ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဒေါ်နယ်ထရမ့်ကို ဆုံးမစကားပြောကြားလိုက်သည့် အစ္စလာမ်ဘာသာဝင် လန်ဒန်မြို့တော်ဝန်

အကယ်၍ ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်လာပြီး သူ၏ပြောစကားများအတိုင်း ဆောင်ရွက်ခဲ့မည်ဆိုပါက အစ္စလာမ်ဘာသာဝင်ဖြစ်သူ လန်ဒန်မြို့တော်ဝန် ဆွဒီးက်ခန်း (Sadiq Khan) ပင်လျှင် အမေရိကန်နိုင်ငံသို့ ဝင်ခွင့်မရဘဲ ပိတ်ပင်ကောင်း ပိတ်ပင်ခံရနိုင်သည်။

ဒေါ်နယ်ထရမ့်၏ မူဝါဒများကြောင့် အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့် ရ-မရ မသေချာသည့် ဆွဒီးက်ခန်း (Sadiq Khan) က အရွေးခံသမ္မတအနေဖြင့် ကွဲပြဲနေသည့် အသိုင်းအဝိုင်းများအား ပြန်လည်ညီညွတ်အောင် ကုစားရန် ဆုံးမစကားပြောကြားလိုက်သည်။

ထရမ့်က မွတ်စ်လင်မ်များကို ပြည်ဝင်ခွင့်ပိတ်မည်ဟု ကြွေးကြော်ထားသည်။ လန်ဒန်မြို့တော်ဝန် ကိုယ်တိုင်လည်း မွတ်စ်လင်မ် ဖြစ်နေသည်။ သို့သော် နောက်ပိုင်းတွင် ထရမ့်က ပြည်ဝင်ခွင့်ပိတ်မည့်မူဝါဒတွင် ခြွင်းချက်တော့ ရှိလိမ့်မည်ဟု အရိပ်အမြွက်ဖြင့် ပြင်ဆင်ပြောဆိုခဲ့သည်။ ကမ္ဘာအဝန်းတွင် လူဦးရေ ၁.၆ ဘီလီယံ (သန်းပေါင်း ၁၆၀၀) ကျော် ကိုးကွယ်နေသည့် ဘာသာတရားကြီးတစ်ခုအပေါ် သမ္မတသစ် ဖြစ်လာမည့် ထရမ့်၏ သဘောထားကို Sadiq Khan က အကြိမ်တော်တော်များများ ဝေဖန်ခဲ့သေးသည်။

“ ဒေါ်နယ်ထရမ့်ရဲ့ ပရိသတ်လည်းမဟုတ်သလို သူမဲဆွယ်စည်းရုံးရေးလုပ်တဲ့ နည်းလမ်းကိုလည်း သဘောမကျဘူးဆိုတာကို လျှို့ဝှက်ထားဖို့မလိုဘူး ” ဟု Evening Standard မီဒီယာသို့ Khan က ပြောသည်။

“ ဒါပေမဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူနိုင်သွားပြီပဲ။ သူ့ရဲ့မဲဆွယ်စည်းရုံးပွဲဟာ အမေရကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးကို သွေးကွဲစေခဲ့သလို ခံစားချက်တွေကလည်း အထွတ်အထိပ်ကို ထိုးတက်နေတယ်။ အခုဒေါ်နယ်ထရမ့်အနေနဲ့ အဲဒီစိတ်ဝမ်းကွဲနေတဲ့ အသိုင်းအဝိုင်းတွေကို ပြန်လည်စည်းလုံးညီညွတ်ဖို့အတွက် သူတတ်နိုင်သလောက် အဆုံးအစွန်လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူ့ကောင်းရာကောင်းကြောင်းအတွက် ဆုတောင်းပါတယ် ” ဟု သူက ဆက်ပြောသည်။

Khan ကိုယ်တိုင်သည် သူ၏ ပြိုင်ဘက်များက ပြုလုပ်သော လူမျိုးရေးခွဲခြားမှုနှင့် အစ္စလာမ်ကြောက်ရောဂါ အခြေခံသည့် ထိုးနှက်တိုက်ခိုက်မှုများကို ကျော်လွှားကာ လန်ဒန်မြို့တော်ဝန် ဖြစ်လာခဲ့သူဖြစ်သည်။ ယူကေ ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းက Khan သည် IS စစ်သွေးကြွအုပ်စုအပေါ် စာနာမှုထားသူဖြစ်သည်ဟုပင် ဒေါ်နယ်ထရမ့်ဆန်ဆန် စွပ်စွဲပြောကြားခဲ့ဖူးသည်။

Khan သည် ယခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်ကို အားပေးထောက်ခံခဲ့သူဖြစ်သည်။

ကိုးကား » Huffingtonpost
သတင်း » စတီဗင် © အလင်းမျက်ဝန်း
ဓာတ်ပုံ » အင်တာနက်

လက်ရှိ အင်္ဂလန်နိုင်ငံ မြို့တော်လန်ဒန်၏ မြို့တော်ဝန် မိုဟမ္မဒ် ဆွဒီးက်ခန်း (Sadiq Khan)

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat