အဆိုပါ ဗလီဝတ်ကျောင်းတော်ကြီးဟာ အစ္စရေးနဲ့ ပါလက်စတိုင်းလူမျိုးတွေရဲ့ အဓိက အငြင်းပွားရာနေရာဖြစ်ပြီး ဂျူးလူမျိုးတွေကလည်း ဗလီနေရာကို ၎င်းတို့လည်းပိုင်ဆိုင်ချင်ကြပါတယ်။
ဇွတ်အတင်း ဝင်ရောက်လာတဲ့ ဂျူးလူမျိုးတွေနဲ့ ဗလီကြီးသို့ ဝတ်ပြုဖို့ရောက်ရှိနေတဲ့ ပါလက်စတိုင်းလူမျိုးတွေ ပဋိပက္ခဖြစ်ခဲ့ကြရာတွင် အစ္စရေးရဲတွေဟာ ဂျူးလူမျိုးတွေကို အကာအကွယ်ပေးခဲ့တာကြောင့် ပါလက်စတိုင်း (၁၅) ယောက် ဒဏ်ရာရခဲ့ပါတယ်။
မူလပိုင်ဆိုင်တဲ့ ဌာနေလူမျိုး ပါလက်စတိုင်းတွေအနေနဲ့ အလ်အက်ဆွာ ဗလီကြီးမှာ ဝတ်ပြုခွင့်မရှိဘူးလို့ အစ္စရေးအစိုးရက အမိန့်ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံဟာ ၁၉၆၇ ခုနှစ်မှာ ပါလက်စတိုင်းလူမျိုးများရဲ့ နယ်မြေများကို ကျူးကျော်သိမ်းပိုက်ပြီး တည်ထောင်ခဲ့တာဖြစ်ပြီး ယနေ့ကာလအထိ ပါလက်စတိုင်းလူမျိုးများ၏ နယ်မြေများကို ကျူးကျော်သိမ်းပိုက်နေတာကြောင့် ပဋိပက္ခများ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ကိုးကား » Al-Jazeera
သတင်း » နူးရ်ခါန်း © အလင်းမျက်ဝန်း
![]() |
ဂျေရုစလင်မြို့မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တို့၏ တတိယမြောက် အထွတ်အမြတ်ထားရာ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်ကြီး (Photo form Al-Jazeera) |
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။