ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဒေါက်တာဇာကိရ်နိုက်ဦးဆောင်သည့် IRF အဖွဲ့အား တရားမဝင်အဖွဲ့အစည်းအဖြစ်ကြေညာခံရပြီး ပိတ်သိမ်းရဖွယ်ရှိနေ

အငြင်းပွားဖွယ်ရာ အစ္စလာမ်ဘာသာရေး တရားဟောဆရာတစ်ပါးဖြစ်သူ ဇာကိရ်နိုက် ဦးဆောင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းသည် လူမှုအသိုင်းအဝိုင်းအကြား သဟာဇာတဖြစ်မှုကို ပျက်ပြားစေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ငါးနှစ်တိတိ အမြန်ဆုံးပိတ်ပင်ရန် အိန္ဒိယနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုလိုက်ပြီဖြစ်သည်။

ဒေါက်တာဇာကိရ်နိုက်၏ NGO အဖွဲ့သည် အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်သည်ဟု စွပ်စွဲခံထားရသော နိုင်ငံတကာ အစ္စလာမ္မစ်ရုပ်သံလိုင်း Peace TV နှင့် ဆက်နွှယ်မှုရှိကြောင်း သံသယဖြစ်ခံရပြီးနောက် ပြည်ထဲရေး ဝန်ကြီးဌာနက အထက်ပါအတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အစ္စလာမ္မစ်သုတေသနဖောင်ဒေးရှင်း (IRF) ဟု အမည်ရသည့် ယင်းအဖွဲ့ကို တရားမဝင်လုပ်ရပ်များ တားမြစ်ခြင်းဆိုင်ရာအက်ဥပဒေ (UAPA) အရ ပိတ်သိမ်းရန်အတွက် အစိုးရအဖွဲ့၏ အတည်ပြုချက်လိုအပ်နေပြီး မကြာမီအမိန့်ကြေညာချက် ထွက်လာလိမ့်မည်ဟု သိရသည်။

UAPA အက်ဥပဒေအရ IRF အဖွဲ့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာရန်အတွက် အောက်ပါအချက်လေးချက်ကို အခြေခံမည်ဟုသိရသည်။ ယင်းတို့မှာ -
(၁) ဒေါက်တာဇာကိရ်နိုက်ကို စွဲဆိုထားသော ရာဇဝတ်မှုများ
(၂) ပွဲဆူအောင် ရန်စသောပြောဆိုသည့် ယင်းတရားဟောဆရာ
(၃) ပိတ်ပင်ထားသည့် Peave TV ရုပ်သံလိုင်းနှင့် IRF အဖွဲ့တို့၏ သံသယဖြစ်ဖွယ် ဆက်နွှယ်မှု
(၄) IRF NGO အဖွဲ့၏ ငွေကြေးများကို Peace TV သို့ လွှဲပြောင်းပေးမှုတို့ ဖြစ်သည်။

“ မဟာရာရှ်တာ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအေဂျင်စီတွေက ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တွေအပေါ် မှီခိုအားထားပါတယ်။ သူ (ဒေါက်တာဇာကိရ်နိုက်) က နိုင်ငံတစ်လွှားမှာ ပွဲဆူအောင် ဟောပြောခဲ့ပြီး အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်ခဲ့တယ် ” ဟု ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ဒေါက်တာဇာကိရ်နိုက်က မိမိ NGO အဖွဲ့အစည်းပိတ်ပင်ခံရသည်နှင့် ပတ်သက်၍ စိန်ခေါ်လာနိုင်ဖွယ်ရှိသည့် နေရာ၌ ခုံရုံးတစ်ခုဖွဲ့စည်းသွားမည်ဟုလည်း သိရသည်။

တခြားဘာသာတရားများကို ပြစ်မှတ်ထားကာ အမုန်းတရားဟောပြောသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇာကိရ်နိုက်ကို ယူကေနှင့် ကနေဒါနိုင်ငံတို့မှ ပိတ်ပင်ထားသည်။

ဒေါက်တာဇာကိရ်နိုက်သည် အစ္စလာမ်အပေါ် စွပ်စွဲဝေဖန်အပုပ်ချနေသည့် ဝါဒဖြန့်မှုများကို အချက်ကျကျ အထောက်အထားခိုင်ခိုင်မာမာဖြင့် ကွက်ကွက်ကွင်းကွင်း မြင်နိုင်အောင် ရဲဝံ့စွာ ပြန်လည်တုန့်ပြန် ဖြေရှင်းနေသော သူရဲကောင်းတစ်ဦးအဖြစ် နားလည်လက်ခံထားကြသူများလည်း မြောက်မြားစွာ ရှိနေပါတယ်။

ကိုးကား » The Hindu
သတင်း » စတီဗင် © အလင်းမျက်ဝန်း

ဒေါက်တာဇာကိရ်နိုက်သည် (ဓာတ်ပုံ-အင်တာနက်)

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat