Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အစ္စရေးနိုင်ငံရဲ့ မြို့ပေါင်းများစွာတွင် အဆက်မပြတ် မီးလောင်ကျွမ်း


အစ္စရေးနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့တော် ဟိုင်ဖာမှာ မီးလောင်ကျွမ်းလျက်ရှိပြီး ငြိမ်းသက်လို့ မရသေးပါဘူး။ ဒါပေမဲ့ မီးလောင်မှု ကူးစက်မသွားစေဖို့ကိုတော့ ထိန်းချုပ်နိုင်ခဲ့ပါပြီ။ ဒဏ်ရာရသူဦးရေ (၁၅၀) ရှိခဲ့ပြီး လူပေါင်း(၈၀၀၀၀)လောက်ကိုတော့ ဘေးကင်းရာနေရာတွေမှာ  ရွှေ့ပြောင်းပေးထားရပါတယ်။

အစ္စရေးမီဒီယာတွေရဲ့အဆိုအရ (၃) ရက်တိုင် အဆက်မပြတ်လောင်ကျွမ်းလျက်ရှိနေတဲ့ အဆိုပါမီးလောင်မှုကြောင့် မြေဧကပေါင်း (၁၈၀၀)ခန့် ဆုံးရှုံးသွားခဲ့ရပြီး မြို့အသီးသီးမှ နေရာပေါင်း(၂၀၀) ခန့်အထိ မီးကူးစက်လောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

လူဦးရေ (၁၅၀) လောက် ဒဏ်ရာရရှိသွားခဲ့ပြီး ထောင်ပေါင်းများစွာကို ဘေးကင်းရာနေရာတွေမှာ ရွှေ့ပြောင်းထားခဲ့ရကြောင်းနဲ့ မီးရှို့ခဲ့တယ်လို့ သံသယရှိသူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် သိရပါတယ်။

OIC အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပါလက်စ်တိုင်းနဲ့ တူရကီ အပါအဝင် (၈) နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေဟာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို ကူညီဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

မြို့ရဲ့ ကျောင်းတွေအားလုံး ပိတ်ထားရပြီး လူတွေဟာ စူပါမားကတ်ကလို လှည်းတွေနဲ့ ပစ္စည်းတွေသယ်ယူပြီး မြို့အပြင်ဘက်ဆီ သွားနေကြတာကို တွေ့မြင်ခဲ့ရတယ်လို့ မြို့နယ်စည်ပင်သာယာရေး အာဏာပိုင်တွေက သတင်းဌာနတွေကို ပြောပြကြပါတယ်။

ဟိုင်ဖာမြို့တော်ဝန် ယူနာယာဟယူကတော့ “ မီးစလောင်တဲ့နေရာက လောင်စာဆီတွေရှိခဲ့ပြီး အဲဒီဧရိယာထဲကို တစ်ဦးဦးက မီးညှိထားတဲ့ ဆေးလိပ်တို လွှင့်ပစ်လိုက်တာဆိုတဲ့ လက္ခဏာတွေ ကျွန်တော်တို့ တွေ့ထားရပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟိုင်ဖာမြို့ကိုသွားတဲ့ ဂျေရုစလင်နဲ့ တဲလ်အဗစ်မြို့တွေကနေ ဆက်သွယ်ထားတဲ့ မိန်းလမ်းမကြီး (၄၄၃) ကိုလည်း မနေ့က ကြာသပတေးနေ့ နံနက်ကတည်းက ပိတ်ထားလိုက်ရပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အင်္ဂါနေ့ကတည်းက မီးကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။ မိုးလေဝသ ကျွမ်းကျင်ပညာရှင်တွေကတော့ ရာသီဥတုက ပူနေပြီး လေပြင်းတွေ တိုက်ခတ်နေခြင်းက မီးကို အလွန်အားကောင်းစေမဲ့ အကြောင်းရင်း ဖြစ်နေကြောင်း သတိပေးထားပါတယ်။

ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်
သတင်း © အလင်းမျက်ဝန်း






Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat