ထောက်လှမ်းရေးအရာရှိတစ်ယောက်ကို မတရားသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးကို အာဖဂန်တာလီဘန်တွေက လူထုရှေ့မှာ ကြိုးပေးစီရင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကဘူးရ်မြို့ရဲ့ အနောက်ဘက် ၆၀ ကီလိုမီတာ အကွာမှာရှိတဲ့ Maidan Wardak ပြည်နယ် Chak ဒေသမှာရှိတဲ့ သူ့မိသားစုဆီ လည်ပတ်ဖို့သွားနေတဲ့ Kabul Polytechnic တက္ကသိုလ်က စတုတ္ထနှစ်ကျောင်းသား Faizul Rehman ကို တာလီဘန်စစ်သားတွေက ဖမ်းဆီးခဲ့ကြပါတယ်။
ပြေလည်မှုရအောင် ပြည်နယ်ကလူကြီးပိုင်းတွေက ကြားဝင်စေ့စပ်ဖို့ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ တာလီဘန်တွေဟာ သူ့ကိုသောကြာနေ့က လူထုရှေ့မှာဘဲ ကြိုးပေးကွပ်မျက်လိုက်တာပါလို့ Maidan Wardak ပြည်နယ်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Abdul Rehman Mangal က စနေနေ့က AFP သတင်းဌာနကို ပြောပြပါတယ်။
ဒီသေသမှာရှိတဲ့ တာလီဘန် ထောက်လှမ်းရေး ခေါင်းဆောင်ကို သတ်ပစ်ခဲ့တယ်ဆိုပြီး စွဲချက်တင် စီရင်ခဲ့ကြတာလို့ သူကပြောပါတယ်။
အာဖဂန်ပြည်ထဲရေးဝန်ကြီးက အဆိုပါစီရင်ကွပ်မျက်မှုကို အတည်ပြုပေးခဲ့ပြီး လုပ်ဆောင်ခဲ့သူတွေကို ဖမ်းဆီးအရေးယူသွားဖို့ စုံစမ်းစစ်ဆေးရေးတွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahid ကလည်း အဆိုပါဖြစ်ရပ်အတွက် ၎င်းတို့ဘက်ကနေလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သူတို့အဖွဲ့ အင်အားကောင်းလာတဲ့ ၂၀၀၁ ခုနှစ်ကတည်းကစပြီး တာလီဘန်တွေဟာ နိုင်ငံခြားနဲ့ အာဖဂန်စစ်တပ်က သူလျှိုတွေလို့ သံသယရှိသူတွေကို ကွပ်မျက်လေ့ရှိပြီး အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနဲ့ လက်မထပ်ဘဲ အတူနေခြင်းတို့လို စက်ဆုပ်ဖွယ်ကိစ္စတွေအတွက် လူအများရှေ့မှာ ခဲပေါက်သေဒဏ်ပေးခြင်း (သို့မဟုတ်) ကြိမ်ဒဏ်ပေးခြင်းကဲ့သို့သော ကြမ်းတမ်းတဲ့ ဥပဒေစီရင်ချက်များနဲ့ အရေးယူလေ့ရှိခဲ့ပါတယ်။
နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Al Jazeera
ဓာတ်ပုံ » Al Jazeera
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။