တူရကီတွင် ဗုံးပေါက်ကွဲ ◊ စစ်သား (၁၃) ဦး သေဆုံး ◊ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ
တူရကီအလယ်ပိုင်း၊ ကိုင်စွရီယဟ်မြို့မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် စစ်သား(၁၃)ဦး သေဆုံးပြီး အရပ်သား (၄၈) ဦးလောက် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
ဒေသတွင်း တီဗွီသတင်းတွေအရ ဗုံးဖောက်ခွဲမှုဟာ စစ်သားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စင်းကို ပစ်မှတ်ထားခဲ့တာ ဖြစ်ကြောင်းနဲ့ ပေါက်ကွဲစဉ်မှာ အရပ်သားတွေလည်း ဘတ်စ်ကားပေါ်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း ဆေးရုံတာဝန်ရှိသူတွေကတော့ သူတို့ဆီကို အလောင်းတွေအမြောက်အမြား ရောက်ရှိလာခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက်ကို အတိအကျ မပြောနိုင်သေးကြောင်း ပြောကြားပါတယ်။
တက္ကသိုလ်ပရိဝုဏ်အနီးမှာ ဘတ်စ်ကားကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ကျောင်းသူ/သားတွေအပါအဝင် အရပ်သားတွေပါ ပစ်မှတ် ဖြစ်ခဲ့ရပါတယ်။ မီဒီယာတွေရဲ့ အဆိုအရ အဆိုပါ ဘတ်စ်ကားမှာ စစ်သားတွေလည်း လိုက်ပါစီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီအရင်ကလည်း ဒီဇင်ဘာလ (၉) ရက်နေ့က အစ္စတန်ဗူလ်မြို့မှာ ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့လို့ အနည်းဆုံး(၃၈)ဦး သေဆုံးသွားခဲ့ရပါတယ်။
အဲဒီ ပေါက်ကွဲမှုနှစ်ခုစလုံးကို အီရန်ကျောထောက်နောက်ခံပြု ဒေသတွင်း အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ Kurdistan Freedom Falcons (ကာဒ်သူပုန်) အဖွဲ့အစည်းက သူတို့ လက်ချက်ဖြစ်တယ်လို့ ကြေငြာထားပါတယ်။
သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။