ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အေသင်မြို့တော်ရဲ့ပထမဆုံးဗလီဝတ်ကျောင်းတော်အတွက် ဂရိမွတ်စ်လင်မ်များ ပြင်ဆင်

အေသင်ဗလီသစ်ကြီးရဲ့ နမူနာ ပုံစံ (ဓာတ်ပုံ-အင်တာနက်)
အမျိုးသားရေး အစွန်းရောက်တွေ ကန့်ကွက်နေတဲ့ကြားထဲက ဂရိအစိုးရရဲ့ ဗလီတစ်လုံးတည်ဆောက်ဖို့ အစီအစဉ်ကို ပြီးဆုံးသည့်တိုင် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ဂရိနိုင်ငံက မွတ်စ်လင်မ်တွေ မျှော်လင့်နေကြပါတယ်။

အေသင်မြို့ရဲ့ ပထမဆုံးဗလီမှာ သူမနဲ့ မိသားစု အမြန်ဆုံး ဝတ်ပြုခွင့်ရဖို့ အသက် (၄၃) နှစ်အရွယ် Anna Stamou တစ်ယောက် စိတ်လှုပ်ရှားကာ တတ်ကြွနေပါတယ်။

“ စစ်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ကလေးတွေအတွက် ကျမဆုဒိုအာ တောင်းပေးချင်ပါတယ်။ စစ်ပွဲတွေအားလုံး အမြန်ဆုံးရပ်ဖို့ကိုလည်း ဆုတောင်းသွားမှာပါ ” လို့ ဂရိနိုင်ငံ အေသင်မြို့မှာနေတဲ့ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ သူမက ပြောပါတယ်။

“ ကျမ နေ့တိုင်း နမားဇ်ဝတ်ပြုပြီး ဆုတောင်းပါတယ်။ ဒါပေမဲ့ ဗလီထဲမှာ တောင်းတဲ့ ဆုဒိုအာဟာ အဆပေါင်းများစွာ ပိုမိုထိရောက်စေတယ်လေ ” လို့ လည်း သူမက ထပ်ပြောပါသေးတယ်။

Anna Stamou ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ အစ္စလာမ်ဘာသာကို လေ့လာခဲ့ပြီး သက်ဝင်ယုံကြည်ခဲ့သူ တစ်ဦးပါ။

အေသင်ဗလီသစ်ကြီးရဲ့ နမူနာ ပုံစံငယ် (ဓာတ်ပုံ-အင်တာနက်)
ဂိုဒေါင်အဟောင်းတွေနဲ့ မြေအောက်ခန်းတွေမှာ နှစ်ပေါင်းများစွာ စုပေါင်းဝတ်ပြုခဲ့ကြပြီးနောက် အေသင်မြို့က မွတ်စ်လင်မ်တွေဟာ အစွန်းရောက်တွေရဲ့ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ ဗလီတည်ဆောက်သွားမဲ့ အစီအစဉ်ကို အစိုးရက ပြီးဆုံးသည့်တိုင် ဆက်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဥရောပဒေသက မြို့တော်တွေထဲမှာ အေသင်မြို့ဟာ ဗလီတစ်လုံးမှမရှိတဲ့ တစ်ခုတည်းသောမြို့ဖြစ်ပါတယ်။

(၁၈) ရာစု အစောပိုင်း မတိုင်ခင်အထိ ဂရိနိုင်ငံဟာ အော်တိုမန်အင်ပါယာ (ဟဇရသ်အွမ္မရ်ရဲ့) အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းလေးဆယ်နီးပါး နေခဲ့ရပြီး အခုဗလီတည်ဆောက်မယ်ဆိုရင်တော့ အော်တိုမန်အင်ပါယာခေတ်နောက်ပိုင်း ဥရောပဒေသအစိုးရရဲ့ ထောက်ပံ့မှုနဲ့ တည်ဆောက်တဲ့ ပထမဆုံးသော ဥရောပဗလီလည်း ဖြစ်လာမှာပါ။

အဆိုပါဗလီကို အေသင်မြို့ရဲ့အနောက်ဘက် Votanikos ရပ်ကွက်နားက (၆၀၀) စတုရန်းမီတာ အကျယ်အဝန်းရှိတဲ့ စစ်လက်နက် ဂိုဒေါအဟောင်းတစ်ခုနေရာမှာ တည်ဆောက်သွားမှာဖြစ်ပြီး လူပေါင်း (၃၅၀) ကျော် တစ်ပြိုင်တည်း ဝတ်ပြုနိုင်ကြမှာပါ။

အီဒ်းနမားဇ်ဝတ်ပြုနေကြသော အေသင်မြို့မှ မွတ်စ်လင်မ်များ (ဓာတ်ပုံ-Al Jazeera)
ဗလီအဆောက်အဦးအတွင်းမှာ ဝိုဇူ (ကိုယ်လက်သန့်စင်မှု) ပြုလုပ်နိုင်ဖို့ ရေတံခွန်/ရေပန်းအသေးလေးတစ်ခုကိုလည်း ထည့်သွင်းဖန်တီးထားမှာပါ။

“ ဘာမှ ထူးထူးခြားခြားတော့ ပါမှာမဟုတ်ပါဘူး ” လို့ Anna Stamou ရဲ့ ခင်ပွန်းဖြစ်သူ ဂရိမွတ်စ်လင်မ်အဖွဲ့အစည်း ဥက္ကဋ္ဌ ဖြစ်သူ Naim Elghandour က ပြောပါတယ်။

“ ဒီဗလီ တည်ဆောက်ရေး အစီအစဉ်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ဗလီရှေ့ဆောင်ဆရာတွေဟာ စေတနာ့ဝန်ထမ်းတွေဖြစ်ကြပြီး သူတို့အတွက် သိပ်ကို အန္တရာယ်များလှပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဂရိနိုင်ငံဟာ ဘာသာမတူတဲ့သူတွေကြားထဲမှာ ပြဿနာကြီးကြီးမားမား မရှိလို့ပါပဲ။ ဗလီတည်ဆောက်ပြီးသွားရင်တော့ အစိုးရရဲ့ တရားဝင်အသိအမှတ်ပြု ဗလီတစ်လုံးရယ် ရှေ့ဆောင်ဆရာရယ်ကို ရတော့မှာပါ ” လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။

အေသင်မြို့က မွတ်စ်လင်မ်မဟုတ်တဲ့ လူထုကလည်း ဗလီတည်ဆောက်မှာကို လက်ခံလိုလားနေကြပါတယ်။

“ ကျနော်တို့ဟာ ဒီမိုကရေစီနိုင်ငံပီပီ ကိုးကွယ်မှုဆိုင်ရာ လွတ်လပ်မှု ရှိသင့်ပါတယ် ” လို့ အသက် (၆၂) နှစ်အရွယ် Aggeliki Anagnostopoulou က ပြောပါတယ်။

၎င်းဟာ ဗလီတည်ဆောက်မဲ့ရပ်ကွက်အတွင်းမှာ နေထိုင်သူဖြစ်ပြီး “ ဘာအတွက်ကို ကျနော်က စိုးရိမ်နေရမှာလည်း။ မွတ်စ်လင်မ်ဖြစ်တိုင်း အစွန်းရောက်ဖြစ်နေတာမှ မဟုတ်တာ ” လို့ သူက အယ်လ်ဂျဇီးရားသတင်းထောက်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဂရိမွတ်စ်လင်မ်အဖွဲ့အစည်းရဲ့ ပြောကြားချက်အရ အေသင်မြို့မှာ နေထိုင်တဲ့ မွတ်စ်လင်မ် (၂) သိန်းကျော်ဟာ အစိုးရအသိအမှတ်မပြုထားတဲ့ နေရာတွေမှာ စုပေါင်းပြီး ဖြစ်သလို ဝတ်ပြုနေကြရပါတယ်။

အများစုသောနေရာတွေဟာ မြေအောက်ခန်းတွေနဲ့ ဂိုဒေါင်ရုံအဟောင်းတွေမှာပါ။

ဒီနှစ်အစောပိုင်းမှာ ဂရိအစိုးရက ဒေါ်လာ (၁.၀၅) သန်း အသုံးပြုပြီး ဗလီဆောက်ခွင့်အား ကုမ္ပဏီတစ်ခုကို ချထားပေးခဲ့ပါတယ်။ နောက်ခြောက်လအတွင်း တည်ဆောက်မှုပြီစီးဖို့ ခန့်မှန်းထားကြပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Al Jazeera
ဓာတ်ပုံ » Al Jazeera

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat