ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အဇန်သံကို ပိတ်ချင်တဲ့ အစ္စရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့မွတ်စ်လင်မ်တွေ ဝိုင်းဝန်းကြဖို့ နှိုးဆော်

ပါလက်စတိုင်းအထင်ကရ ပုဂ္ဂိုလ်ကြီးများက မွတ်စ်လင်မ်အသိုင်းအဝိုင်းအား နိုးကြားကြဖို့ ဆော်သြ

ဓာတ်ပုံ » IUMS

ပါလက်စတိုင်းနိုင်ငံမှ ဘာသာရေးနဲ့ နိုင်ငံရေးလောကမှ အထင်ကရ ပုဂ္ဂိုလ်ကျော်ကြီးများက ပါလက်စတိုင်း နိုင်ငံသားတွေကို ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ ပါလက်စတိုင်းနိုင်ငံရဲ့ မူလသရုပ်သကန်ကို အစဖျောက်ပစ်ဖို့ ကြိုးစားနေတဲ့ အစ္စရေးရဲ့ စီမံကိန်းတွေရှေ့မှာ ကြံ့ကြံ့ခံ မားမားမတ်မတ် ဆန့်ကျင်ပေးကြဖို့ မွတ်စ်လင်မ် အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို ဆော်သြလိုက်ပါတယ်။

ယင်းပုဂ္ဂိုလ်များ ကြီးမှူးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပါလက်စတိုင်းရဲ့ ဓမ္မကထိကဖြစ်သူ မုဟမ္မဒ်ဟုစိုင်န်က အခုလို ရှင်းပြသွားပါတယ်။

ဟိဂ်ျရီ (၁၅) ခုနှစ်မှာ တမန်တော်မြတ် မုဟမ္မဒ် ﷺ ရဲ့ မုအဇ္ဇင်န် (နိဗ္ဗာန်ဆော်ကြီး) ဘိလာလ်က အက္ကစွာ ဗလီဝတ်ကျောင်းတော်မှာ စတင်ပြီး အဇာန်ဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက ယနေ့တိုင် ကွဒ်စ်မြို့မှာ အဇာန်သံတွေဟာ ပဲ့တင်ထပ်နေခဲ့တာပါ။ နောက်နောင်မှာလည်း ပါလက်စ်တိုင်းရဲ့ မျှော်စင်တွေပေါ်ကနေ အဇာန်သံ ပဲ့တင်ထပ်နေဦးမှာပါ။

ကျူးကျော်သူ အစ္စရေးတွေဟာ သူတို့ လိုသလို ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေးအတွက် စကားလုံးလှလှလေးတွေသုံးပြီး လှည့်စားဖို့ ကြိုးစားနေကြပါတယ်။ အဇာန်ပိတ်ပင်ရေး ဥပဒေအတွက် သူတို့က ည (၁၁) နာရီ ကနေ နံနက် (၇) နာရီ အထိ အထိတ်တလန့် ဖြစ်စေတဲ့ကိစ္စကို တားမြစ်ရေးဆိုပြီး သုံးနှုန်းထားပါတယ်။ မတရားကျူးကျော်သူတို့က အဇာန်ကို အထိတ်တလန့်ဖြစ်စေတယ်လို့ သုံးနှုန်းထားခြင်းကြောင့် ဒီဥပဒေအရဆို ဖဂျရ်အဇာန်ဟာ အလိုလို တရားမဝင် ဖြစ်သွားပါလိမ့်မယ်။

ဆက်လက်ပြီးတော့လည်း အခုလို ပြောဆိုလိုက်ပါတယ်။

“ ကျူးကျော်သူတွေရဲ့ဒီအဆိုဟာ လုံးဝလက်ခံနိုင်စရာ မရှိဘူး။ ကွဒ်စ်မြို့က မွတ်စ်လင်မ်တွေဟာ အစ္စလာမ့်အထိမ်းအမှတ်တွေထဲက အထိန့်တလန့် အမှတ်တစ်ခုခုကို စွန့်လွှတ်ဖို့ လုံးဝလက်သင့်ခံမှာ မဟုတ်ပါဘူး။ အဇာန်ဆိုတာဟာ အစ္စလာမ့်အထိမ်းအမှတ်တွေထဲက အထိမ်းအမှတ်တစ်ခုပါ။ ဘယ်သူမဆို အဇာန်ဆိုသံကြောင့် အထိတ်တလန့် ဖြစ်ရတယ်ဆိုရင် အဲဒီသူဟာ ကွဒ်စ်မြို့ကနေ ထွက်သွားလိုက်ပါ။ ”

အခြားတစ်ဦးဖြစ်တဲ့ အစ္စလာမ့်ဌာနချုပ်အကြီးအကဲ ရှိုင်ခ်အိက်ရိမဟ်စွဗရီကလည်း အခုလို ပြောပါတယ်။

“ အဇာန်တားဖို့ လုပ်တဲ့ကိစ္စဟာ အခုမှ အသစ်အဆန်း မဟုတ်ပါဘူး။ ကျူးကျော်လာသူတွေဟာ ဗလီမျှော်စင်ပေါ်က အဇာန်သံကို ပိတ်ပင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အကြိမ်တိုင်း မအောင်မြင်ခဲ့ပါဘူး။ အခုနောက်ဆုံးအကြိမ်ကတော့ ဥပဒေအသွင်နဲ့ပါ ထပ်ဆင့်တိုးလုပ်ဆောင်ပြီး ပိတ်ပင်ဖို့ လုပ်လာတဲ့ ကြိုးစားမှု အသစ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်ကို လုံးဝပယ်ချပါတယ်။ ”

အဆိုပါ ကွန်ဖရင့်မှာ တက်ရောက်ပါဝင်ခဲ့ကြသူတွေက ကျူးကျော်သူတွေဟာ မွတ်စ်လင်မ်တွေရဲ့ နေအိမ်တွေကို ဖြိုချ ဖျက်ဆီးပစ်ပြီး အဲဒီနေရာတွေမှာ ဂျူးတွေအတွက် အခြေချအိမ်ရာစီမံကိန်းတွေကို အဓမ္မ ကျူးကျော်ဆောက်လုပ်နေကြပါတယ်။ ဒီကိစ္စမှာ မွတ်စ်လင်မ်တွေဘက်က ကူညီရပ်တည်ပေးမဲ့ အဖွဲ့အစည်းတစ်ရပ် ဖွဲ့သင့်ကြောင်း တိုက်တွန်းလိုက်ပြီး မွတ်စ်လင်မ် အသိုင်းအဝိုင်းတစ်ခုလုံးကို အက္ကစွာကျောင်းတော်ကို ကာကွယ်ဖို့အတွက် ကိုယ်စီကိုယ်ငှတာဝန် ထမ်းဆောင်ကြပါလို့လည်း ဆော်သြလိုက်ပါတယ်။

ကိုးကား » IUMS
သတင်း © အလင်းမျက်ဝန်း

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat