ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

နိုင်ငံတော်ဘတ်ဂျက်ငွေ (၃)ပုံ(၁)ပုံကျော်ကို ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆော်ဒီသုံးစွဲ


လာမယ့် (၂၀၁၇) ခုနှစ်မှာ ဆော်ဒီနိုင်ငံရဲ့ လျာထားဘတ်ဂျက်ရဲ့ (၃)ပုံ(၁)ပုံကျော်ကို အဓိကကဏ္ဍနှစ်ရပ်မှာ သုံးစွဲသွားဖို့ သတ်မှတ်ခဲ့ပါတယ်။

ပထမကဏ္ဍကတော့ ပညာရေးကဏ္ဍပဲ ဖြစ်တယ်။ ပညာရေးကဏ္ဍဟာ နိုင်ငံတော်ဘတ်ဂျက်ရဲ့ အများဆုံးခွဲတမ်းအဖြစ် ဆော်ဒီငွေကြေး ရိယာလ် (၂၀၀) ဘီလီယံ ရရှိခဲ့ပြီး၊ ဒုတိယကဏ္ဍဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရိယာလ် (၁၂၀) ဘီလီယံ ရရှိခဲ့ပါတယ်။

ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေအတွက် သုံးစွဲဖို့ သတ်မှတ်လျာထားတဲ့ ဘတ်ဂျက်ပမာဏဟာ လာမယ့် (၂၀၁၇) ခုနှစ် တစ်နှစ်လုံးအတွက် သတ်မှတ်ထားတဲ့ ဘတ်ဂျက် (၈၉၀) ဘီလီယံရဲ့ (၃၆%) ရှိနေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ဝန်ကြီးများ အစည်းအဝေးပွဲမှာ ဆော်ဒီနိုင်ငံဘုရင် စလ်မာန်းက လက်ရှိဘတ်ဂျက်ငွေဟာ အစိုးရအဖွဲ့တွေကြားမှာ ဘဏ္ဍာရေးစနစ်တိကျမှု၊ ပွင်းလင်းပြတ်သားမှုနဲ့ သစ္စာသမာဓိရှိမှုတို့ကို ဆက်လက်မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

(၂၀၁၇) ခုနှစ်ရဲ့ ဘတ်ဂျက်စီမံကိန်းဟာ နိုင်ငံတော်အသုံးစရိတ်ဖူလုံအောင် မြှင့်တင်ရေးကို ရည်ရွယ်ထားပြီး ဒီဘတ်ဂျက်ဟာ ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်ထက် (၆%) မြင့်တင်သွားတယ်လို့ ဘုရင်စာလ်မာန်းက အလေးအနက် ပြောကြားသွားခဲ့ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ လာမယ့် (၂၀၁၇) ခုနှစ်အတွက် သတ်မှတ်လိုက်တဲ့ ဘတ်ဂျတ်ငွေ ရိယာလ် (၈၉၀) ဘီလီယံကို အဓိကကဏ္ဍကြီး (၉) ခုမှာ ခွဲဝေသုံးစွဲမှာ ဖြစ်ပါတယ်။

အဲဒီ (၉) ခု မှာ ပညာရေးကဏ္ဍက ထိပ်ဆုံးကဖြစ်ပြီး (၂၀၀) ဘီလီယံ၊ စစ်ရေးအတွက်က (၁၉၀) ဘီလီယံ၊ ကျန်းမာရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၂၀) ဘီလီယံ၊ အထွေထွေစံမံကိန်းများအတွက် (၁၀၇) ဘီလီယံ၊ ငြိမ်းချမ်းရေးနဲ့ အစိုးရဌာနများအတွက် (၉၆.၆) ဘီလီယံ၊ အခြေခံပစ္စည်းကိရိယာများနဲ့ သယ်ယူပို့ဆောင်ရေးအတွက် (၅၂) ဘီလီယံ၊ မြူနီစပယ် ဝန်ဆောင်မှုအတွက် (၄၇.၉) ဘီလီယံ၊ စီးပွားရေးကဏ္ဍများအတွက် (၄၇.၂) ဘီလီယံ၊ အထွေထွေအုပ်ချုပ်ရေး အတွက် (၂၆.၇) ဘီလီယံ အသီးသီး ဖြစ်ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » العربية

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat