ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အစ္စရေး၏ ကျူးကျော်နေရာယူမှု တားဆီးရေးမူကြမ်းကို အနိုင်မဲဖြင့် ကုလသ အတည်ပြုပြဌာန်း

ပါလက်စ်တိုင်းတို့ရဲ့ ပိုက်နက်မှာ အစ္စရေးတွေကျူးကျော်နေရာယူမှုကို ရပ်ပစ်ဖို့ တောင်းဆိုထားတဲ့ မူကြမ်းကို သောကြာနေ့ညနေက လုံခြုံရေးကောင်စီက အတည်ပြုပေးလိုက်ပါတယ်။

အဆိုပါ အတည်ပြုချက်ကို ပါလက်စ်တိုင်းတို့က အစ္စရေးရဲ့ ကျူးကျော်နိုင်ငံရေးအရှိုက်ကို ထိမှန်စေတဲ့ ရိုက်ချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

(၁၅) မဲမှာ (၁၄) နိုင်ငံက မဲပေးခဲ့ပြီး အမေရိကန်နိုင်ငံတစ်ခုတည်းက မဲမပေးဘဲ ကြားနေခဲ့တဲ့အတွက် ဒီမူကြမ်းဟာ အတည်ဖြစ်သွားခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို လုံခြုံရေးကောင်စီမှာ နယူးဇီလန်၊ မလေးရှား၊ ဗင်နီဇွဲလားနဲ့ ဆီနီဂေါနိုင်ငံတို့က ပူးပေါင်းပြီး ဦးဆောင်တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမူကြမ်းဟာ မကြာသေးမီက ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးတို့က အတည်မပြုဖို့ ဖိအားပေးမှုကြောင့် အီဂျစ်နိုင်ငံဟာ တင်သွင်းပြီးမှ ဆိုင်းငံ့ခဲ့ခြင်း ဖြစ်ပါတယ်။

သမ္မတသစ်ထရမ့် တောင်းဆိုနေတဲ့ကြားက ဗီတိုအာဏာကို မသုံးဘူးလို့ လက်ရှိအမေရိကန် အစိုးရအဖွဲ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

အဆိုပါမူကြမ်းအရ အရှေ့ဂျေရုစလင်အပါအဝင် (၁၉၆၇) ခုနှစ် သဘောတူသတ်မှတ်ချက်အရ ပါလက်စ်တိုင်းပိုင်နက်က အစ္စရေးတို့ရဲ့ ကျူးကျော်အိမ်ရာတွေဟာ တရားမဝင် ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။

ဒီလို ပိုင်နက်ကျူးလွန်မှုဟာ နိုင်ငံတကာ ဥပဒေကို မထီလေးစား ပြုရာကျသလို မျှတသော နှစ်နိုင်ငံကြားက ငြိမ်းချမ်းရေးလမ်းကြောင်းမှာလည်း ကျွန်းခံစေတယ်လို့ နိုင်ငံတကာက မှတ်ယူထားကြပါတယ်။

အဆိုပါ မူကြမ်းမှာ ပါလက်စ်တိုင်းတို့ရဲ့ ပိုင်နက်အတွင်း ဆောက်လုပ်ထားတဲ့ အစ္စရေးတို့ရဲ့ ကျူးကျော်မှုကို ချက်ချင်းရပ်ပစ်ဖို့ အမိန့်ပေးထားပါတယ်။

ဒါ့ပြင် (၁၉၆၇) က သတ်မှတ်ခဲ့တဲ့ နယ်မြေပိုင်းခြားမှုမှာ ဘယ်လိုအပြောင်းအလဲမျိုးမဆို နှစ်ဦးသဘောတူညီမှသာ လက်ခံအတည်ပြုမှာ ဖြစ်တယ်လို့လည်း အဆိုပါ ဥပေဒက အတိအလင်း ဆိုထားပါတယ်။

ဒါတင်မက (၁၉၆၇) မှာ ကျူးကျော်သိမ်းပိုက်ခံရတဲ့ ပါလက်စ်တိုင်းပိုင်နက်နဲ့ အစ္စရေးပိုက်နက်တို့ဟာ ကွဲကွဲပြားပြား သတ်မှတ်ထားပြီးသား ဖြစ်တယ်လို့လည်း အဆိုပါ ဥပဒေက အတည်ပြုထားပါတယ်။

အစ္စရေးကျူးကျော်ရေးပေါ်လစီအရှိုက်ကို ထိမှန်ခဲ့တဲ့ရိုက်ချက်

ပဏာမသုံးသပ်မှုအရ လုံခြုံရေးကောင်စီရဲ့ အဆိုပါ ဥပဒေဟာ အစ္စရေးတို့အတွက် အရှိုက်ထိသွားစေတဲ့ ရိုက်ချက် ဖြစ်တယ်လို့ ပါလက်စ်တိုင်း အုပ်ချုပ်ရေးဘက်က မှတ်ယူကြပါတယ်။

ပါလက်စ်တိုင်း အုပ်ချုပ်ရေးပြောရေးဆိုခွင့်ရှိသူ နဗီလ်အဗူရဒီနဟ်က ပြင်သစ်သတင်းစာ တစ်စောင်ကို အခုလို ပြောကြားခဲ့ပါတယ်။

“ လုံခြုံရေးကောင်စီရဲ့ အဆိုပါဥပဒေအတည်ပြုချက်ဟာ အစ္စရေးတို့အတွက်တော့ ပြင်းထန်တဲ့ ရိုက်ချက်တစ်ခု ဖြစ်စေပါတယ်။ ၄င်းတို့ရဲ့ ကျူးကျော်မှုကို နိုင်ငံတကာက ပူးပေါင်းပြီး ပြစ်ဒဏ်ခတ် ရှုတ်ချလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံကြားပြသနာကို အကောင်းဆုံး ထိရောက်အောင် ဖြေရှင်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ”

အဆိုပါ ဥပဒေအတည်ပြုချက်ဟာ (၁၉၆၇) က အရှေ့ဂျေရုစလင်ကို မြို့တော်ထားပြီး နယ်မြေကန့်သတ်ထူထောင်ခြင်းပေါ် အခြေခံကာ နှစ်နိုင်ငံကြားပြသနာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ မဟ်မူဒ်အဗ္ဗာစ်အစိုးရကို ကူညီပံ့ပိုးပေးလိုက်ခြင်းနဲ့ အမြဲတမ်းငြိမ်းချမ်းမှုဆီကို ရောက်ရှိအောင် ပိုက်နက်သတ်မှတ်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

နောက်တစ်ဖက်မှာ ပါလက်စ်တိုင်းလွတ်မြောက်ရေးအဖွဲ့ရဲ့ လက်ထောက် ပစွာအိဗ်အရီကာသ်က အခုလိုပြောပါတယ်။

“ ဒီဇင်ဘာ (၂၃) ရက်နေ့ဟာ သမိုင်းမော်ကွန်းဝင်မဲ့နေ့၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာပဋိညာဉ်တို့ရဲ့ အောင်နိုင်မှုလို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့်ကတော့ ကျူးကျော်နယ်လုခြင်းဆိုတာ တရားမဝင်၊ အပယ်ခံ ဖြစ်ကိုဖြစ်စေရမယ်လို့ သတ်မှတ်ခံရတဲ့နေ့လည်း ဖြစ်ပါတယ်။ ”

အမေရိကန်ရဲ့ ရပ်တည်ချက်

လုံခြုံရေးကောင်စီရဲ့ အမေရိကန် ကိုယ်စားလှယ် စာမင်စာဘာဝါကတော့ အခုလို ပြောကြားသွားခဲ့ပါတယ်။

“ အမေရိကန်ပြည်ထောင်စုဟာ အဲ့ဒီမူကြမ်းအတည်ပြုရေးကို ဆန့်ကျင်ပြီး ကဖျက်ယဖျက်လုပ်ဖို့ ဗီတိုကို အသုံးမချခဲ့ပါဘူး။ အကြောင်းကတော့ ဒီကိစ္စဟာ ကမ္ဘာကို အမှန်တရားထင်ဟပ်နေပြီး အမေရိကန်နိုင်ငံရေး ရပ်တည်ချက်နဲ့လည်း ကိုက်ညီပါတယ်။ ”

ဆက်လက်ပြီး နယ်မြေကျူးကျော်မယ်ဆိုရင် အစ္စရေးရဲ့ လုံခြုံမှုကို အန္တရာယ် ဖြစ်လာစေနိုင်တယ်လို့လည်း သူမက ပြောကြားသွားပါတယ်။

အဆိုပါမူကြမ်းကို အတည်ပြုပြီးနောက် ဘာဝါက အခုလိုပြောခဲ့ပါတယ်။

“ နယ်မြေကျူးကျော်မှုကို ရပ်ရမယ်လို့ နှစ် (၅၀) လောက်ကတည်းက အမေရိကန်ပြည်ထောင်စုဟာ ပေါ်ပေါ်လွင်လွင်ရော၊ လျှို့ဝှက်စွာရော စာရေးသားပြီး ပေးပို့ခဲ့ပါတယ်။ ”

သူမက အခုလိုလည်း ဆက်ပြီး ပြောပါတယ်။

“ လူတစ်ယောက်အတွက် နှစ်ဖက်အားပြိုင်လွန်ဆွဲမှုကို အဆုံးသတ်စေဖို့ဆိုရင် တစ်ဖက်ကနေ သေချာပေါက် ရပ်တည်ရပါလိမ့်မယ်။ နှစ်နိုင်ငံပြသနာကို ဖြေရှင်းရေးမှာလည်း နိုင်ငံတစ်ခုရဲ့ ရပ်တည်မှုကို အကာအကွယ်ပေးမယ်ဆိုရင်တော့ သူဟာ အစ္စရေးရဲ့ နယ်မြေကျူးကျော်မှုဆိုတဲ့ဘက်မှာ တွယ်ကပ်ပြီး ရပ်တည်ပေးလို့ မရတော့ပါဘူး။ ”

© အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat