ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

လန်ဒန်တက္ကသိုလ်မှာ ပါလက်စတိုင်းအလံကို ဝတ်စုံအဖြစ်ဝတ်ဆင်ကစားမယ့် ရဂ်ဘီဘောလုံးအသင်း

အစ္စရေးတွေရဲ့ ကျူးကျော်အခြေချမှုကို ဆန့်ကျင်ပြီး ဖိနှိပ်ခံပါလက်စတိုင်း လူမျိုးတွေနဲ့ တစ်သားတည်းရပ်တည်တယ်ဆိုတာကိုပြသဖို့ လန်ဒန်က ကောလိပ် ရဂ်ဘီဘောလုံးအသင်းတစ်သင်းဟာ ပါလက်စတိုင်းအလံကို သူတို့အသင်းဝတ်စုံမှာ တပ်ဆင်သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Goldsmiths Rugby Football Club ရဲ့ ဆုံးဖြတ်ချက်က အစ္စရေးတွေရဲ့ ကျူးကျော်နေထိုင်မူတွေကို သပိတ်မှောက်ဖို့၊ ဆန့်ကျင်ဖို့နဲ့ တားဆီးဖို့လိုလားတဲ့ ကျောင်းသားတွေရဲ့ စုစည်းလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ အသင်းက ကြေငြာချက် ထုတ်ပြန်ပါတယ်။

“ အစ္စရေးတွေရဲ့ ကျူးကျော်အခြေချမှုတွေကို ဝိုင်းဝန်းတားဆီးဖို့ ရည်ရွယ်ပါတယ်။ ကျနောတို့ရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး အခြားအဖွဲ့အစည်းများလဲ ပူးပေါင်းပါဝင်လာဖို့ တိုက်တွန်းပါတယ် ” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

Goldsmiths ကောလိပ်က သူတို့တက္ကသိုလ် ရဂ်ဘီဘောလုံးအသင်းရဲ့ ဝတ်စုံပေါ်မှာ ပါလက်စတိုင်းအလံ ဝတ်ဆင်သွားမှာကို မရှုတ်ချခဲ့ပါဘူး။

ဒါပေမဲ့ ကောလိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “ ဒီဆုံးဖြတ်ချက်ဟာ စိတ်ပျက်စရာပါ။ အားကစားနဲ့ လူတွေကို စုစည်းလာအောင် လုပ်သင့်တာပါ။ အားလုံးပါဝင်သင့်တာပါ။ ဘယ်သူ့ကိုမှ ဖယ်ထုတ်တာမျိုး မလုပ်သင့်ပါဘူး ” လို့ ပြောပါတယ်။

လူမှုကွန်ယက်အသုံးပြုသူအချို့ကလည်း ရဂ်ဘီအသင်းရဲ့ဆုံးဖြတ်ချက်ဟာ ကျောင်းသားတွေကြားမှာ စိတ်ဝမ်းကွဲစေတယ်လို့ စွပ်စွဲနေကြပြီး ငြိမ်းချမ်းရေးအတွက် အတားအစီးဖြစ်စေတဲ့ လှုပ်ရှားမှုတစ်ခုလို့ ဝေဖန်လိုက်ပါတယ်။

Goldsmiths ကောလိပ်ရဲ့ ကျောင်းသားသမ္မဂ္ဂကတော့ အဆိုပါဝေဖန်မှုတွေဟာ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတာသာဖြစ်ပြီး လှုပ်ရှားမှုကို ကန့်ကွက်နေသူတွေအနေနဲ့လည်း ကျူးကျော်နေထိုင်တဲ့ အစ္စရေးတွေရဲ့လုပ်ရပ်ကို ထောက်ခံရာရောက်နေလို့ ရှက်သင့်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။

အစ္စရေးတို့ရဲ့ ကျူးကျော်မှုကိုဆန့်ကျင်ပြီး ပါလက်စတိုင်းဘက်က ထောက်ခံတဲ့ ကမ်ပိန်းကို Goldsmiths ကျောင်းသားသမ္မဂ္ဂဟာ မနှစ်ကတည်းက တရားဝင်အနေနဲ့ စတင်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာပဲ အဆိုပါလှုပ်ရှားမှုအပေါ် နိုင်ငံတဝှမ်းမှ တခဲနက်ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

အဆိုပါ သမ္မဂ္ဂရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Shelly Asquith ကတော့ အဆိုပါလှုပ်ရှားမှုဟာ ပါလက်စတိုင်းတွေနဲ့ တစ်သားတည်းရှိကြောင်းပြသတဲ့ လှုပ်ရှားမှုတစ်ခုပဲ ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

ကုန်သွယ်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနဲ့ လှုမှုအဖွဲ့အစည်းများပါဝင်တဲ့ ပါလက်စတိုင်း အဖွဲ့အစည်းပေါင်း ၁၇၀ ကျော်ဟာ ၂၀၀၅ ခုနှစ်မှာ BDS လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ BDS ဆိုတာ အစ္စရေးတွေရဲ့ ပါလက်စတိုင်းအပေါ် ဖိနှိပ်အနိုင်ကျင့်နေတာတွေကို သပိတ်မှောက်ဖို့၊ အားမပေးဖို့နဲ့ တားဆီးဖို့ နိုင်ငံတကာကို တိုက်တွန်းတဲ့ လှုပ်ရှားမှုတစ်ရပ်ဖြစ်ပါတယ်။ အဆိုပါလှုပ်ရှားမှုကို ကောလိပ်တွေနဲ့ တက္ကသိုလ်တွေမှာ အဓိကထား လှုပ်ရှားနေကြပြီး ကျောင်းသားလူငယ်တွေကလည်း အစ္စရေးအစိုးရရဲ့ ပါလက်စတိုင်းတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးအရေးယူကြဖို့ တိုက်တွန်းတောင်းဆိုနေကြပါတယ်။

အဆိုပါလှုပ်ရှားမှုက အောင်မြင်မှုတွေ ရရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်အရင်က လန်ဒန်တက္ကသိုလ်ရဲ့ လက်အောက်ခံကောလိပ်တစ်ခုဖြစ်တဲ့ King's College London က ကျောင်းသားတွေရဲ့ BDS လှုပ်ရှားမှုကြောင့် အစ္စရေးမှာလုပ်ကိုင်နေတဲ့ လုံခြုံရေးကုမ္ပဏီ G4S နဲ့ ပေါင်သန်းချီတန်တဲ့စာချုပ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

အခုနောက်ပိုင်း ပါလက်စတိုင်းအလံတွေကိုလည်း အားကစားပွဲတွေမှာ မကြာခဏမြင်တွေ့လာရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကလည်း Celtic Football Club နဲ့ အစ္စရေးကလပ်အသင်းတစ်ခုဖြစ်တဲ့ Hapoel Beer-Shev တို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်မှာ Celtic အသင်းကို အားပေးနေတဲ့ ပရိသတ်တွေဟာ ပါလက်စတိုင်းတွေနဲ့ တစ်သားတည်းရှိနေကြောင်းပြသဖို့ ပါလက်စတိုင်းအလံတွေကို ကွင်းလုံးပြည့် ဝှေ့ယမ်းခဲ့ကြပါတယ်။ အဆိုပါလုပ်ရပ်ကြောင့် Celtic အသင်းကို UEFA က ဒဏ်ရိုက်ခဲ့လို့ Celtic ပရိသတ်တွေက အဆိုပါဒဏ်ငွေကို စုပေါင်းကောက်ခံပေးဆောင်ခဲ့ကြပြီး၊ ပိုလျှံတဲ့ထောင်ပေါင်းများစွာသော စတာလင်ပေါင် အလှူငွေတွေကို Bethlehem မှာရှိတဲ့ ပါလက်စတိုင်း ကလေးဒုက္ခသည်စခန်းကို သွားရောက်လှူဒါန်းခဲ့ကြပါသေးတယ်။

ကိုးကား » Middle East Eye
တင်ပြသူ » နူးရ်ခါန်း © အလင်းမျက်ဝန်း

လန်ဒန်တက္ကသိုလ်မှာ ပါလက်စတိုင်းအလံကို ဝတ်စုံအဖြစ်ဝတ်ဆင်ကစားမယ့် ရဂ်ဘီဘောလုံးအသင်း (Photo from Middle East Eye)

Celtic အသင်းကို အားပေးနေတဲ့ ပရိသတ်တွေဟာ ပါလက်စတိုင်းတွေနဲ့ တစ်သားတည်းရှိနေကြောင်းပြသဖို့ ပါလက်စတိုင်းအလံတွေကို ကွင်းလုံးပြည့် ဝှေ့ယမ်းခဲ့ကြပါတယ် (Photo from Middle East Eye)

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat