မြန်မာနိုင်ငံ၏ အမည်အား သီးသန့်ဖတ်ကြား၍ ငိုကြွေးရင်း တောင်းဆုပြုပေးခဲ့တာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းမှ သန်းပေါင်းရာချီသော အစ္စလာမ်ဘာသာဝင်များက ရုပ်မြင်သံကြားမှတစ်ဆင့် အဆိုပါ ဆုတောင်းမိန့်ခွန်းတရားတော်အား နာယူခဲ့ကြပါတယ်။

© အလင်းမျက်ဝန်း


ယီမင်နိုင်ငံထဲမှာ လုံးခြုံရေးအတွက် နေရာချထားပေးတဲ့ အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးရဲ့ စစ်သား (၄၅) ဦးထက်မနည်း ကျဆုံးသွားခဲ့ရတယ်လို့ သက်ဆိုင်ရာ အစိုးရများက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံထုတ်လို့ယူဆရတဲ့ အဝေးပစ် ဒုန်းလက်နက်ကြီးတွေနဲ့ ရန်သူတွေက ပစ်ခတ်ခဲ့တာကြောင့် ယီမင်နိုင်ငံထဲက လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုကို ထိမှန်ကာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးဖြစ်ပြီး လုံခြုံရေးစောင့်ကြပ်ပေးနေကြတဲ့ ယူအေအီးစစ်သားများဟာ ယခုလို အစုလိုက်အပြုံလိုက် အသက်စတေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဟူသီလို့ခေါ်တဲ့ ရှီအာသူပုန် သောင်းကျန်းသူတွေကြောင့် နိုင်ငံပြိုကွဲလုနီးနီးဖြစ်ပြီး အရေးနိမ့်လာခဲ့တဲ့ ယီမင်အစိုးရကို ဆော်ဒီအာရေးဗီးယားနိုင်ငံက ဦးဆောင်ပြီး ၀င်ရောက်၍ အားဖြည့်ကူညီပေးနေတဲ့ အာရပ်မဟာမိတ်နိုင်ငံများ တပ်ပေါင်းစုထဲမှာ ယူအေအီးနိုင်ငံလည်း ပါဝင်ပါတယ်။

ဒါ့အပြင် မဟာမိတ် တပ်ပေါင်းစုထဲ ပါဝင်နေတဲ့ အခြားနိုင်ငံတစ်ခုဖြစ်တဲ့ ဘာရိန်းနိုင်ငံဟာလည်း ဆော်ဒီအာရေးဗီးယားရဲ့ တောင်ဘက်ပိုင်း စစ်မျက်နှာစာကို ဟူသီတွေရဲ့ရန်က အပြင်းအထန် ကာကွယ်နေစဉ်မှာ ၎င်းတို့စစ်သား ၅ ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံ » စစ်ရေးပြနေသည့် ယူအေအီး စစ်သမီးများ (google image)

ကိုးကား » BBC Burmese, The Guardian

© အလင်းမျက်ဝန်း





နှစ်ရက်တာ ကျင်းပရသော Gadhimai ဟုခေါ်သည့် နတ်ဘုရားမတစ်ပါးအား ပူဇော်သည့် ပွဲတော်ကို ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော တိရိစ္ဆာန်ယဇ်ပူဇော်ပွဲကြီး အနေဖြင့် ကျင်းပခဲ့သည်။

နီပေါနိုင်ငံတွင် ၅ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော အဆိုပါ ပွဲတော်ကြီးအား ၂၀၁၄ ခုနှစ်က နောက်ဆုံးကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲတော် အချိန်တွင် တိရိစ္ဆာန်ပေါင်း အကောင်ရေ တစ်သိန်းခန့် စတေးကာ သတ်ဖြတ်ခံကြရလေ့ရှိပြီး သိန်းဆယ်နှင့်ချီသော လူများကလည်း သောင်းသောင်းဖျဖျ ဝိုင်းအုံကြည့်ရှု အားပေးလေ့ရှိကြသည်။ ယခု ထွက်ပေါ်လာသော ဓာတ်ပုံများမှာ ၂၀၁၄ ခုနှစ်တွင် ကျင်းပသောပွဲတော်ကာလမှ ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ယဇ်ပူဇော်ခံရသော တိရိစ္ဆာန်ပေါင်း ၂သိန်းခွဲ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အသတ်ခံခဲ့ရသော တိရိစ္ဆာန်များတွင် ကျွဲ၊ တောင်ဆိတ် နှင့် ကြက်များ ပါဝင်ပြီး စုစုပေါင်းကောင်ရေမှာ ၅သိန်းအထိ ရှိခဲ့ပြီး လာရောက်အားပေးသည့် လူပေါင်း သိန်း ၅၀ကျော်ခန့်က သောင်းသောင်းဖျဖျဖြင့် ဂိုင်းအုံကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ လာရောက်ကြသူများအနက် ၈၀%ကျော်မှာ အိန္ဒိယမှ လာရောက်ကြသူများ ဖြစ်ပါသည်။

ဂဟီမိုင် နတ်ဘုရားမကို လွန်ခဲ့သောနှစ်ပေါင်း ၂၆၅ နှစ်ကတည်းက စတင်၍ ကိုးကွယ်လာကြခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဒဏ္ဍာရီပုံပြင်မှတ်တမ်းများအရ ပဒေသရာဇ် မြေပိုင်ရှင် ချစ်တီးသူဌေးကြီးတစ်ဦးမှ ဂဟီမိုင် နတ်ဘုရားမကို လူ့အသက်စတေး၍ ယဇ်ပူဇော်ပါက ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနိုင်လိမ့်မည်ဟူသော သူ၏ အိပ်မက်ကို အကောင်အထည်ဖော်ရန် လူ့အသက်အစား တိရိစ္ဆာန်မြောက်များစွာ၏ အသက်တို့အား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယင်းရိုးရာအစဉ်အလာကို ယနေ့အချိန်ထိ ထိန်းသိမ်းလာခဲ့ခြင်းဖြစ်ပါသည်။

ထိုနတ်ဘုရားမ ဂဟီမိုင် ၏ ပွဲတော်ကာလအတွင်း မနက်ဝေလီဝေလင်းအချိန်မှစတင်ကာ ပွဲတော်ပြီးဆုံးသည့်အချိန်ထိ ထောင်ပေါင်းများစွာသော တိရိစ္ဆာန်များ၏ အလောင်းများနှင့် ဦးခေါင်းများသည် ၎င်းနတ်ဘုရားမ၏ ကျောင်းဆောင်တော် အပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင် သွေးသံတရဲရဲဖြင့် ပြည့်နှက်၍ နေလေသည်။

မှတ်ချက်။ ဓာတ်ပုံနှင့် အချက်အလက်များအား cri မှ ကိုးကားခြင်း ဖြစ်ပါသည်။

မေသွေး @ အလင်းမျက်ဝန်း

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat