အဆိုပါ ယီမင်နိုင်ငံမှ ရှီအာဟူသီသူပုန်တွေဟာ ၎င်းတို့ဖမ်းဆီးထားတဲ့ ရာပေါင်းများစွာသော အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိထားတဲ့အပြင် ၎င်းတို့ အပြင်းအထန် နှိပ်စက်ခဲ့တဲ့လူ ၂၂ ယောက်ထဲက ၂ ယောက်ဟာ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ သေဆုံးသွားတဲ့နှစ်ယောက်ဟာ ကလေးငယ်များ ဖြစ်တယ်လို့ HRW က ပြောဆိုထားပါတယ်။
၂၀၁၅ ခုနှစ်၊ မတ်လအတွင်း သမ္မတ Abedrabbo Mansour Hadi ပြည်ပသို့ ထွက်ပြေးခိုလှုံသွားရကတည်းက ဆော်ဒီဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်ဖွဲ့ရဲ့အကူအညီနဲ့ အစိုးရအဖွဲ့တွေဟာ ဟူသီသူပုန်တွေနဲ့ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကတော့ မှားယွင်းထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“ Sanaa မြို့ကို ထိန်းချုပ်ထားသူတွေအနေနဲ့ မှားယွင်းထိန်းသိမ်းထားတဲ့လူတွေကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။ ထိန်းသိမ်းထားခံလူတွေဟာ ရှေ့နေတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရတာကို အဆုံးသတ်သင့်ပြီး မတရားမှုတွေအတွက် အစိုးရရှေ့နေတွေကလည်း လိုက်ပါပေးကြမှာပါ ” လို့ HRW လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားတည်းက အခုချိန်ထိ လူပေါင်း ခုနှစ်ထောင်ကျော် သေဆုံးခဲ့ရပြီး လူပေါင်းသုံးသောင်းခုနှစ်ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကုလသမ္မဂ္ဂက ပြောပါတယ်။ သန်းနဲ့ချီတဲ့လူတွေဟာလည်း အကူအညီလိုအပ်နေဆဲဖြစ်ပါတယ်။
ကိုးကား » AN
နူးရ်ခါန်း © အလင်းမျက်ဝန်း
![]() |
ယီမင်သူပုန်တွေ ထင်ရာစိုင်းဖမ်းဆီးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ပြော |
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။