ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အက္ကစွာဗလီဟာ မွတ်စ်လင်မ်တွေပဲ ပိုင်တယ်လို့ သမ္မတ အာဒိုဂန်ပြောကြား

တူရကီနိုင်ငံသမ္မတ ရဂျက်ပ် တိုင်ယစ်ပ် အာဒိုဂန် က “ ဂျေရုစလင်ဟာ သာသနာကြီး (၃) ခု ရှင်သန်ရာ မြို့တော်ကြီးမှန်ပေမဲ့ ထွတ်မြတ်လှတဲ့ အက္ကစွာဗလီဝတ်ကျောင်းတော်မြတ်ကြီးနဲ့ သူ့ထဲမှာရှိတဲ့ သမိုင်းအထိမ်းအမှတ်တွေ၊ အတွင်းအောက် အထိမ်းအမှတ်တွေနဲ့ ထင်ပေါ်ဝင့်ထည်နေတဲ့ စွခရဟ်ကျောင်းတော် အားလုံးဟာ မွတ်စ်လင်မ်တွေပဲ ပိုင်ဆိုင်တာဖြစ်တယ် ” လို့ ပြောဆိုလိုက်ပါတယ်။

သမ္မတအာဒိုဂန်က “ ဂျေရုစလင်မြို့တော်နဲ့ အက္ကစွာဗလီကြီးကို ကာကွယ်ဖို့ဟာ အရေးကြီးတာဝန်တစ်ရပ်ပါ ” လို့လည်း တစ်ဆက်တည်း ပြောကြားသွားပါတယ်။

“ ကျောက်ခဲလုံးလေးတွေပဲ ပိုင်ဆိုင်ထားကြတဲ့ ကလေးတွေ (ပါလက်စတိုင်းမျိုးဆက်သစ်တွေ) ဘက်မှာ ရပ်တည်ဖို့နဲ့ ဂျေရုစလင်မြို့တော်ကြီးကို ကာကွယ်ဖို့က အားလုံးနဲ့ သက်ဆိုင်တဲ့တာဝန်လို့ မှတ်ယူပြီး ပြောခြင်းဖြစ်တယ် ” လို့လည်း ဆက်ပြောပါတယ်။

အင်္ဂါနေ့ မနက် အစ္စတန်ဘူလ်မြို့မှာ ဂျေရုစလင်မြို့တော် ပါလီမန်အဖွဲ့အစည်းက စီစဉ်ကျင်းပတဲ့ “ ဂျေရုစလင်နဲ့လက်တလောစိန်ခေါ်မှုများ ” အမည်နဲ့ ညီလာခံမှာ တူရကီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါညီလာခံကို နိုင်ငံတစ်ဝှမ်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

တစ်ဆက်တည်းမှာပဲ အာဒိုဂန်ဟာ ပါလက်စ်တိုင်းတွေအပေါ် အစ္စရေးတို့ကျူးလွန်နေတဲ့ ကောက်ကျစ်ယုတ်မာမှုတွေကိုလည်း အခုလို ရှုတ်ချလိုက်ပါတယ်။

အစ္စရေးဟာ သူတို့ရဲ့ လက်နက်ကြီးတွေနဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေဘက်ကို ချိန်ရွယ်ထားကြတယ်။ ပြီးတော့ ကွန်ဂရစ်နံရံတွေ၊ သံဆူးကြိုးတွေကြားမှာ လူငယ်လူရွယ်တွေရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်နေတယ်။ အမျိုးသမီးတွေကို အိမ်တွေထဲမှာ သဂြိုလ်ပစ်တယ်။ ဖခင်တွေနဲ့ သားတွေကို ဖမ်းဆီးပစ်တယ်။

သမ္မတအာဒိုဂန်ဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေအားလုံးကို အရင်ကလို ပြစ်တင်ဝေဖန်မှုမျိုး ထပ်မံ ဝေဖန်လိုက်ပါတယ်။

“ ဒီအဖွဲ့အစည်းတွေဟာ ပါလက်စတိုင်း အရေးကိစ္စမှာ လုံးဝ ဂရုမစိုက်ကြဘူး။ ရှေ့မတိုး နောက်မဆုတ် မသိချင်ဟန်ဆောင်နေကြတယ်။ သူတို့ဟာ အာဏာရှင် ခေါင်းဆောင်တွေရဲ့ ဥပဒေတွေကိုသာ ကိုယ်စားပြုနေကြပြီး တရားဥပဒေစိုးမိုးရေးကိုတော့ ကိုယ်စားမပြုကြဘူး ” လို့ ဝေဖန်လိုက်ပါတယ်။

ကမ္ဘာ့ကုလသမ္မဂအဖွဲ့ကြီးဟာ သန်းပေါင်း (၁၇၀၀) ရှိသော မွတ်စ်လင်မ်ထုရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် သမ္မတအာဒိုဂန်က ကုလရဲ့လက်ရှိသွားနေတဲ့ အစီအစဉ်ပုံစံကို ပုံပြောင်းပစ်ဖို့ လိုအပ်တယ်လို့လည်း မွတ်စ်လင်မ်ကမ္ဘာကို ဆော်သြလိုက်ပါတယ်။

ကိုးကား » Al-Jazeera
ဓာတ်ပုံ » Al-Jazeera
သတင်း © အလင်းမျက်ဝန်း

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat