Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အေသင်မြို့လယ် ဗလီဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကျူးကျော်နေထိုင်သည့် အမျိုးသားရေးအစွန်းရောက်များကို ဂရိရဲတပ်ဖွဲ့နှိမ်နှင်း

ဂရိနိုင်ငံမြို့တော်အေသင်ရဲ့ မြို့လယ် Votanikos ရပ်ကွက်တွင် မြို့တော်၌ ပထမဆုံး ဖွင့်လှစ်မည့် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးလုပ်ငန်းခွင်အား လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒီများမှ သောက်ကြာနေ့က ကျူးကျော်သိမ်းပိုက်ထားခဲ့သောကြောင့် ရဲတပ်ဖွဲ့အစောင့်အရှောက်ကို ညလုံးပေါက်ထားခဲ့ပြီး ပါဝင်ပတ်သက်သူ လူ ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။

သောကြာနေ့ အစောပိုင်းတွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက အမျိုးသားရေး အစွန်းရောက်များကို ဝင်ရောက်ဖြိုခွင်းခဲ့သည်။ အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့နှင့်အတူ အစိုးရရှေ့နေတစ်ဦးလည်း လိုက်ပါခဲ့ပြီး ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်သူများအား တရားဥပဒေအရ အရေးယူသွားမည်ဟုလည်းဆိုသည်။ ဖမ်းဆီးထိန်းသိမ်းသူ ၁၅ ဦးအနက် ၁၀ ဦးသည် ယခင်ကတည်းက လိမ်လည်မှု၊ ခိုးယူမှုနှင့် မူးယစ်ဆေးဝါး ရောင်းချမှု အစရှိသည်တို့ဖြင့် ဖမ်းဆီးခံရဖူးသည့် ရာဇဝတ်မှတ်တမ်းရှိသူများဖြစ်ကြောင်း သတင်းရင်းမြစ်များကဆိုသည်။ ထိန်းသိမ်းခံရသူများထံမှ ဓားမြှောင်များ၊ ပေါက်ဆိန်များနှင့် အချက်ပြမီးတုတ်များကိုလည်း ရဲတပ်ဖွဲ့ကသိမ်းဆည်းခဲ့သည်။

ကျူးကျော်သူများသည် ဗလီဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာသို့ လွန်ခဲ့သည့် ဇူလိုင်လကတည်းက ယာယီတဲများဖြင့် ကျူးကျော်နေထိုင်ခဲ့ကြပြီး ယာယီချာခ်ျကျောင်းတစ်ခုကိုပင် ဆောက်ထားခဲ့သည်။ ယင်းတို့က ကျူးကျော်နေထိုင်ရာနေရာကို “အိမ်ခြေယာမဲ့အဆောင်” ဟု အမည်ပေးထားပြီး အစိုးရက နိုင်ငံရွှေ့ပြောင်းဝင်ရောက်လာသူများကို လိုအပ်သည့်အထောက်အပံ့နှင့် အဆောက်အအုံများ ပေးခဲ့သော်လည်း ဆင်းရဲသားဂရိများကိုမူ လစ်လျူရှုထားသောကြောင့် ၎င်းတို့အတွက် နေရာထိုင်ခင်းပေးနေခြင်းဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။

ကျူးကျော်နေရာမှ နှင်ထုတ်ဖမ်းဆီးခံခဲ့ရသူများသည် အမျိုးသားရေးအုပ်စုနှင့် အခြားသော ဆက်စပ်အဖွဲ့အစည်းများမှ ဖြစ်သော်လည်း ၎င်းတို့သည် နာဇီလက်သစ် Golden Dawn ပါတီနှင့် ဆက်နွှယ်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။ သို့သော်လည်း ယင်းပါတီကမူ ကျူးကျော်သူတို့၏ လုပ်ရပ်ကို လူသိရှင်ကြား ထောက်ခံခဲ့သေးသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် တနင်္ဂနွေနေ့က Golden Dawn ပါတီဥက္ကဋ္ဌ Nikos Michaloliakos က ကျူးကျော်သူများကို အဓိက မိန့်ခွန်းခြွေခဲ့သလို သောကြာနေ့ ဖြိုခွင်းမှုအပြီး မကြာမီအချိန်အတွင်း၌လည်း ပါတီပြောရေးဆိုခွင့်ရှိသူ Ilias Kasidiaris နှင့် ထင်ရှားသော လွှတ်တော်အမတ် Ilias Panagiotaros တို့က ယင်းကျူးကျော်နေရာသို့လာရောက်ကာ မြို့တော်အဝှမ်း မွတ်စ်လင်မ်တို့၏ ယာယီဗလီကျောင်းရာပေါင်းများစွာကို လျစ်လျူရှုထားသော်လည်း ဂရိတို့၏နေရာထိုင်ခင်းကို ဖျက်ဆီးသည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချကြောင်းပြောဆိုခဲ့သည်။

ထို့အပြင် Kasidiaris က အစိုးရသည် ဂရိနိုင်ငံကို အစ္စလာမ်ဇာတ်သွင်းနေကြောင်းနှင့် ဂရိလူမျိုးများအပေါ် လူမျိုးရေးခွဲခြားမှုပြုလုပ်ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

ယခုရက်သတ္တပတ်အစောပိုင်းကလည်း ဂရိတရားရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူးချုပ် Costis Papaioannou က ကျူးကျော်နေထိုင်သူများ၏ လုပ်ရပ်သည် မုန်းတီးရေးလှုံဆော်သည့် အသွင်ဆောင်နေသောကြောင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိုထိပါးနေကြောင်း သတိပေးပြောဆိုခဲ့သေးသည်။

ကိုးကား » ekathimerini
သတင်း » စတီဗင် © အလင်းမျက်ဝန်း

ဓာတ်ပုံ-အင်တာနက်

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat