ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဆီးရီးယားက မွတ်စ်လင်မ် ခမောက်ဖြူအဖွဲ့ကြီး နိုဘယ်ဆုလို ဆုတစ်မျိုးရရှိ


ယခုနှစ် ၂၀၁၆ အတွက် ဒေသဝန်းကျင်ဆိုင်ရာ လူ့အခွင့်အရေးနိုဗယ်ဆုလို့လူသိများတဲ့ (Right Livelihood Award) ဆုကို ဆီးရီးယားနိုင်ငံက မွတ်စ်လင်မ် ခမောက်ဖြူအဖွဲ့ကြီး ဆွတ်ခူးရရှိသွားခဲ့ပါပြီ။

ဒီအဖွဲ့ဟာ ဆီးရီးယားနိုင်ငံမှာ စစ်ဒဏ်နဲ့ ဗုံးဒဏ်သင့် ဒုက္ခသည်တွေကို အသက်နဲ့ရင်းကာ ကယ်ဆယ်နေပေးတဲ့ မွတ်စ်လင်မ်အဖွဲ့ကြီး ဖြစ်ပါတယ်။

“ အသက်ပေါင်း (၇၃၀၀) ကို ကယ်ဆယ်ခဲ့တာဟာ ကျနော်တို့ရဲ့ အဓိက စွမ်းဆောင်ချက် မဟုတ်သေးပါဘူး။ ကျနော်တို့ရဲ့ အဓိကဆောင်ရွက်ချက်ကတော့ အရင်က မျှော်လင့်ချက် ပျောက်ဆုံးနေတဲ့နေရာတွေမှာ မျှော်လင့်ချက်တွေ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းပါပဲ ” လို့ ဆွီဒင်နိုင်ငံ မြို့တော်စတော့ဟုန်းမှာ ဆုလက်ခံရယူရင်း ယင်းအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူ ရာအိဒ်စွာလိဟ်က ပြောကြားသွားခဲ့ပါတယ်။

ခမောက်ဖြူရဲ့ခေါင်းဆောင် ရာအိဒ်စွာလိဟ် (ဝဲ)
ရာအိဒ်စွာလိဟ်က သူတို့အသင်းကြီးရဲ့ ပရဟိတလုပ်သားတွေဟာ ၂၀၁၃ ခုနှစ်၊ မတ်လက အလပ်ပိုမြို့ကို အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး အရပ်သားတွေ ပစ်မှတ်ဖြစ်လာခဲ့တဲ့အချိန်မှာ ကယ်ဆယ်ရေးတွေ စတင်လုပ်ဖြစ်ခဲ့ကြကြောင်းနဲ့ ဗုံးကြဲမှုတွေမှာ ပေါက်ကွဲစည်ကြီးများလည်း ပါဝင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ ဗုံးစည်ကြီးတစ်လုံးရဲ့ ပေါက်ကွဲမှုပြင်းအားဟာ ရစ်ခ်ျတာစကေး ၈.၀ ရှိတဲ့ ငလျင်အားနဲ့ ညီမျှတယ်လို့လည်း သူက ပြောသွားခဲ့ပါတယ်။

“ ကျနော်တို့ အသင်းရဲ့ပရဟိတ လုပ်သားဦးရေ ၃၀၀၀ ရှိပါတယ်။ သူတို့တွေဟာ လက်သမားတွေ၊ မုန့်ဖုတ်သမားတွေနဲ့ လျှပ်စစ်ကျွမ်းကျင်သူတွေ အလွှာအစုံအလင်ပါပဲ။ သူတို့တွေဟာ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေး ရည်ရွယ်ချက်တွေကို  မျက်ကွယ်ပြုပြီး လူ့အသက်တွေ ကယ်တင်ဖို့ပဲ သစ္စာခံယူထားကြသူတွေပါ ” လို့ သူက ပြောပါတယ်။

အဆိုပါ ဆုကို လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ ရရှားအမျိုးသမီး စိဗတ်လာနာ၊ တူရကီနိုင်ငံမှ CUMHURIYET သတင်းစာ၊ အီဂျစ်နိုင်ငံမှ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မဇန်ဟစန် အစရှိသူတို့နဲ့ ပူးတွဲရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုရဲ့ တန်ဖိုးဟာ ယူရိုငွေ သုံးသိန်းတစ်သောင်းနှစ်ထောင် ဖြစ်ပါတယ်။

ဆီရီးယားနိုင်ငံ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးအဖွဲအစည်းတွေနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေက (White Helmet) ခမောက်ဖြူအဖွဲ့ကို ၂၀၁၆ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခဲ့ကြကြောင်းကိုလည်း အလင်းမျက်ဝန်းမှ ယခင်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ (ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ)

ကိုးကား » Al-Jazeera
ဓာတ်ပုံ » Al-Jazeera & rightlivelihoodaward
သတင်း © အလင်းမျက်ဝန်း

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat