ရွေးကောက်ပွဲမှာ ရရှားက ဟက်လုပ်ခဲ့တာ သေချာတယ်လို့ သမ္မတ အိုဘာမားအတည်ပြု
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရရှားက ဟက်လုပ်ခဲ့တာ သေချာတယ်လို့ သမ္မတအိုဘားမားက အတည်ပြု ပြောကြားလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရတဲ့အထိ စုံစမ်းစစ်ဆေးဖို့ကိုလည်း သူက ထရမ့်ကို ဖိအားပေးခဲ့ပါတယ်။
“ အမေရိကန်ဟာ မိမိရဲ့တန်ဖိုးတွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် သေးငယ်ချည့်နဲ့တဲ့ ရရှားလိုနိုင်ငံလေးက အမေရိကကို ထိခိုက်အောင် လုပ်နိုင်သွားပါလိမ့်မယ်။ ” လို့ သမ္မတအိုဘားမားက ပြောဆိုသွားခဲ့ပါတယ်။
ဒီနှစ်အဆုံးပိုင်း အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ သမ္မတအိုဘာမားရဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရရှားက ဝင်နှောင့်ယှက်ခဲ့တာ သေချာပါတယ်။ ရရှားမှာက ပူတင်ရဲ့ သဘောဆန္ဒမပါဘဲ ဘာမှ မဖြစ်နိုင်ပါဘူး။ ဒီလို ဟက်လုပ်တာဟာ သိပ်ဆိုးရွားလွန်းပါတယ်။ ဒါကြောင့် ဒီကိစ္စမှာလည်း ပူတင်ရဲ့သဘောဆန္ဒပါခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒီကိစ္စကို သုံးသပ်ပြီးတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ တခြားဖက်က အနှောင့်အယှက် ပယောဂ မပါခဲ့ဘူးဆိုတာကို သမ္မတသစ်လုပ်မယ့် ထရမ့်က သေချာအောင် လုပ်ပြနိုင်ရပါလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ် ” လို့ သမ္မတအိုဘားမားက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ဒီ့မတိုင်ခင်က ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဟီလာရီကလင်တန်ကလည်း F.B.I ရဲ့အစီရင်ခံစာနဲ့ ရရှားရဲ့ ဟက်လုပ်မှုကြောင့် သူမ ရှုံးနိမ့်ရတာပါလို့ ပြောခဲ့ပါသေးတယ်။
သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။