Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဒေါ်လာသန်း ၅၀၀ ကျော် အကုန်ကျခံပြီး ဝါဒဖြန့်ချိတဲ့ အမေရိကန်

[3column][content]

အမေရိကန်အစိုးရဟာ အလ်ကေဒါက ဝါဒဖြန့်သယောင်နဲ့ ဗီဒီယိုအတုတွေထုတ်လုပ်ဖို့ ဒေါ်လာ သန်းပေါင်း ၅၀၀ ကျော်လောက်အထိ အကုန်ကျခံ သုံးစွဲခဲ့ပါတယ်။

အီရတ်စစ်ပွဲကာလအတွင်း ပင်တဂွန်ဌာနချုပ်က ဗြိတိသျှအဖွဲ့အစည်းတစ်ခုကို ဝါဒဖြန့် ဗွီဒီယိုအတုတွေ ထုတ်လုပ်ပေးဖို့ ဌားရမ်းခဲ့ပြီး အဆိုပါ ဗွီဒီယိုတွေမှာ ကြည့်ရှုသူတွေရဲ့ တည်နေရာကို အာရုံခံတဲ့စနစ်တွေ ထည့်သွင်းခဲ့ပါတယ်။

ပြည်သူ/လူထု ဆက်ဆံရေးအဖွဲ့အစည်းတစ်ခုရဲ့ ကန်ထရိုက်ကားမောင်းသူတစ်ယောက်ဟာ ပင်တဂွန်က အလ်ကေဒါကို သိက္ခာချ သရုပ်ဖျက် အနှုတ်လက္ခဏာဘက်ရောင်အောင် ဖော်ဆောင်တဲ့ဘက်ကနေ ဝါဒဖြန့်ဖို့ ဗီဒီယိုအတုများ ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုတွေ ထုတ်လုပ်ဖြန့်ချိဖို့ ဒေါ်လာ သန်းပေါင်း (၅၀၀) ကျော် သုံးစွဲခဲ့ရပါတယ်လို့လည်း သူက ပြောပါတယ်။

အီရတ်စစ်ပွဲကာလ အထွက်အထိပ် (သို့မဟုတ်) အပြင်းထန်ဆုံးအချိန်မှာ Bell Pottinger အဖွဲ့အစည်းက ထိပ်တန်းအမေရိကန်စစ်ဖက် အစိုးရတွေနဲ့ ဘဂ်ဒတ်မြို့က Victory စခန်းမှာ အခြေချ လုပ်ဆောင်ခဲ့တယ်လို့ သတင်းစုံစမ်းဖော်ထုတ်ရေး အဖွဲ့အစည်းတစ်ခုက ဖော်ထုတ်ခဲ့ပါတယ်။

[/content][content]

ဘက်မလိုက်တဲ့ အလ်ဂျဇီးရားကဲ့သို့သော အာရဗစ်သတင်းဌာနတွေရဲ့ပုံစံနဲ့ တီဗွီအစီအစဉ်များ တင်ဆက်ခဲ့ပြီး သောင်းကျန်း/အကြမ်းဖက်သူတွေရဲ့ ဗုံးခွဲအကြမ်းဖက်မှု ဗီဒီယိုအတုတွေကို ဝင်ရောက်ကြည့်ရှုသူတွေအား အမေရိကန်အစိုးရက ခြေရာခံစောင့်ကြည့်ထောက်လှမ်းခဲ့ပါတယ်။

Bell Pottinger အဖွဲ့အစည်းဟာ ၂၀၀၄ ခုနှစ်အတွင်း အီရတ်ယာယီအစိုးရရဲ့ ရွေးကောက်ပွဲကို အားဖြည့်ပေးဖို့ ခန့်အပ်ခံခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်၊ မေလ မှ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ကန်ဒေါ်လာသန်း (၅၄၀) လောက် လက်ခံရရှိခဲ့ပြီး၊ ၂၀၀၆ ခုနှစ် တစ်နှစ်တည်းအတွင်းမှာပဲ အမေရိကန်တွေဆီက ဒေါ်လာသန်းပေါင်း ၁၂၀ လောက် လက်ခံရရှိခဲ့ပါတယ်။

Bell Pottinger ရဲ့ ဥက္ကဌ Lord Tim Bell က အမေရိကန်အစိုးရနဲ့ သူတို့အဖွဲ့အစည်းတွေကြားထဲမှာ အပေးအယူ စာချုပ်စာတမ်းတွေ ရှိတယ်ဆိုတဲ့ Sunday Times ရဲ့ သတင်းတွေကို ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

[/content][content]

ပင်တဂွန်ကလည်း အတည်ပြုပေးခဲ့ပြီး မိမိတို့ရဲ့ သတင်းအချက်အလက်တပ်ဖွဲ့နဲ့ Bell Pottinger အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဖြန့်ချိခဲ့သမျှအရာတွေက အမှန်တွေပဲလို့ ပြောခဲ့ပါတယ်။

သို့သော်လည်း Bell Pottinger နဲ့ သတင်းတပ်ဖွဲ့တို့အတွက် အလုပ်လုပ်ပေးခဲ့တဲ့ ဗွီဒီယိုသတင်း အယ်ဒီတာ Martin Wells ကတော့ အလ်ကေဒါ ဝါဒဖြန့်ချိမှု ဗွီဒီယိုအတုတွေ ထုတ်လုပ်ဖို့ အထူးလမ်းညွှန်ချက်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလ်ကေဒါရဲ့ ဗွီဒီယိုပုံစံမျိုးဖြစ်အောင် အလ်ကေဒါ ဗွီဒီယိုပုံရိပ်အချို့ကို အသုံးပြုခဲ့ရပါတယ်လို့ Martin Wells က စုံစမ်းစစ်ဆေးရေးဖွဲ့ကို ပြောပြခဲ့ပါတယ်။

ဗွီဒီယိုကြာမြင့်ချိန် (၁၀) မိနစ်ဖြစ်အောင် လုပ်ပေးရပါတယ်။ လိုချင်တဲ့ format ဖြစ်အောင်လည်း ကျနော်တို့ဘက်က အဆင့်ဆင့် ပြောင်းလဲခဲ့ပေးရပါသေးတယ်လို့ ၎င်းက ဖွင့်ဟသွားခဲ့ပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Independent
[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat