Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဟိဂျာဗ်ဝတ်စုံနဲ့ မွတ်စ်လင်မ်ကောင်မလေး CoverGirl ရဲ့ မျက်နှာသစ်မော်ဒယ်အဖြစ် ပါဝင်မည်


အလှအပရေးရာ Blogger တစ်ယောက်ဖြစ်တဲ့ နူရားအဖီယာ (Nura Afia) ကို ကမ္ဘာ့အကြီးဆုံး အလှကုန်ထုတ် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CoverGirl က ၎င်းတို့ရဲ့ Brand Ambassador (အမှတ်တံဆိပ်သံတမန်) တစ်ဦးအဖြစ် ရွေးချယ်ခန့်အပ်လိုက်ပါတယ်။

သူတို့ရဲ့ နောက်ဆုံးထုတ် မျက်တောင်ကော့ဆေး (mascara) "So Lashy" အတွက် သံတမန်အဖြစ် တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း အခြားမော်ဒယ်များနဲ့အတူ ကြော်ငြာများမှာ ပါဝင်ခွင့်ရမှာဖြစ်ပြီး ကမ္ဘာကျော် Time Square ရင်ပြင်ပေါ်က Billboard မှာလည်း အဖီယာကို ဖော်ပြခံရတော့မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အလှကို အလွန်အကျူးဖော်ပြလေ့ရှိတဲ့ အမေရိကန်နိုင်ငံမှ မော်ဒယ်များကြားမှာ အစ္စလာမ့်အမျိုးသမီး ဝတ်စုံကို ဝတ်ဆင်တဲ့ မွတ်စ်လင်မ်လှပျိုဖြူအဖြစ် ပါဝင်လာတော့မယ့် အဖီယာနဲ့အတူ မွတ်စ်လင်မ်အသိုင်းအဝိုင်းအတွက်လည်း သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါပြီ။

“ ကျမလိုပဲ အရွယ်ရောက်လာမယ့် မွတ်စ်လင်မ် အမျိုးကောင်းသမီးလှ ရတနာလေးတွေအတွက် ဘဝမှာ အတုယူ အားကျစရာတစ်ခု ဖြစ်မှာပါ။ ကျမလည်းပဲ ဟိဂျာဗ်ဝတ်ဆင်လို့ဆိုပြီး ခေတ်နောက်ကျတယ်၊ ရှေးရိုးဆန်တယ်၊ ဖက်ရှင်မရှိဘူး၊ အစွန်းရောက်တယ်လို့ သူများတွေ အထင်သေးခံရတယ်လို့ အားငယ်စိတ်နဲ့ ကြီးပြင်းလာခဲ့ရတာပါ ” လို့ CNN သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

အခုတော့ သူမရဲ့ထင်မြင်အားငယ်စိတ်တွေအတိုင်း မဟုတ်တော့ပါဘူး။ အဖီယာရဲ့ အလှပြင်နည်းတွေကို စောင့်ကြည့်ဖို့ YouTube ပေါ်မှာ လူပေါင်း (၂) သိန်းကျော် ရှိနေပါပြီ။ Instagram မှာ Follower ပေါင်း (၃) သိန်းကျော် ရှိနေပါပြီ။

ကုန်ပစ္စည်းထုတ်ကုန်တစ်ခုရဲ့ သံတမန်အဖြစ် တာဝန်ပေးအပ်ဖို့အတွက် CoverGirl ဟာ အောက်တိုဘာလကတည်းက သူမကို ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ "So Lashy" အမှတ်တံဆိပ်ရဲ့ သံတမန်အဖြစ် ခံအပ်ခံရလိမ့်မယ်လို့ အစက သူမထင်မထားခဲ့ဘူးလို့ ဆိုပါတယ်။

“ ဒါဟာ သိပ်ကို ကြီးမားတဲ့ မဟာအခွင့်အရေးတစ်ခုပါ။ မွတ်စ်လင်မ်တစ်ယောက်ကို အကောင်းဘက်ကနေ ကိုယ်စားပြု ဖော်ပြပေးခြင်းခံရတာဟာ ရှားရှားပါးပါး ဖြစ်စဉ်တစ်ခုပါ ” လို့ CNN ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပါတယ်။


CoverGirl ဟာ မတူကွဲပြားခြင်းနဲ့ တန်းတူရှိရေးယဉ်ကျေးမှုကို မြှင့်တင်ပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာပင် အမျိုးသမီးအလှကုန်တွေကို ကြော်ငြာသူအဖြစ် အမျိုးသားမော်ဒယ် James Charles ကို ရွေးချယ်ခဲ့ပါသေးတယ်။ ဒါ့အပြင် အဖီယာနဲ့အတူ "So Lashy" ထုတ်ကုန်အတွက် ကြော်ငြာများမှာ လူမည်းအမျိုးသမီးနှစ်ဦး၊ အာရှာ-အမေရိကန် သွေးနှော/ကပြားတစ်ဦးနဲ့ ကမ္ဘာကျော် လက်တင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Sofia Vergara တို့လည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တွဲဖက်ပါဝင်လာကြမှာ ဖြစ်ပါတယ်။

အခုဆိုရင် အနောက်နိုင်ငံတွေရဲ့ ကြော်ငြာဈေးကွက်ထဲကို ဟိဂျာဗ်ဖက်ရှင်တွေဟာ တဖြည်းဖြည်း ထိုးဖောက် စိမ့်ဝင်လာနေပါပြီ။ မနှစ်ကလည်း ဆွီဒင်နိုင်ငံရဲ့ ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ H&M ကလည်း ဟိဂျာဗ်ဝတ် မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ကြော်ငြာခဲ့ဖူးပါတယ်။ ဒါပေမယ့် အလှကုန်ပစ္စည်းလောကထဲမှာတော့ အဖီယာအပါအဝင် မွတ်စ်လင်မ်အမျိုးသမီး လှပျိုမယ်တွေဟာ လက်ချိုးရေလို့ ရနိုင်ပါသေးတယ်။

“ ဒါက ဘာကို ပြသလဲဆိုရင် ကျမတို့မွတ်စ်လင်မ်မိန်းကလေးတွေဟာလည်း ဟိဂျာဗ်ဝတ်ထားပေမယ့် မိတ်ကပ်နဲ့ အလှပြင်ရတာ ကြိုက်နှစ်သက်ကြပြီးတော့ အများနည်းတူပဲ သွားလာနေထိုင်တတ်တဲ့ တခြားသော အမေရိကန် မိန်းကလေးတွေလိုပါပဲ ” လို့ အဖီယာက ပြောပြသွားပါတယ်။

ကိုးကား » CNN
တင်ပြသူ » နူးရ်ခါန်း © အလင်းမျက်ဝန်း
ဓာတ်ပုံ » CNN & CoverGirl


Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat