Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

National Geographic မဂ္ဂဇင်းကြီးရဲ့ အထင်ကရ မျက်နှာဖုံးပိုင်ရှင်ဖြစ်ခဲ့သူ အာဖဂန်မိန်းကလေးကို နေရပ်ပြန်ပို့ရန် ပါကစ္စတန်ဆုံးဖြတ်

ကမ္ဘာကျော် National Geographic မဂ္ဂဇင်းကြီးရဲ့ အထင်ကရ မျက်နှာဖုံးပါ မဂ္ဂဇင်းစာအုပ် ( ဓာတ်ပုံ » နူးရ်ခါးန် )

1980 ကျော် နှစ်များက ပါကစ္စတန်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ အာဖဂန်နိုင်ငံဖွားမိန်းကလေး Sharbat Gula ရဲ့ ထူးခြားတဲ့ မျက်လုံးအစိမ်းရောင် တောက်တောက်လေးတွေကို အမေရိကန်ဓာတ်ပုံဆရာ Steve McCurry ဟာ သတိထားမိပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အဆိုပါဓာတ်ပုံကို National Geographic မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ “အာဖဂန်ကောင်မလေး” ဆိုတဲ့အမည်နဲ့ ဖော်ပြခဲ့ရာက အထင်ကရမျက်နှာဖုံးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အမေရိကန်နဲ့အပေါင်းအပါတို့ရဲ့ ကျူးကျော်စစ်ကြောင့် အသက် (၁၂) နှစ်အရွယ် သူမဟာ မွေးရပ်မြေကိုစွန့်ခွာကာ ပါကစ္စတန်နိုင်ငံကို ထွက်ပြေးခုံလှုံခဲ့ရပြီး အခုအချိန်မှာတော့ အသက် (၄၅) နှစ်အရွယ် သားသမီး (၄) ယောက်ရဲ့မိခင်တစ်ဦး ဖြစ်နေပါပြီ။

“ အာဖဂန်နစ္စတန်နိုင်ငံဟာ ကျမရဲ့ မွေးရပ်မြေပါ။ ဒါပေမယ့် ပါကစ္စတန်နိုင်ငံက ကျမရဲ့အမိနိုင်ငံဖြစ်ပြီး နိုင်ငံသားတစ်ယောက်လို့ပဲ ခံယူထားပါတယ် ” လို့ သူမက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က မှတ်ပုံတင်အတုနဲ့နေထိုင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အတူ သူမအဖမ်းခံခဲ့ရပါတယ်။ စစ်ပွဲတွေကြောင့် ညက်ညက်ကြေနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို စွန့်လွှတ်ပြီး ပါကစ္စတန်နိုင်ငံဖက်ကို ထွက်ပြေးခိုလှုံဖို့ မှတ်ပုံတင်အတုလုပ်တဲ့သူတွေ ထောင်နဲ့ချီပြီး ရှိကြပါတယ်။

“ ပါကစ္စတန်မှာပဲနေပြီး ပါကစ္စတန်မှာပဲသေဖို့ ကျမ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့က ရက်စက်လွန်းပါတယ်။ အာဖဂန်မှာမွေးတာ ကျမအပြစ်မဟုတ်ပါဘူး။ ကျမ အလွန်ကို စိတ်ဓာတ်ကျမိပါတယ်။ ပါကစ္စတန်ကို စွန့်ခွာဖို့ကလွဲပြီး ကျမမှာ အခြားရွေးချယ်စရာ လမ်းမရှိပါဘူး ” လို့ သူမဟာ ကြေကွဲစွာနဲ့ ရင်ဖွင့်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ တရားရုံးက သူမမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် (၁၅) ရက် ကျခံစေဖို့နဲ့ ပြီးနောက် ပါကစ္စတန်နိုင်ငံကို စွန့်ခွါစေဖို့ အမိန့်ချခဲ့ပါတယ်။

“ သူမဟာ ထောင်ဒဏ် (၁၄) ရက် ကျခံပြီးဖြစ်ပါတယ် ” လို့ သူမရဲ့ရှေ့နေ Mubashar Nazar က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သူမအပေါ် ချမှတ်ထားတဲ့ ဒဏ်ကြေးဒေါ်လာ ၁၀၅၀ နဲ့ညီမျှတဲ့ ပါကစ္စတန်ရူပီးငွေ (၁၁၀၀၀၀) ကိုလည်း ပေးဆောင်ပြီးဖြစ်တယ်လို့ အာဖဂန်ကောင်စစ်ဝန်ရုံးရဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့မှ မျှတမှုမရှိတဲ့ တရားစီရင်မှုတစ်ခုအဖြစ် ဝေဖန်လိုက်ပါတယ်။

“ နှစ်ပေါင်းများစွာတိုင်အောင် သူမဟာ ကမ္ဘာ့အကျော်ကြားဆုံး ဒုက္ခသည်တစ်ယောက်ဖြစ်ခဲ့ရပြီး ပါကစ္စတန်ရဲ့ ရက်ရောတဲ့ စာနာမှုသင်္ကေတတစ်ခုပါ ” လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ရုံး တောင်အာရှ ဒါရိုက်တာ Champa Patel က ပြောဆိုလိုက်ပါတယ်။

“ နှစ်ပေါင်းများစွာ သူမမြင်ခဲ့ရတဲ့တိုင်းပြည်၊ သူမရဲ့သားသမီးတွေ တစ်ခါမှ မသိခဲ့တဲ့ တိုင်းပြည်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်တာဟာ ပါကစ္စတန်ရဲ့ အာဖဂန်ဒုက္ခသည်တွေအပေါ်ထားတဲ့ ရက်စက်တဲ့ ဆက်ဆံမှုကို ဖွင့်ပြလိုက်သလိုပါပဲ ” လို့လည်း ၎င်းက ဆိုပါတယ်။

ကိုးကား » Daily Mail
တင်ပြသူ » နူးရ်ခါန်း © အလင်းမျက်ဝန်း

Sharbat Gula အား သူမ၏ရှေ့နေ Mubashar Nazar နှင့်အတူ ရုံးထုတ်လာစဉ် (Photo from Daily Mail)

ဓာတ်ပုံဆရာ Steve McCurry အား Sharbat Gula ၏ ဓာတ်ပုံများနှင့်အတူ တွေ့ရစဉ် (Photo from Daily Mail)

ကမ္ဘာကျော် National Geographic မဂ္ဂဇင်းကြီးရဲ့ အထင်ကရ မျက်နှာဖုံးပါ မဂ္ဂဇင်းစာအုပ်ကျောဖုံး ( ဓာတ်ပုံ » နူးရ်ခါးန် )

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat