ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

နိုင်ဂျီးရီးယားပြည်သူများ မျှော်လင့်ချက်မမဲ့ရန်နှင့် အလ္လာဟ်အရှင်မြတ်ကို ယုံပုံကိုးစားရန် သမ္မတဘူဟာရီတိုက်တွန်း

နိုင်ဂျီးရီးယားသမ္မတ မိုဟမ္မဒ် ဒူဘူဟာရီက ယဉ်ကျေးမှုအမွေအနှစ်များ ကြာရှည်ခံရေးနှင့် ပြည်သူလူထုအလုံးစုံကောင်းစားရေးကို ဦးတည်ကာ မိမိ၏ခေါင်းဆောင်မှုကို နှစ်မြှုပ်ထားကြောင်း လွန်ခဲ့သည့် သောကြာနေ့က လာဂိုးစ်မြို့တွင် ကျင်းပသည့် နိုင်ဂျီးရီးယား မွတ်စ်လင်မ် အမျိုးသမီးအဖွဲ့ချုပ် (FOMWAN) ၏ ၃၁ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ၌ ပြောကြားလိုက်သည်။

ထို့အပြင် နိုင်ဂျီးရီးယားနိုင်ငံသားများအနေဖြင့် နိုင်ငံတော်မှ လက်တလော ရင်ဆိုင်နေရသည့် စီးပွားရေး စိန်ခေါ်များကို အောင်မြင်စွာ ကျော်လွှားနိုင်ရန် ကြိုးစားအားထုတ်နေသည့် အစိုးရ၏ လုပ်ဆောင်ချက်များကို အားပေးထောက်ခံရန်လည်း တိုက်တွန်းပြောဆိုခဲ့သေးသည်။

“ မျှော်လင့်ချက်မမဲ့ကြဖို့ တိုက်တွန်းပါရစေ။ အလ္လာဟ်အရှင်မြတ်ကို ယုံပုံကိုးစားပြီး ဆုမွန်ကောင်းတောင်းကြပါ။ လှိုင်းကြီးလေထန်နေချိန် သင်္ဘောကို အန္တရာယ်ကင်းကင်းနဲ့ ကမ်းကပ်နိုင်ဖို့အတွက် ဒီနည်းလမ်းတစ်ခုထဲသာရှိပါတယ် ” ဟု ဘူဟာရီက ဆိုသည်။

ဘိုကိုဟရမ် အစွန်းရောက်အဖွဲ့မှ ဖမ်းဆီးခေါ်ယူသွားပြီး လွတ်မြောက်လာသည့် Chibok မှ အမျိုးသမီး ၂၁ ဦးအတွက် ပြုလုပ်ခဲ့သည့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်၊ ပြန်လည်ထူထောင်ရေး၊ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးနှင့် လွတ်မြောက်ရန် ကျန်ရှိနေသေးသူများကို အမြန်ဆုံး ကယ်ဆယ်နိုင်ရေးအတွက် အစိုးရ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် လားဂိုးစ်ပြည်နယ် ဝန်ကြီးချုပ် Akinwunmi Ambode ကလည်း “ အေးချမ်းသာယာခြင်းနဲ့ လုံခြုံခြင်းဆိုတာ အလ္လာဟ်အရှင်မြတ် ဘက်တော်ကနေပဲ လာပါတယ်။ အဲဒါတွေကိုပဲ အလ္လာဟ်အရှင်အမြတ်က လူသားတွေကိုပေးဖို့ ဆန္ဒရှိတာပါ။ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ကြဖို့ ကျွန်တော်တိုက်တွန်းပါရစေ ” ဟု ပြောကြားခဲ့သည်။

FOMWAN ဥက္ကဋ္ဌ Amina Omoti ကလည်း “ အေးချမ်းသာယာမှုနဲ့ လုံခြုံရေးဆိုတာ လူ့အသိုင်းအဝိုင်း တိုးတက်အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။ အဲဒါတွေ ခြိမ်းခြောက်ခံရပြီဆိုရင် အခြေခံအဆောက်အအုံ၊ လူမှုဘဝ၊ စီးပွားရေးနဲ့ ပညာရေး အစရှိတဲ့ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါဘူး။ နိုင်ဂျီးရီးယားပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနေနိုင်ဖို့အတွက် အစိုးရအဖွဲ့အနေနဲ့ မူဝါဒတွေ အမြန်ဆုံးချမှတ်ပေးဖို့ ကျွန်မတို့က တိုက်တွန်းပါတယ် ” ဟု တိုက်တွန်းပြောကြားလိုက်သည်။

ကိုးကား » vanguardngr
သတင်း » စတီဗင် © အလင်းမျက်ဝန်း

နိုင်ဂျီးရီးယားသမ္မတ မိုဟမ္မဒ် ဒူဘူဟာရီ (ဓာတ်ပုံ » အင်တာနက်)

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat