ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ခရစ်စမတ်ကာလအတွင်း မွတ်စ်လင်မ်စားသောက်ဆိုင်မှာ အခမဲ့ကျွေးမည်

အထီးကျန်နေတဲ့ သက်ကြီးရွယ်အိုများနဲ့ အိမ်ခြေယာမဲ့သူများ ခရစ်စမတ်ကာလအတွင်း မိမိတို့ဆိုင်မှာ အခမဲ့လာရောက်သုံးဆောင်နိုင်တယ်လို့ မွတ်စ်လင်မ်စားသောက်ဆိုင်တစ်ဆိုင်က ကြေညာလိုက်ပါတယ်။ လန်ဒန်မြို့မှာရှိတဲ့ မွတ်စ်လင်မ်ပိုင် စားသောက်ဆိုင်က ခရစ်စမတ်နေ့မှာ ဟင်းပွဲသုံးမျိုးနဲ့ အခမဲ့ တည်ခင်း ဧည့်ခံမယ်လို့ ဆိုပါတယ်။

မြို့တော်လန်ဒန်ရဲ့ Sidcup အရပ်မှာရှိတဲ့ Shish အမည်နဲ့ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဟာ သူတို့အခမဲ့ကျွေးမွေးမဲ့အစီအစဉ်ကို အနီးပတ်ဝန်းကျင်က လူတွေဆီ ကြိုတင်ကြေညာပေးထားတဲ့အပြင် သူတို့ဆိုင်မှာလည်း စာကပ်ပြီး ကြေငြာထားပါတယ်။

“ ဒီဇင်ဘာ (၂၅) ရက် ခရစ်စမတ်နေ့မှာ အတူတကွ သုံးဆောင်ကြရအောင် ” လို့ ဆိုင်ရဲ့အရှေ့မှာ စာရေးပြီးကပ်ထားပါတယ်။

သူတို့ အခမဲ့ကျွေးမွေးမဲ့ ဒီအစီအစဉ်ကို လူသိများလာအောင် လူမှုကွန်ယက်တွေပေါ်မှာ ဝိုင်းဝန်းဝေမျှဖို့ကို တောင်းဆိုထားတာကြောင့် ဝေမျှကြော်ငြာသူအများအပြားလည်း ရှိခဲ့ပါတယ်။

“ ကျမ မြင်းဖူးသမျှထဲမှာ ဒါဟာ တစ်ကိုယ်ကောင်းမဆန်ဘဲ လူသားဆန်တဲ့ အလှပဆုံး လုပ်ရပ်တစ်ခုပါ။ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ သဟဇတဖြစ်စေတဲ့ သူတွေလို့ သတ်မှတ်သင့်ပါတယ် ” လို့ ပို့စ်တစ်ခုရေးသားပြီး Vicky Lanfear ဆိုတဲ့ ဖေ့စ်ဘွခ်အသုံးပြုသူတစ်ယောက်က သူတို့ရဲ့ကြော်ငြာကို ဝေမျှပေးခဲ့ပါတယ်။

Suzannah Harris ကတော့ “ ဘယ်လောက်ကြည်နူးဖို့ကောင်းတဲ့လုပ်ရပ်လဲဗျာ။ ဈေးရောင်းကောင်းတဲ့ ခရစ်စမတ်လို ကာလမျိုးမှာမှ သူတို့ဟာ အခုလို နိုင်သလောက် ပြန်လည်မျှဝေပေးနေတယ်။ နှစ်သစ်ကူးမှ အဲ့ဖက်ကိုရောက်အောင်သွားပြီး သူတို့ဆိုင်မှာ စားဖြစ်အောင် သွားစားပစ်မယ် ” လို့ ရေးသားခဲ့ပါတယ်။

“ ကမ္ဘာကြီးပေါ်မှာ အကြင်နာတရားတွေ ကျန်ပါသေးတယ်ဟေ့။ အံ့သြချီးကျူးစရာလူတွေပါကွယ် ” လို့ Linda Leach ကလည်း ရေးသားခဲ့ပါတယ်။

Twitter ပေါ်မှာလည်း အဆိုပါလုပ်ရပ်အတွက် ဝိုင်းဝန်းချီးကျူးနေကြပြီး တွစ်တာအသုံးပြုသူတစ်ယောက်က “ အံ့သြစရာကောင်းတဲ့ လုပ်ရပ်ပါ။ တစ်ကယ့် လူ့အဖွဲ့အစည်းတွေမှာ ရှိသင့်တဲ့ စိတ်ဓာတ်ပိုင်ရှင်တွေပါ။ သူတို့ကို ဘုရားသခင်ကောင်းချီးပေးပါစေ ” လို့ ရေးသားပြီး ဂုဏ်ပြုပေးထားပါတယ်။

Sally Barnes ဆိုတဲ့ အသုံးပြုသူတစ်ယောက်ကတော့ “ နေရင်းထိုင်ရင်း မွတ်စ်လင်မ်ဆို အပြစ်မြင်ချင်နေသူတွေကို ခေါ်ပြလိုက်ကြစမ်းပါ။ ဒါဟာ မွတ်စ်လင်မ်တွေရဲ့ လုပ်ရပ်ပါ။ ကျမသိတဲ့ မွတ်စ်လင်မ်တွေဟာ တစ်ကယ့်ရက်ရောလှတဲ့လူတွေပါ ” လို့ ရေးသားခဲ့ပါတယ်။

ခရစ်စမတ်နေ့ နေ့လည် (၁၂) နာရီကနေ ညနေ (၆) နာရီ အချိန်အထိ ဟင်းလျာ (၃) မျိုးနဲ့ တည်ခင်းဧည့်ခံသွားမှာဖြစ်ပြီး ဟင်းချို၊ ကြက်သားဟင်းနဲ့ အချိုပွဲတွေပဲ ဖြစ်ပါတယ်။ အသားမစားသူတွေအတွက်တော့ အထူးဟင်းသီးဟင်းရွက် ဟင်းလျာကိုလည်း စီစဉ်ပေးထားမှာပါ။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » The Independent

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat