ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ NVC ညှိနှိုင်းဆွေးနွေးမှုကိစ္စ သတင်းထုတ်ပြန်

ဒီလ (၁၀) ရက် စနေနေ့ (၁၀-၁၂-၂၀၁၆) က ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနဲ့ လဝကအမြဲတမ်းအတွင်းဝန်အဖွဲ့တို့ (၂)နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ NVC Card ကိစ္စနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေများကို အစ္စလာမ်ဘာသာဝင်များသိရှိစေရန် သတင်းထုတ်ပြန် ရှင်းလင်းလိုက်ပါတယ်။

ဒီဇင်ဘာလ (၁၉) ရက်နေ့ ရက်စွဲဖြင့် အဖွဲ့ကြီး(၅)ဖွဲ့မှ ကိုယ်စားပြုပုဂ္ဂိုလ်(၅)ဦး စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ ရည်ညွှန်းချက် (၂) ရပ်ပါ အဆိုပါရှင်းလင်းစာပါ အချက်အလက်များကို မူရင်းထုတ်ပြန်ချက်နှင့်တကွ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

[info title="Info message" icon="info-circle"]
စာအမှတ် ။   ။ မအဘ/စီမံ/၅၉/၂၀၁၆(အစ-၅)။
ရက်စွဲ ။   ။ (၂၀၁၆)ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်။

သို့
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အဖွဲ့ခွဲများအားလုံး

အကြောင်းအရာ ။   နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVCard) ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေ ရှင်းလင်း တင်ပြခြင်း။

ရည်ညွှန်းချက် (၁) ။ (၂-၉-၂၀၁၆)ရက်စွဲပါ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ အစ္စလာမ်ဘာသာဝင်များသို့ အသိပေးအကြောင်းကြားစာ

ရည်ညွှန်းချက် (၂) ။ (၁၀-၁၂-၂၀၁၆)ရက်နေ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၌ ကျင်းပသော အစည်းအဝေး

  1. မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြာ Identity Card for National Verification (NV Card) ထုတ်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးရန်ရှိသဖြင့် ဆွေးနွေးမှုရလဒ်ထွက်ပေါ်လာပြီးမှသာ ၄င်းကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက် ကြပါရန် အစ္စလာမ်ဘာသာဝင်များသို့ ရည်ညွှန်းချက်(၁)ပါစာ ထုတ်ပြန်ခဲ့ပါသည်။

  2. အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး တာဝန်ရှိသူများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့ကို ရည်ညွှန်းချက်(၂)ပါ အစည်းအဝေး၌ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

  3. ၄င်းအစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်း ပြောကြားရာတွင် -
    • နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူများကို နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) များ ထုတ်ပေးခြင်းဖြစ်ကြောင်း၊
    • မြန်မာနိုင်ငံ၏ နယ်နိမိတ်ထိစပ်မှု သဘောသဘာဝအရ နှစ်နိုင်ငံလူမျိုးများ ရောထွေးနေမှုအပေါ် ဥပဒေအရ စိစစ်ဆဲကာလတွင် နိုင်ငံတွင်းနေထိုင်သူဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးခြင်းပင်ဖြစ်ကြောင်း၊
    • ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း၊
    • စိစစ်ဆဲကာလအတွက် ယာယီကိုင်ဆောင်ရခြင်းဖြစ်သော်ငြားလည်း သက်တမ်းကာလကို သတ်မှတ်၍ မထားကြောင်း ပြောကြားခဲ့ကြပါသည်။

  4. ၄င်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး တာဝန်ရှိသူများက ဆွေးနွေးရာတွင် -
    • နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားသူများကို NV Card ထုတ်ပေးခြင်းအားဖြင့် နောင်တွင် ၄င်းကတ်ပြားကိုင်ဆောင်ထားသူအားလုံးကို သိမ်းကျုံး၍ တရားမဝင် ဝင်ရောက်လာသူများဟု ထင်မှတ်ကာ ပြည်သူများအကြား စိတ်ဝမ်းကွဲစရာ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊
    • ယခင်ကလည်း နိုင်ငံသားစိစစ်ခြင်းကိစ္စကို အပြီးအပြတ် ဆောင်ရွက်ပေးခြင်း မပြုခဲ့ဘဲ ယာယီသက်သေခံကတ်ပြား (White Card) များကို ထုတ်ပေးခဲ့ခြင်းကြောင့် ပြည်သူများအကြား စိတ်ဝမ်းကွဲခဲ့ရပြီး အပြစ်မဲ့သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးခဲ့ရရုံမျှမက နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေကာ နိုင်ငံဖွံဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့သဖြင့် နိုင်ငံသား ပြည်သူအားလုံး နစ်နာဆုံးရှုံးမှုကြုံတွေ့ခဲ့ရပါကြောင်း၊ 
    • ထို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူများကို NV Card ထုတ်ပေးခြင်းမပြုဘဲ ကျောသားရင်သားမခွဲ တိတိကျကျ မှန်မှန်ကန်ကန် စိစစ်၍ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများကို ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရန် လိုအပ်ပါကြောင်း၊ 
    • ယခင် အစိုးရလက်ထက် မိုးပွင့်စီမံချက်ဖြင့်လည်းကောင်း၊ ယခု အစိုးရ လက်ထက် သစ္စာစီမံချက်ဖြင့် လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များကို ချန်လှပ်ထားခဲ့သည့်ကိစ္စနှင့် အစ္စလာမ်ဘာသာဝင်များ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် လည်းကောင်း၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းရာတွင် လည်းကောင်း၊ မွေးတိုးစာရင်း ရေးသွင်းရာတွင် လည်းကောင်း ကြန့်ကြာမှုနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပါသည်။

  5. အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားရာတွင် -
    • နိုင်ငံသား စိစစ်မှု ကြန့်ကြာမှုကြောင့် ပညာသင်ကြားရေးကိစ္စ အခက်အခဲရှိသူများကို ဦးစားပေး စိစစ်ပေးလျက်ရှိကြောင်း၊ 
    • နိုင်ငံသား စိစစ်ခြင်းကိစ္စ၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းသည့် ကိစ္စ၊ မွေးတိုး စာရင်းသွင်းသည့်ကိစ္စများကို တိကျမှန်ကန် မြန်ဆန်စေရန် ပြုပြင်ပြောင်းလဲ စီမံချက်ချဆောင်ရွက်နေကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

  6. သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် ပြည်သူများအကြား စိတ်ဝမ်းကွဲစရာဖြစ်ပေါ်လာစေနိုင်သည့် NV Card ထုတ်ပေးခြင်းကိစ္စနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများ ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော် အကြီးအကဲများနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်များသိရှိနိုင်ရန် အဖွဲ့ခွဲများမှတစ်ဆင့် ရှင်းလင်းတင်ပြပါသည်။
[/info] [4column][content] [/content][content] [/content][content] [/content][content] [/content][/4column]
မှတ်ချက် » အချက်အလက်များကို Tin Mg Than ဖေ့စ်ဘွက်မှ ရယူခြင်း ဖြစ်ပါသည်

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat