အင်ဒိုနီးရှား ငလျင်ကြောင့် သေးဆုံးမှုများအပြင် အဆောက်အဦများအောက် ဖိညှပ်ပိတ်မိသူများလည်းရှိနေ
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်ရဲ့ မြောက်ဘက်ပိုင်းဒေသမှာရှိတဲ့ အာချေးပြည်နယ်မှာ ယနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အလားတူပင် လူတချို့ဟာလည်း အဆောက်အဦတွေအောက်မှာ ဖိညှပ်ပိတ်မိနေတယ်လို့ အဆိုပါနယ်မြေဒေသခံ အာဏာပိုင်များက ဆိုပါတယ်။
ငလျင်လှုပ်ခတ်တဲ့ နယ်မြေနဲ့ နီးကပ်တဲ့ ဗီဒီဂျာယာဒေသရဲ့ မြို့တော်ဝန်ကိုယ်စားလှယ်က ဖရန့်ပရက်စ် သတင်းဌာနကို အခုလို ပြောပြသွားပါတယ်။
“ ဆေးရုံရဲ့ ဆေးစစ်ချက်အစီရင်ခံစာတွေရဲ့ ဖော်ပြချက်များအရ အခုချိန်ထိ ကျနော်တို့ဆီမှာ လူပေါင်း ၁၈ ဦး သေဆုံးသွားပါတယ်။ တချို့ဟာ ကလေးငယ်လေးတွေ ဖြစ်ပါတယ်။ ”
အမေရိကန်ဘူမိဗေဒ၊ ဇလဗေဒအဖွဲ့နဲ့ ဆူနာမီဆိုင်ရာ အတ္တလန်တိတ်သမုဒ္ဒရာဌာနချုပ်တွေကလည်း ဆူးမားတြားကျွန်းအနီးနားမှာ လှုပ်ခတ်သွားတဲ့ အဆိုပါ ငလျင်ဟာ အင်အား ၆.၈ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပြီး ငလျင်ဟာ ဗာန်ဒါအာချေးပြည်နယ် အရှေ့တောင်အရပ် ကီလိုမီတာ ၁၃၀ အကွာမှာ ဖြစ်ပေါ်ကျရောက်ခဲ့တာလို့လည်း အဆိုပါ အမေရိကန်ဘူမိဗေဒအဖွဲ့အစည်းက ဆိုပါတယ်။
ဆူးမားတြားကျွန်းရဲ့ အနောက်ဘက်ဒေသမှာ ဇွန်လအတွင်း လှုပ်ခတ်ခဲ့တဲ့ ၆.၅ အင်အားရှိ ငလျင်ဟာလည်း အဆောက်အဦပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး လူ (၈) ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အတ္တလန်တိတ်သမုဒ္ဒရာရဲ့ မီးတောင်များ ပတ်လည်ဝန်းရံနေတဲ့ ဒေသမျိုးမှာ တည်ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ သမုဒ္ဒရာတလျှောက်က မီးတောင်လိုင်းကြောကြီးပေါ်မှာ ရှိနေပြီး လှိုင်းငလျင်လှုပ်ခတ်မှု၊ ငလျင်ပြတ်ရွေ့လိုင်းများနဲ့ ငလျင်ဖြစ်ပွားရာ ဗဟိုချက်မ နယ်နိမိတ်အတွင်းမှာ ကျရောက်နေပါတယ်။
ဆူးမားတြားကျွန်းမြောက်ဘက်ဒေသမှာရှိတဲ့ အာချေးပြည်နယ်ဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဆူနာမီလို့ခေါ်တဲ့ ပင်လယ်ပြင်အောက် ငလျင်ကြီးဒဏ်ကိုလည်း ခံစားခဲ့ရတာကြောင့် ပြည်နယ်တစ်ခုလုံး ပျက်စီးသွားခဲ့ဖူးပါတယ်။
အဆိုပါ ဆူနာမီမှာ အင်ဒိုနီးရှားနိုင်ငံက လူပေါင်း တစ်သိန်းခုနစ်သောင်း (၁၇၀၀၀၀) နဲ့ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းမြို့တွေမှာ လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့တယ်လို့ ထင်ရှားခဲ့ပါတယ်။
သတင်း © အလင်းမျက်ဝန်း
ကိုးကား » Sky News Arabia | ဓာတ်ပုံ » Sky News Arabia
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။