ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဘန်ကီမွန်းသို့ပေးစာများ

လေးစားရပါသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကြီး မစ္စတာဘန်ကီမွန်းရှင်...

ပါလက်စတိုင်းလူမျိုးတွေကိုယ်စား သမီးဘက်က နှုတ်ခွန်းဆက်သလိုက်ပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့လူတွေ၊ အကျဉ်းချခံထားရတဲ့လူတွေနဲ့ မိမိနယ်မြေအတွက်ခုခံရင်း အသက်ပေးသွားကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ ခန္ဓာကိုယ်တွေကို လွတ်လပ်ခွင့်ပေးဖို့ အစ္စရေးအာဏာပိုင်တွေကို ပြောပေးပါလို့ သမီးတောင်းဆိုချင်ပါတယ်။

အစ္စရေးအကျဉ်းထောင်တွေမှာ နှိပ်စက်ခံနေရတာ သူတို့အတွက် မမျှတပါဘူး။ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ ဆော့ကစားခွင့်လေးတော့ သူတို့ကို ပေးသင့်ပါတယ်။

အဆိုပါစာကိုရေးသူကတော့ ဟီဘရွန်းမြို့တောင်ဖက်မှာရှိတဲ့ ဟာဝါအမျိုးသမီးအထက်တန်းကျောင်းက အသက် (၁၄) နှစ်သာ ရှိသေးတဲ့ကျောင်းသူလေး Mariam Hashem al-Mahatina ဖြစ်ပါတယ်။

သူမရဲ့ စာအပါအဝင် ပါလက်စတိုင်းကလေးငယ်တွေ ဘန်ကီမွန်းထံ လိပ်မူပြီး ရေးသားခဲ့တဲ့ ပေးစာပေါင်း (၅) သိန်းကျော်ကို ဖမ်းဆီးခံ ပါလက်စတိုင်း ကျောင်းသားကလေးငယ်တွေ လွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့ခဲ့ပါတယ်။

အဆိုပါပေးစာတွေကို ဖမ်းဆီးထိန်းသိမ်းခံရသူများအရေး ဆောင်ရွက်ပေးနေတဲ့ ပါလက်စတိုင်း အကျဉ်းသားများအသင်းနဲ့ ပါလက်စတိုင်း ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရာမာလာမြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်က လူ့အခွင့်အရေး အရာရှိတွေထံ ပေးအပ်ခဲ့ပါတယ်။

ပါလက်စတိုင်း အကျဉ်းသားများအသင်းရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ အစ္စရေးအကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ ပါလက်စတိုင်းကလေးငယ် (၃၅၀) ရှိပြီး (၁၂) ယောက်ဟာ မိန်းကလေးတွေ ဖြစ်ပါတယ်။ ယောက်ျားလေးတွေကို အစ္စရေးရဲ့ မက်ဂီဒို အကျဉ်းထောင်နဲ့ အိုဖာအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားပြီး မိန်းကလေးတွေကိုတော့ ဟာရှရွန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ အဆိုပါအချက်အလက်တွေကို ကုလသမဂ္ဂရုံးချုပ်သို့ ပေးပို့ထားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ အစောပိုင်းကာလအထိ ပါလက်စတိုင်းကလေးငယ်တွေကို ဖမ်းဆီးထိန်းသိမ်းမှုပေါင်း (၂၀၀၀) ကျော်ရှိတယ်လို့ အကျဉ်းသားများအသင်းက ဆိုပါတယ်။

Israa Wahid ဟာ အသက် (၁၃) နှစ်သာရှိသေးပြီး ရာမလာမြို့က Ain Munjid ကျောင်းမှာ စာသင်နေဆဲပါ။ သူမကြီးလာရင် သူနာပြုမယ်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အစ္စရေးကျူးကျော်အခြေချနေထိုင်သူတွေနဲ့ အစ္စရေးရဲတွေရဲ့ Ahmad Manasra ကို ဝိုင်းဝန်းတိုက်ခိုက်နေတဲ့ ဗီဒီယိုကိုကြည့်ပြီး သူနာပြုတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ သူမအိမ်မက်ကို စွန့်လွှတ်လိုက်ပါပြီ။ သူမဟာအစ္စရေးတွေရဲ့ အကြောင်းမဲ့ ရန်ရှာတိုက်ခိုက်မှုတွေကို ကြောက်လန့်နေပါတယ်။ Ahmad Manasra ကို ဝိုင်းနှိပ်စက်နေတဲ့ ဗီဒီယိုကိုကြည့်ပြီး ကျမအတော်လေးငိုခဲ့မိပါတယ်လို့ ဘန်ကီမွန်းထံပေးစာထဲမှာ သူမထည့်သွင်းရေးသားခဲ့ပါတယ်။ ပေးစာတွေပေးပို့တဲ့အချိန်ဟာ Ahmad Manasra ရဲ့ အမှုရုံးချိန်းနဲ့ တိုက်ဆိုင်နေပြီး အစ္စရေးရဲတွေကို ပြန်လည်တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ Ahmad ကို ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခဲ့ပါတယ်။ ကလေးငယ်တစ်ယောက်ကို ဒီလောက်ကြာရှည်စွာ ထောင်ဒဏ်ချမှတ်တဲ့ ပြစ်ဒဏ်က ပြင်းထန်လွန်းပေမဲ့ အစ္စရေးတရားရုံးက ဒီလိုအမိန့်တွေ ချမှတ်နေကြပါ။

(၇) တန်း နဲ့ (၈) တန်း ကျောင်းသူ၊ ကျောင်းသားတွေကို ပေးစာရေးဖို့ စာရွတ်တွေဝေပေးခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအားလုံးဟာ စိတ်ဝင်တစား ရေးသားခဲ့ကြပြီး Ahmad Manasra နဲ့ သူတို့ တစ်သားတည်းရှိတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။ Ahmad နဲ့ အခြားထိန်းသိမ်းခံ ကျောင်းသားတွေဟာ သူတို့တွေနဲ့ ရွယ်တူတွေဘဲလေလို့ Ain Munjid မူလတန်းကျောင်းအုပ် Rami al-Rumhy က ပြောပါတယ်။ ကျောင်းသားအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ကျောင်းသူ/ကျောင်းသားတွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ကြပြီး အထိန်းသိမ်းခံကျောင်းသားတွေနဲ့ တစ်သားတည်းရှိနေတယ်ဆိုတာကို ပြသကြဖို့ သူတို့ရင်ထဲက ခံစားချက်အစစ်အမှန်တွေလို ဖော်ထုတ်ရေးသားခဲ့ကြပါတယ်လို့ ကျောင်းအုပ်ကြီးကဆိုပါတယ်။

“ စာတွေကို အရေအတွက်များများရအောင် ပို့ဖို့ကြိုးစားတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂက ကလေးငယ်တွေကို ကာအကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာ ပြသဖို့ ကြိုးစားခဲ့တာပါ ” လို့ ပါလက်စတိုင်းအကျဉ်းသားအသင်းရဲ့ အထွေထွေဒါရိုက်တာ Qadura Fares က ပြောပါတယ်။ နိုင်ငံရေးအရ အဖက်ဖက်က ပိတ်ဆို့ထားတဲ့အတွက် နိုင်ငံရေးအရ အဖြေရှာဖို့ မဖြစ်နိုင်ပါဘူး။ ပါလက်စတိုင်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့ တစ်ခုတည်းသော ရွေးချယ်ခွင့်က ကျနော်တို့အားလုံး အတူတကွ ညီညီညာညာ ဟန်ချက်ညီညီ လှုပ်ရှားသွားပြီး နိုင်ငံတကာအသိုင်းအဝန်းက အာရုံစိုက်လာစေဖို့ပါ။

ဒါဟာ အသိမ်းဆည်းခံ ပါလက်စတိုင်းမြေပေါ်က ဖမ်းဆီးခံကလေးငယ်တွေကို အကာအကွယ်ပေးဖို့နဲ့ လွတ်မြောက်ရေးလှုပ်ရှားဖို့ စတင်လိုက်တဲ့ လှုပ်ရှားမှုတစ်ခုပါ။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Al Monitor

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat