တူရကီနိုင်ငံဆိုင်ရာ ရရှားသံအမတ် အန်ဒရရေးကာရ်လူးဖ်ဟာ တိုက်ခိုက်ခံရပြီး သေဆုံးသွားပါတယ်။ တူရကီရဲတပ်ဖွဲ့ဝင်များဟာ တိုက်ခိုက်သူကို အပြန်အလှန်ပစ်ခတ်ပြီး အသေပစ်သတ် ဖမ်းဆီးခဲ့ရပါတယ်။
တိုက်ခိုက်သူဟာ မြို့တော်အန်ကာရာမှာ ကျင်းပပြုလုပ်နေတဲ့ အနုပညာပြပွဲအတွင်း အဆိုပါသံအမတ်ရှိနေချိန် သေနတ်နဲ့ ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ဟာ ၎င်းအနုပညာပြပွဲကို လာရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ရရှားသံအမတ်ကို မြို့နယ်ဆေးရုံသို့ ချက်ချင်းသယ်ဆောင်ပြီး အရေးပေါ်ကုသခဲ့ပေမဲ့ ဒဏ်ရာဟာ ပြင်းထန်လွန်းတာကြောင့် သေဆုံးခဲ့ပါတယ်။
![]() |
ရရှားသံအမတ် အန်ဒရရေးကာရ်လူးဖ် (ဓာတ်ပုံ-GEO TV) |
တိုက်ခိုက်သူဟာ ရရှားရဲ့လုပ်ရပ်အပေါ် နာကျည်းလွန်းတာကြောင့် ယခုလို ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
သူဟာ ပစ်ခတ်နေစဉ်အတွင်းမှာပဲ “ အလပ်ပိုမြို့မှာ အပြစ်မဲ့သူတွေ မတရားခံစားနေရတာတွေအတွက် သင်တို့တွေ ကိုယ်ချင်းစာတတ်လာအောင် တန်ပြန်အစားယူပြလိုက်တာပါ ” လို့ ဟစ်အော်ပြောဆိုခဲ့ပါတယ်။
ယင်းတိုက်ခိုက်သူဟာ အသက် (၂၂) နှစ်အရွယ်ရှိ မောင်လူဒ်သွာန်သွားရှ်ဆိုသူဖြစ်ပြီး အိဇ်မီးရ်ဒေသ ရဲကောလိပ်မှ ဘွဲ့ယူကာ အန်ကရဟ်ရဲဌာနမှာ အမှုထမ်းလုပ်ကိုင်ခဲ့ဖူးတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောဆိုပါတယ်။
ဒီကနေ့ (အင်္ဂါနေ့) မှာ ရရှားနိုင်ငံ မြို့တော်မော်စကိုအတွင်း ကျင်းပပြုလုပ်မယ့် ရရှား၊ တူရကီနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တဲ့ “ ဆီးရီးယား အလဗ်ပိုမြို့အရေး ဆွေးနွေးပွဲ ” ပြုလုပ်ဖို့ နာရီပိုင်းအလိုမှာပဲ ရရှားသံအမတ်ဟာ အခုလို သေဆုံးခဲ့တာ ဖြစ်ပါတယ်။
တူရကီနိုင်ငံမှာ ရရှားသံအမတ် အခုလို သေဆုံးသွားတဲ့အပေါ် အမေရိကန်ပြည်ထောင်စုကလည်း ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပါတယ်။
သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV & سكاي نيوز عربية
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။