Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မီးလောင်မှုကို အသုံးချပြီး အစ္စရေးဝန်ကြီးချုပ် ကိုယ်ကျိုးရှာ


အင်္ဂါနေ့ကတည်းက လောင်ကျွမ်းနေတဲ့မီးဟာ အစ္စရေးရဲ့ မြို့အတော်များများကို အလျင်အမြန် ကူးစက်လောင်ကျွမ်းနေတာကြောင့် အိမ်နီးချင်းမွတ်စ်လင်မ်နိုင်ငံများအပါအဝင် နိုင်ငံအတော်များများက မီးသတ်အဖွဲ့အစည်းတွေဟာ ကူညီပြီး ကြိုးစားငြိမ်းသက်နေရဆဲ ဖြစ်ပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုဟာ အစ္စရေးနိုင်ငံမှာနေထိုင်တဲ့ အာရဗ်လူနည်းစုတွေရဲ့ ရှို့မီးလို့ ဝန်ကြီးချုပ် ဘင်ဂျမန် နတန်ယာဟုနဲ့ သူ့အစိုးရအဖွဲ့က အပြစ်ပုံချလိုက်တာကြောင့် အဆိုပါ စွပ်စွဲပြစ်တင်မှုဟာ နိုင်ငံရဲ့ ကံမကောင်းလှတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ကို အသုံးချပြီး ယာဟုတို့အုပ်စုရဲ့ နိုင်ငံရေးအမြတ်ထုတ်မှုသာဖြစ်တယ်လို့ အာရပ်-ပါလက်စတိုင်း ညွန့်ပေါင်း နိုင်ငံရေးပါတီဝင် Jamal Zahalka က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

အစ္စရေးဝန်ကြီးတွေဟာ ပါလက်စတိုင်းလူမျိုးတွေက မီးရှို့ခဲ့တာလို့ စွပ်စွဲပြစ်တင်နေတဲ့အပြင် အစ္စရေးဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့ကလည်း မီးစရှို့သူတွေကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းမယ်လို့ ပြောဆိုခဲ့ကြောင်း Jamal က ရှင်းပြပါတယ်။

“ ထုံးစံအတိုင်းပေါ့။ ပါလက်စတိုင်းတွေကိုပဲ အပြစ်ဖို့လိုက်တယ်။ လွန်ခဲ့တဲ့တစ်နှစ်က Dawabsheh မိသားစုကို ရက်ရက်စက်စက် မီးတင်ရှို့သတ်ဖြတ်ခဲ့တဲ့ ဂျူးအစွန်းရောက်တွေကိုတော့ ဒီလို အရေးယူတာမျိုး မရှိဘူး ” လို့ ၎င်းက ဆက်ပြောပါတယ်။

နတန်ယာဟုကတော့ မီးရှို့ခဲ့တယ်ဆိုတဲ့ အပြစ်ရှိသူတွေကို အကြမ်းဖက်မှု စွဲချက်နဲ့ နေထိုင်ခွင့် ရုပ်သိမ်းမယ်လို့ အင်္ဂါနေ့ကပဲ ပြောကြားခဲ့ပါတယ်။ အစ္စရေးမှာ စနစ်တကျ စီစဉ်ပြီး လူမျိုးရေးခွဲခြားဖိနှိပ်မှုကို ခံနေရတဲ့ ပါလက်စတိုင်းလူမျိုး ၁၇ သိန်းလောက် ရှိပါတယ်။

“ နေတန်ယာဟုဟာ အာရဗ်နဲ့ ပါလက်စတိုင်းတွေကို အပြစ်ဖို့ပြီး နိုင်ငံရေးကို အမြတ်ထုတ်ချင်တာဟာ အောက်တန်းစားလုပ်ရပ်ပါ ” လို့ Jamal က ဆိုပါတယ်။

“ အစ္စရေးမီဒီယာတွေက ဖော်ပြနေသလို ဝန်ကြီးချုပ်က မီးလောင်မှုတွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တဲ့အပေါ် ခေါင်းစဉ်ပြောင်း အာရုံလွှဲချင်နေတာပါ။ တကယ်တော့ အစ္စရေးမီးသတ်ကို အရည်အချင်းရှိအောင် မပြင်ဆင်စေခဲ့တဲ့ သူ့ရဲ့အမှားဟာအမှားပါပဲ ” လို့လည်း သူက ဆိုပါတယ်။

ကြာသပတေးနေ့က ရွှေ့ပြောင်းခဲ့ကြတဲ့ ဟိုင်ဖာမြို့သားတွေကို သောကြာနေ့မှာ ပြန်လည်နေထိုင်ခွင့် ပြုခဲ့ပေမယ့် ဂျေရုစလင်မြို့တဝိုက် တောင်ဖက်ကနေရာအချို့နဲ့ လုယူသိမ်းဆည်းထားတဲ့ အနောက်ဘက်ကမ်းခြေက နေရာအချို့မှာတော့ သောကြာနေ့ညပိုင်းအထိ မီးတွေဆက်လောင်နေဆဲ ဖြစ်ပါတယ်။

အစ္စရေးမီးသတ်တပ်ဖွဲ့ဝင်တွေကို ဆိုက်ပရပ်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂရိ၊ တူရကီ၊ အီတလီ၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့က အကူအညီပေးနေရပါတယ်။

ပါလက်စတိုင်း မီးသတ်သမားများစွာဟာ အစ္စရေးဟိုင်ဖာမြို့မီးလောင်ကျွမ်းမှုအတွင်း ကူညီငြိမ်းသက်ပေးခဲ့ကြပြီး အဆိုပါမြို့ရဲ့ မီးတောက်ကြီးတွေကို ထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့် ယခုအခါ ဂျေရုစလင်မြို့ဘက်က လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ငြိမ်းသက်ပေးဖို့ ဆက်လက်ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

ကိုးကား » aljazeera
ဓာတ်ပုံ » aljazeera
နူးရ်ခါန်း © အလင်းမျက်ဝန်း

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat