ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

Click တစ်ချက်နှိပ်ရုံနဲ့ internet လောကကြီးထဲကနေ လုံးဝပျောက်ကွယ်သွားလို့ရပါပြီ

အင်တာနက်ပေါ်က သင့်ရဲ့ ကိုယ်ရေးရာဇဝင်တွေကို ဖျောက်ဖျက်ချင်ပါသလား?

Click တစ်ချက်နှိပ်ရုံနဲ့ သင်ဟာ internet လောကကြီးထဲကနေ လုံးဝပျောက်ကွယ်သွားလို့ရပါပြီ။

သင်ဟာ အင်တာနက်ပေါ်မှာ တစ်ခါမျှ မရှိခဲ့ဖူးသူ (တစ်နည်းအားဖြင့် အင်တာနက်မသုံးခဲ့သူ) တစ်ယောက်ပမာ ဖြစ်သွားအောင် internet ပေါ်က မိမိဖြည့်စွက်ထားမိသမျှသော ကိုယ်ရေးဖိုင် အချက်အလက်တွေအားလုံးကို ဖျောက်ပစ်ဖို့ နည်းလမ်းကို ရှာဖွေနေတယ်ဆိုရင် အခုရရှိပြီမို့ ဝမ်းသာလိုက်ပါ။

ဆွီဒင်ပညာရှင် နှစ်ယောက်ဖြစ်တဲ့ ဝီလီဒဲလ်ဗိုနဲ့ လီနစ်ကွန်ဗက်တို့က deseat.me ကို တီထွင်လိုက်ပါတယ်။ အဲဒါကို အသုံးပြုပြီး သင်ဟာ မိမိကိုယ်ကို အင်တာနက်ပေါ်ကနေ အစအနဖျောက်နိုင်ပါပြီ။

လုပ်ရမှာကတော့ သင်ဟာ Google မှ တစ်ဆင့် ဝင်လိုက်ရုံပါပဲ။ program က သူ့ဟာသူ အလိုအလျောက် သင်သုံးစွဲခဲ့တဲ့အရာတွေကို ဇယားနဲ့ချပေးပါလိမ့်မယ်။ အဲဒီထဲကမှ သင်ဖျောက်ပစ်ချင်တာကို ဖျောက်လို့ရပါတယ်။ ချန်ထားချင်တာကိုလည်း ချန်ထားလို့ရပါတယ်။

“ ကိုယ်ရေးမှတ်တမ်းနဲ့ အချက်အလက်တွေဟာ သိပ်ကို အရေးကြီးတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ” လို့ ပညာရှင်နှစ်ပါးကဆိုပါတယ်။ သူတို့က အခုလို ဆက်ပြောပါတယ်။ “ အစကနေ အဆုံးထိ ကျနော်တို့ဟာ ဒီအပေါ်မှာ ကြိုးစားခဲ့တယ်။ ဒါကြောင့် သင့်ကွန်ပျူတာနဲ့ အလုပ်လုပ်လို့ရအောင် ကျနော်တို့ တည်ဆောက်ခဲ့တာပါ။ သင့်ဆီကနေ ကျနော်တို့ သိရမဲ့တစ်ခုတည်းသောအရာက သင်ဟာ ဘာကို ဖျောက်ပစ်ချင်သလဲဆိုတာပါပဲ။ ”

အဆိုပါ ပညာရှင်နှစ်ပါးက အလေးအနက် ပြောပါတယ်။ သူတို့ဟာ google protocol oauth စနစ်ကို သုံးထားပါတယ်။ သူတို့ရဲ့လုပ်ဆောင်ပုံစနစ်တွေဟာ သုံးစွဲသူရဲ့ ကိုယ်ရေးမှတ်တမ်းတွေကို မထိခိုက်နိုင်တာမို့ ဘယ်သူမှ စိုးရိမ်စရာ မလိုပါဘူး။

Protocol oauth ဟာ လိုင်စင်တင်ပြီးသား နည်းပညာရင်းမြစ်တစ်ခုပါ။ များသောအားဖြင့် သူ့ကို သုံးစွဲသူတွေဟာ အခြား website တွေဆီကို Password လျှို့ဝှက်စာလုံး မပေးဘဲ သွားနိုင်ဖို့အတွက် သုံးစွဲကြပါတယ်။

deseat.me ဟာ email နဲ့ ချိတ်ဆက်ထားတဲ့ သတင်းအချက်တွေကို ဖျောက်ပေးဖို့ပဲ တာဝန်ယူပါတယ်။ ယခုဆို Gmail နဲ့ လည်း အလုပ် လုပ်နေပါတယ်။ ဒါကြောင့် တကယ်လို့များ သင်ဟာ Yahoo ဒါမှမဟုတ် Hotmail ဒါမှမဟုတ် အခြား mail တစ်ခုခုနဲ့ မိမိရဲ့ သတင်းအချက်အလက်တွေကို ချိတ်ဆက်ထားတယ်ဆိုရင်တော့ အဲဒါတွေကို ဒီ deseat.me နဲ့ ဖျောက်လို့ မရနိုင်ပါဘူး။

တကယ်လို့ အသင့်အနေနဲ့ အသင့်ရဲ့ သတင်းအချက်အလက်တွေနဲ့ ကိုယ်ရေးရာဇဝင်တွေကို အင်တာနက်ပေါ်ကနေ အပြီးအပိုင် ဖျောက်ပစ်ချင်နေတယ်ဆိုရင်တော့ အခု သင့်အတွက် အခွင့်အရေးကောင်းတစ်ခု ပေါ်ပေါက်လာပါပြီ။

deseat.me မှာ ဝင်ပြီး ခလုတ်ကလေးတစ်ချက်နှိပ်လိုက်တာနဲ့ သင့်ရဲ့ ဒီဆန္ဒပြည့်ဝ သွားရပါလိမ့်မယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » Al-Jazeera

https://www.deseat.me/ အား မြင်တွေ့ရပုံ (ဓာတ်ပုံ-အလင်းမျက်ဝန်း)

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat