ခရစ်စမတ်ဈေးတစ်ခုမှာ လော်ရီကားနဲ့ ဝင်ကြိတ်ခဲ့တာကြောင့် (၄၈) ဦး ဒဏ်ရာရပြီး (၁၂) ဦး သေဆုံးခဲ့ရတဲ့ အင်္ဂါနေ့ညနေခင်းက တိုက်ခိုက်မှုကို ISIS အဖွဲ့က မိမိတို့လက်ချက်ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ ကြေငြာခဲ့ပါတယ်။
ကားမောင်းသူက တိုက်ခိုက်ဖို့ကိုပဲ ရည်ရွယ်ပြီးတော့ လူစုလူဝေးကို တမင်တက်ကြိတ်ခဲ့တယ်လို့ ယုံကြည်ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
(၁၂) ဦး ဟာ ဘရီးဒ်ရှီးဒ်ကွင်းပြင်မှာ သေဆုံးသွားပြီး ကျန် (၄၈) ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်။ သူတို့ထဲက တချို့ရဲ့ အခြေအနေဟာ စိုးရိမ်ရတယ်လို့ ဂျာမနီ မြို့တော်ရဲတပ်ဖွဲ့က Twitter စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
ကုန်တင်ကားနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်ဟာ ISIS တွေ လုပ်ခဲ့တာဖြစ်ကြောင်း ညွန်းဆိုနိုင်တဲ့ အချက်တွေ အများကြီး ရှိနေပါတယ်လို့ ဂျာမနီပြည်ထဲရေးဝန်ကြီးက ရည်ညွန်းပြောဆိုသွားပါတယ်။
ဘာလင်က ခရစ်စမတ်ဈေးကို ကုန်တင်ကားနဲ့ ဝင်ကြိတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူက မိမိဟာတိုက်ခိုက်မှုနဲ့ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ ဂျာမနီပြည်ထဲရေးဝန်ကြီးသောမက်စ်ဒီမီဇီက အင်္ဂါနေ့မှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
အဆိုပါစွပ်စွဲခံထားရသူဟာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက နိုင်ငံအတွင်း ခိုလှုံခွင့်တောင်းခံရင်း ရောက်ရှိလာတဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦး ဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ဘာလင်းမြို့မှာ အင်္ဂါနေ့က သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြေကွဲတဲ့အနေနဲ့ ခရစ်မတ်ပွဲတော်တွေကို ခမ်းခမ်းနားနား မပြုလုပ်ကြဖို့ ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဂျာမနီအနှံ့အပြားမှာ မကြာမီ ကျင်းပတော့မယ့် ခရစ်မတ်ပွဲတော်တွေနဲ့ တခြားပွဲတော်တွေ အားလုံးမှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားမယ်လို့လည်း ပြန်ထဲရေးဝန်ကြီးဌာနက တစ်ဆက်တည်း ကြေညာသွားပါတယ်။
© အလင်းမျက်ဝန်း
ကိုးကား » العربية
ဓာတ်ပုံ » العربية
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။