Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ကျနော်တို့ခေါင်းပေါ်မှာ ပျံဝဲနေသမျှအားလုံးဟာ ရန်သူတွေဘဲ


အလ်ဂျဇီရာရဲ့သတင်းထောက် Hamza Mohamed က al-Shabab တော်လှန်ရေးသမားတွေကို သူတို့လေ့ကျင့်ကွင်းထဲမှာ ဒရုန်းကင်မရာအသုံးပြုပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။

“ ပျံဝဲနေသမျှ အားလုံးကို ငှက်တွေမဟုတ်ဘဲ ကျနော်တို့ရဲ့ ရန်သူတွေလို့ သတ်မှတ်ပါတယ် ” လို့ Hamza Mohamed ကို al-Shabab ရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်သူ Hassan Yakub က ပြောပြ၍ ရိုက်ကူးခွင့်မပြုခဲ့ပါဘူး။ သူ့ရဲ့တုန့်ပြန်ချက်ဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်များအတွင်းက al-Shabab ရဲ့ ခေါင်းဆောင်ဟောင်း အပါအဝင် ထိပ်တန်းဗိုလ်မှုး ၁၀ ယောက်ကျော်ဟာ ဒရုန်းတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေကြောင့် သေဆုံးခဲ့ရပါတယ်။

အာဖရိကတိုက်ရဲ့ အရှေ့ဖက်မှာရှိတဲ့ ဆိုမာလီယာနိုင်ငံမှာ al-Qaeda နဲ့ ဆက်နွယ်နေတဲ့ al-Shabab အဖွဲ့ အခြေချကြပါတယ်။ သူတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေကို မောင်းသူမဲ့ယာဉ်တွေလာရင် ပုန်းဖို့ ဒါမှမဟုတ် အမည်မသိယာဉ်တွေ ပျံဝဲလာရင် ပစ်ချဖို့ သင်တန်းပေးနေပါတယ်။

ကျနော်တို့ ငှားထားတဲ့နယ်မြေခံကလဲ တွန့်ဆုတ်နေပြီး လုံးဝမကောင်းတဲ့အကြံလို့ ပြောပါတယ်။ al-Shabab တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲ ဒရုန်းကင်မရာအသုံးပြုပြီး မှတ်တမ်းတင်ဖို့ကိုလည်း ကျနော်တို့ ကင်မရာသမားက သိပ်စိတ်မပါလှပါဘူး။

ဒရုန်းကနေ ကင်မရာမှတ်တမ်းရိုက်ယူဖို့အတွက် ဖုန်းနဲ့တွဲအသုံးပြုရမှာဖြစ်လို့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ စမတ်ဖုန်းအသုံးပြုခွင့်ကို ပိတ်ပင်ထားတာကြောင့် ပြဿနာတွေကို ပိုရှုပ်စေပါတယ်။

al-Shabab ကလည်း သူတို့နယ်မြေအတွင်းမှာ ကင်မရာပါတဲ့စမတ်ဖုန်း အသုံးပြုခွင့်ပေးဖို့ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ကြပါတယ်။ သူတို့လုံခြုံရေးအတွက်လဲ စိုးရိမ်နေကြတာပါ။ ဒရုန်းယူလာလို့ ကျနော်တို့ကို မောင်းထုတ်တော့မှာလားဆိုတာကိုလည်း စိုးရိမ်ခဲ့ရပါသေးတယ်။ ဒရုန်းကိုပြုပြင်ထားပြီး ကျနော်တို့ကို နောက်ယောင်ခံလိုက်လာမလား။ အမေရိကန်ရဲ့ ထောက်လှမ်းရေးတွေလို့ ကျနော်တို့ကို စွပ်စွဲကြမလားဆိုပြီးလည်း တွေးပူခဲ့ရပါသေးတယ်။

al-Shabab ကလည်း သူလျှိုတွေဆို တစ်ခါတည်းပစ်သတ်နေတဲ့ အချိန်ပါ။ ပြီးတော့ ဆိုမားလီးယားမှာက ရေချိုးခန်း၊ အိမ်သာတွေမှာ အမိုးမရှိကြတာများပါတယ်။ ရေချိုးနေတုန်း အိမ်သာတက်နေတုန်း ဒရုန်းနဲ့သွားရိုက်မိရင်လည်း ပြဿနာက ရှင်းလို့ပြီးနိုင်မယ်မထင်။ အကောင်းဆုံးကတော့ လူတွေနဲ့ဝေးဝေးရှောင်နေတာပါဘဲ။

အဖွဲ့ခေါင်းဆောင်တွေဆီက ခွင့်ပြုချက်ရပြီးတာနဲ့ ဗိုလ်မှူးတွေဟာ သူတို့တပ်သားတွေကို အဆိုပါဒရုန်းဟာ အမေရိကန်က မဟုတ်ကြောင်း သူတို့ပေါ် ဒုံးကျည်တွေ ပစ်ချမှာမဟုတ်ကြောင်း အရင်ရှင်းပြရပါတယ်။

စပ်စုလိုတဲ့ တပ်သားများကတော့ လူမပါဘဲ ရိုက်ထားတာ ဘယ်လိုပုံထွက်လာမလဲ သိချင်လို့ တောင်းကြည့်ကြပါတယ်။ ငါတို့အားလုံး ကြည့်ရတာတစ်ပုံစံတည်းလို့ တပ်သားငယ်တစ်ယောက်က စအော်ပါတယ်။ ဘယ်သူပိန်လဲ ဘယ်သူဝလဲ မသိနိုင်ဘူး။ ငါတို့ကြည့်ရတာတူတူတွေဘဲ အဆင်ပြေတယ်ကွလို့ အော်ပြောတော့ တခြားတပ်သားတွေလည်း စရယ်ကြတော့တာပါဘဲ။

မင်းတို့အမေရိကန်တွေ မြင်ရတာဒီလိုပေါ့။ ဒါနဲ့ရိုက်ရင် ဘယ်သူ့ကိုမှ ကောင်းကောင်းမမှတ်မိနိုင်ဘူးပေါ့လို့ တပ်သားတစ်ယောက်ကပြောတော့ ဒါကြောင့်အမေရိကန်တွေပစ်တဲ့ ပစ်မှတ်တွေလွဲနေတာကွလို့ နောက်တပ်သားတစ်ယောက်က ထအော်လေရော။

ရိုက်ကူးရေးပြီးသွားလို့ ကျနော်တို့ အထုပ်အပိုးပြင်နေတဲ့အခါ ဗိုလ်မှုးတွေက သူတို့တပ်သားတွေကိုခေါ်ပြီး ရိုက်ကူးရေး ပြီးသွားပြီဖြစ်တဲ့အကြောင်း အခုအချိန်ကပြန်စပြီး ပျံသန်းသမျှအရာတွေအားလုံးဟာ ရန်သူပြန်ဖြစ်သွားပြီဖြစ်တဲ့အကြောင်း ရှင်းပြသံတွေကြားခဲ့ရပါသေးတယ်။

ကမ္ဘာကျော် အလ်ဂျဇီရာသတင်းဌာနရဲ့ သတင်းထောက် Hamza Mohamed ရဲ့ Anything that flies is an enemy အမည်နဲ့ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းဆောင်းပါးကို အလင်းမျက်ဝန်းရဲ့ နိုင်ငံတကာသတင်း အင်္ဂလိပ်ပိုင်းမှ နူးရ်ခါန်းက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ပြခြင်း ဖြစ်ပါသည်။

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat