Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် မွတ်စ်လင်မ်စစ်သားများ၏ သင်္ချိုင်းမြေပုံများ လီဗားပူး၌ ပြန်လည်ရှာတွေ့

လီဗာပူးမြို့ သုဿာန်တစ်ခု၌ ပြုလုပ်သည့် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုတွင် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးသွားခဲ့သော အင်ဒိုနီးရှားလူမျိုး (၁၁) ဦး၏ သင်္ချိုင်းမြေပုံများအတွက် ကျောက်တိုင်အမှတ်အသားအသစ်များ စိုက်ထူပေးခဲ့ကြောင်းသိရသည်။

ယင်းတို့၏ သင်္ချိုင်းမြေပုံများမှာ ဆယ်စုနှစ် ခုနှစ်စုနီးပါး လျစ်လျူရှု ပစ်ပယ်ခြင်း ခံထားခဲ့ရသည်။ ထိုအင်ဒိုနီးရှားလူမျိုး ရေတပ်ရိက္ခာထောက်ပို့စစ်သည် ၁၁ ဦးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပြီး ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်စစ်တပ်အတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြသူများ ဖြစ်ပေသည်။

ဒပ်ခ်ျရေတပ်မှ ဖြစ်ကြသော ယင်းတို့၏ သင်္ချိုင်းမြေပုံသည် ကြီးမားသော ဝန်းထရံကြီးတစ်ခုနှင့် မြက်ရိုင်းပင်များကြောင့် ၁၉၄၀ နှစ်ပိုင်းကတည်းက လူမသိသူမသိ တိမ်မြှုပ်ပျောက်ကွယ်ခဲ့ရသည်။

ထိုသင်္ဘောသားများသည် ဆူမားတြားနှင့် ဘာလီအကြားရှိ ဂျာဗားကျွန်းမှဖြစ်ကြပြီး ယူကေသို့ စားသောက်ကုန်နှင့် ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်စစ်သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။

၎င်းတို့၏ တာဝန်မှာ သင်္ဘောအင်ဂျင်ခန်း ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာလုပ်ငန်းများဖြစ်ပြီး ၎င်းတို့စီးနင်းလိုက်ပါသည့် သင်္ဘောသည် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံများထိအောင် လှည့်ပတ်သွားလာကာ စားသောက်ကုန်များ ဖြန့်ဖြူးခြင်း၊ စုဆောင်းခြင်းများ လုပ်ဆောင်ပေးခဲ့သည်။

ယင်းတို့ ဗြိတိသျှကမ်းရိုးတမ်းအရောက်၌ (ထိုစဉ်က သင်္ဘောသားများ အသက်အရွယ်ရလာသည့်အခါ အဖြစ်များသည့်) တီဘီနှင့် အဆုတ် လေပွရောဂါ သို့မဟုတ် ရေဝင်သည့်ရောဂါများ အပါအဝင် အခြားရောဂါဝေဒနာများ ဖိစီးခြင်းခံနေရပြီဖြစ်သည်။

သင်္ဘောသားများအနက်မှ တစ်ဦးဆိုလျှင် ဗိုက်တာမင် ဘီ-၁ ချို့တဲ့ခြင်းကြောင့်ဖြစ်သည့် ဘယ်ရီဘယ်ရီ (Beriberi) ရောဂါကိုပါ ခံစားနေရသည်။ ကမ်းကပ်ချိန်၌ သင်္ဘောသားအများစုကို လီဗာပူးမြို့ Walton ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၎င်းတို့အားလုံး ကျဆုံးခဲ့ကြရသည်။

ယင်းတို့၏ သင်္ချိုင်းမြေပုံကို ၂၀၁၂ ခုနှစ်တိုင်အောင် ဘယ်နားရှိမှန်းမသိဘဲ မေ့ပျောက်နေခဲ့ကြရာမှ ဒေသခံသမိုင်းပညာရှင်တစ်ယောက်က ၎င်းဆက်သက်လာခဲ့သော မိသားစုမျိုးရိုးစဉ်ဆက်မှတ်တမ်းများကို သုတေသနပြုလုပ်ရာ လီဗာပူးမြို့ Walton Park သင်္ချိုင်းအတွင်း မြှုပ်နှံထားသောအလောင်းများနှင့် စတင်ဆက်စပ်မိခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော မတ်လက ဒပ်ခ်ျစစ်ဖက်ရုပ်ကြွင်းရှာဖွေရေးအဖွဲ့က ထိုသင်္ချိုင်းမြေပုံများကို စစ်ဆေးခဲ့ကြပြီးနောက် အဆိုပါ ၁၁ ဦးသည် ဒပ်ခ်ျစစ်တပ်အတွက် တာဝန်ထမ်းရွက်ခဲ့သော ရိက္ခာထောက်ပို့စစ်သည်များဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

လွန်ခဲ့သည့် ကြာသာပတေးနေ့က ၎င်းတို့အတွက် အထူးအောက်မေ့ဖွယ် အခမ်းအနားကို လီဗားပူးသာသနာပိုင် Dr Crispin Pailing ဦးဆောင်မှုနှင့်တကွ Abdullah Quilliam Society မွတ်စ်လင်မ်အဖွဲ့အစည်းမှ အေမာမ် WaddahSaleh က အစ္စလာမ်ဘာသာအရ ဝတ်ပြုဆုတောင်းမှုများ ကျင်းပပြုလုပ်ပေးခဲ့ကြသည်။

ပျောက်ဆုံးနေသော သင်္ချိုင်းမြေပုံများကို ရှာတွေ့ခဲ့သည့် သမိုင်းသုတေသီ Vic Raffells က “ ၁၉၁၇ ခုနှစ် စပိန်တုပ်ကွေးမှာ ကွယ်လွန်ခဲ့တဲ့ ကျွန်တော့်အဖွား Martha Riley ကို အဲဒီသုဿာန်မှာ မြှုပ်နှံထားကြောင်းကို ၂၀၁၂ ခုနှစ်က ကျွန်တော်ရှာဖွေတွေ့ရှိလိုက်တယ်။ အဖွားသင်္ချိုင်းကို တိတိကျကျရှာတွေ့ပြီးတဲ့နောက်ပိုင်း အဲဒီသုဿာန်မှာ ပျောက်ဆုံးနေတဲ့ နောက်ထပ်သင်္ချိုင်းတွေကို ၂၀၁၄ ခုနှစ်မှာ ဆက်လက်ပြီး သုတေသနပြုလုပ်ရင်း ရှာဖွေခဲ့တယ်။ နောက်ဆုံးတော့ သူတို့ကို ဝန်းထရံကြီးတစ်ခုနဲ့ မြက်ရိုင်းပင်တွေအောက်မှာ သွားတွေ့တော့တာပဲ ” ဟု ပြန်ပြောင်းပြောပြခဲ့သည်။

ထို့နောက် ကံကောင်းထောက်မစွာဖြင့် မှတ်တမ်းတစ်ခုကို Raffells က တူးဖောက်ရရှိခဲ့ပြီးနောက် ယင်းကုန်သည် သင်္ဘောသားများ၏ သင်္ချိုင်းတည်နေရာကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတ်တမ်းကို သူက လီဗာပူးချာခ်ျကျောင်း ဆောက်လုပ်ရေးမန်နေဂျာ Capt Peter Woods အား ပြသကာ အကူအညီတောင်းခံခဲ့ရာ ယင်းပျောက်ဆုံးနေသူများမှာ မည်သူများဖြစ်ကြောင်း သိရှိနိုင်ရန် အထောက်အထားမှတ်တမ်းများ ပိုမိုရရှိခဲ့သည်ဟုဆိုသည်။

Cheshire ခရိုင် Runcorn မြို့သား Raffells က “ သူတို့အားလုံးက အင်ဒိုနီးရှား မွတ်စ်လင်မ်တွေလေ။ နယ်သာလန် ရိက္ခာပို့ရေတပ်မှာ သူတို့ ၁၁ ယောက်လုံး တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက်တစ်ယောက် ရှိသေးတယ်။ Ali Mohamed တဲ့။ သူက ဗြိတိသျှရိက္ခာသယ်ရေတပ်သင်္ဘော SS Empire Howard မှာ မီးသတ်သမားနဲ့ အပ်ချုပ်သမားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပေါ့ ” ဟု ပြောသည်။

ထိုကျဆုံး သင်္ဘောသားများအား ဂုဏ်ပြုပွဲသို့ ဒပ်ခ်ျသံရုံး၊ Mersey Mission to Seafarers ပရဟိတအဖွဲ့၊ War Graves Commission ဓနသဟာယအဖွဲ့နှင့် ဒပ်ခ်ျစစ်သင်္ချိုင်းရေးရာကော်မရှင် အသီးသီးမှ တာဝန်ရှိသူများအပြင် လီဗာပူးမြို့တော်ဝန် Roz Gladden လည်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ကိုးကား » The Guardian
သတင်း » စတီဗင် © အလင်းမျက်ဝန်း

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat