ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

OIC ပြန်ကြားရေးဝန်ကြီးများ ဂျစ်ဒါမြို့တွင် (၄) ရက်ကြာ တွေ့ဆုံဆွေးနွေးမည်


OIC ပြန်ကြားရေးဝန်ကြီးများရဲ့ (၄) ရက်တာ အစည်းအဝေးကို ယနေ့မှစတင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ကျင်းပနေပါပြီ။

ဂျစ်ဒါမြို့မှာ ကျင်းပနေတဲ့ အဆိုပါအစည်းအဝေးအတွင်း ကဏ္ဍပေါင်းစုံအတွက် ဆွေးနွေးသွားကြမှာဖြစ်ပြီး မူဝါဒရေးရာ ဆုံးဖြတ်တစ်ချို့ကိုလည်း မူကြမ်းအဖြစ် ချမှတ်သွားဖွယ် ရှိပါတယ်။

OIC အဖွဲ့ရဲ့ မီဒီယာကဏ္ဍတွေမှာ အရေးပါပုံကို ထည့်သွင်းဆွေးနွေးကြမှာဖြစ်ပြီး Al-Quds (ဂျေရုစလင်မြို့) နဲ့ ရွှေဝါရောင် အလ်အက်ဆွာဗလီကို ဆက်လက်ထောက်ပံ့သွားမဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးဖို့ ရှိနေပါတယ်။

အစ္စလာမ်ကြောက်ရောဂါ (Islamophobia) ကို ရင်ဆိုင်အံတုဖြေရှင်းသွားဖို့ မဟာဗျူဟာမြောက် မီဒီယာကဏ္ဍတစ်ခု တည်ထောင်သွားမဲ့ အစီအစဉ်လည်း ယခုအစည်းအဝေးမှာ ပါဝင်နေပါတယ်။

OIC-2025 လို့ခေါ်တဲ့ မီဒီယာမဟာဗျူဟာမှာ အမျိုးသမီးများ မီဒီယာကဏ္ဍမှာ ပိုမိုပါဝင်လာစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး OIC အဖွဲ့ဝင်နိုင်ငံများအပြင် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများနဲ့ပါ ကဏ္ဍပေါင်းစုံ ပိုမိုပူးပေါင်းသွားဖို့ ရှိနေပါတယ်။

အမေရိကနိုင်ငံများအတွက် မီဒီယာအစီအစဉ်တစ်ခု ထုတ်လွှင့်သွားနိုင်ဖို့ကိုလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အာဖရိကဒေသများနဲ့ မွတ်စ်လင်မ်ကမ္ဘာရဲ့ ထိတွေ့ပတ်သက်မှုတွေကို မီးမောင်းထိုးပြပေးမဲ့ တင်ဆက်မှုမျိုးတွေကို အဆိုပါမီဒီယာ အစီအစဉ်ကနေ ဦးစီးပေးဖော်ပြသွားဖို့ ရည်ရွယ်ပါတယ်။

OIC ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်များကို တင်ပြပေးသွားမယ့် ရုပ်သံချန်နယ်တစ်ခု စတင်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပြီး အစ္စလာမ့်မီဒီယာများအပါအဝင် မွတ်စ်လင်မ်မီဒီယာသမားတွေအတွက် အခြားသော နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေက ပေးအပ်နေတဲ့ အောင်မြင်မှုဆုတံဆိပ်မျိုးတွေလည်း ပေးအပ်သွားနိုင်ဖို့ အဆိုပါအစည်းအဝေးအတွင်း ညှိနှိုင်းသွားကြမှာပါ။

OIC အဖွဲ့ဝင်နိုင်ငံများရဲ့ မီဒီယာအဖွဲ့အစည်းများအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ပံ့ပိုးအားပေးဖို့ဆိုတဲ့ OIC ရဲ့ မီဒီယာရည်မှန်းချက်တွေကို မဏ္ဍိုင်ပြုထားရှိသွားမယ်လို့ သိရပါတယ်။

အစည်းအဝေးက ပေါ်ထွက်လာမဲ့ ဆုံးဖြတ်ချက်မူဝါဒများကို Jeddah Declaration (ဂျစ်ဒါကြေငြာချက်) ဆိုပြီး ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Arab News

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat