၂၀၁၆ ခုနှစ် အစောပိုင်းကတည်းက ရွှေ့ပြောင်းဒုက္ခသည်ပေါင်း (၅၀၀၀) ကျော်လောက်ဟာ မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားရင်း အသက်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။
လွန်ခဲ့တဲ့ ကြာသပတေးနေ့တုန်းကလည်း နောက်ထပ် လူပေါင်း (၁၀၀) နစ်မြုပ်ခဲ့တဲ့ တုန်လှုပ်ဖွယ်အဖြစ်အပျက်ကြီးနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးရဲ့ လက်အောက်ခံအဖွဲ့ကြီးဖြစ်တဲ့ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ ဝီလ်ယံစပလင်ဒလာ ပြောပြတာကတော့ အီတလီကမ်းခြေစောင့်တပ်ဟာ မြေထဲပင်လယ်ရဲ့ တကယ့်အလယ်ဗဟိုနေရာမှာ ကြာသတေးနေ့က နစ်မြုပ်သွားခဲ့တဲ့ လူပေါင်း (၁၀၀) လောက်ကို ကယ်တင်ရတဲ့ ကယ်တင်မှုပေါင်း (၄) ကြိမ်တိုင် လုပ်ဆောင်ခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်မှာ ရေနစ်သေဆုံးသူပေါင်း (၃၇၇၁) ဦး ရှိခဲ့ပေမဲ့ ဒီ ၂၀၁၆ ခုနှစ်မှာတော့ သေဆုံးသူဦးရေဟာ ယခင်နှစ်ထက် ပိုတိုးပွားခဲ့ပြီး သေဆုံးသူပေါင်း (၅၀၀၀) ကျော် အရေအတွက်ထိ မြင့်တက်လာတာဟာ အလွန်ပဲ ဝမ်းနည်းကြေကွဲစရာ ကောင်းတယ်လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ဒါဟာဆိုရင် ၂၀၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်ခဲ့တဲ့ (အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့ရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ) သုံးသိန်းခြောက်သောင်းပမာဏရှိတဲ့ လူဦးရေပမာဏမှာ လူဦးရေ ၅၀၀၀ ကျော် နစ်မြုပ်သေဆုံးခြင်းဟာ ၂၀၁၅ ခုနှစ်အတွင်း (ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ထုတ်ပြန်ချက်အရ) ရွှေ့ပြောင်းသူ သန်းချီရှိတဲ့ဦးရေနဲ့စာရင် အလွန်မှကို များပြားတဲ့အရေအတွက် ဖြစ်လာပါတယ်။
[/content][content]
အခုလို သေဆုံးသူဦးရေ ပိုများလာရတဲ့ အကြောင်းရင်းပေါင်း များစွာ ရှိနေပါတယ်။
ဒါတွေဟာ လူမှောင်ခိုကူးဂိုဏ်းတွေရဲ့ အိုဟောင်းပျက်စီးစဖြစ်နေတဲ့ အညံ့စား လှေတွေ၊ သင်္ဘောတွေကို အသုံးပြုကြခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနဲ့ အာဏာပိုင်တွေ ဖမ်းလို့မမိအောင် ရှောင်တိမ်းဖို့အတွက် မှောင်ခိုသမားတွေရဲ့ စနစ်မကျတဲ့ နည်းဗျူဟာလမ်းညွှန်ကို အသုံးပြု မောင်းနှင်ကြခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်လို့ ၄င်းက ဆက်လက်ပြောကြားသွားပါတယ်။
နမူနာအနေနဲ့ မှောင်ခိုသမားတွေဟာ တစ်ချိန်တည်းမှာပဲ လှေအစီးပေါင်းစွာကို တပြိုင်တည်း လွှတ်လိုက်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ရတဲ့နေရာမှာ အလွန်မှ ဒုက္ခအခက်အခဲ ဖြစ်စေပါတယ်။
အဲဒီလိုပါပဲ လစ်ဗျားနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ခိုလှုံသူတွေဟာ ရာသီဥတုဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာတဲ့အပေါ် ဥရောပဘက်ကို မသိမသာ ပြောင်းရွှေ့နေကြတဲ့ ပမာဏဟာ တော်တော်လေးကို များပြားခဲ့ပါတယ်။
© အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة
ဓာတ်ပုံ » قناة الجزيرة
[/content][/2column]
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။