ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ရိုမေးနီးယားရဲ့ ဝန်ကြီးချုပ်ဖြစ်လာမည့် ပထမဆုံးသော မွတ်စလင်မ်အမျိုးသမီး

ရိုမေးနီးယားနိုင်ငံရဲ့ အကြီးဆုံးသော နိုင်ငံရေးပါတီတစ်ခုဟာ သူတို့နိုင်ငံရဲ့ လူနည်းစုဝင် မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
[2column][content]
ရိုမေနီးယားသမ္မတနဲ့ လွှတ်တော်က အတည်ပြုပေးပြီးသွားရင် သူမဟာဝန်ကြီးချုပ်ရာထူးကို လက်ခံတာဝန်ယူရမဲ့ ပထမဦးဆုံးသော မွတ်စ်လင်မ်အမျိုးသမီး ဖြစ်လာတော့မှာပါ။

ဒီဇင်ဘာ (၁၁) ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက မဲအရေအတွက် (၄၅) ရာခိုင်နှုန်းထက်ပိုပြီး အနိုင်ရခဲ့ပါတယ်။ မဟာမိတ်ပါတီငယ်ဖြစ်တဲ့ ဒီမိုကရက်တစ်တပ်ပေါင်းစုနဲ့ ပူးပေါင်းထားတဲ့အတွက်ကြောင့် ပါလီမန်ထဲမှာ ချုပ်ကိုင်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

သာမန်အားဖြင့်တော့ မဲအများစုအနိုင်ရရှိတဲ့ ပါတီရဲ့ခေါင်းဆောင်ဟာ နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ဝန်ကြီးချုပ်ရာထူးကို အလိုအလျောက် ရရှိမှာဖြစ်ပေမဲ့ ယခုရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင် Liviu Dragnea ဟာ ပြီးခဲ့တဲ့ ဧပရယ်လကမှ မဲမသမာမှုတွေကြောင့် (၂) နှစ် ဆိုင်းငံ့ပစ်ဒဏ် ပေးခံထားရပါတယ်။

ရိုမေးနီးယားသမ္မတ Klaus Iohannis က နိုင်ငံရဲ့ဝန်ကြီးချုပ်ဟာ ပြစ်မှုကင်းစင်တဲ့သူ သို့မဟုတ် ပြစ်မှုများကြောင့် စစ်ဆေးခံနေရတဲ့သူမျိုး မဖြစ်သင့်ဘူးလို့ ဆိုလာပါတယ်။

ဒါကြောင့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီဟာ အသက် (၅၂) နှစ်ရှိပြီးဖြစ်တဲ့ စီဗီလ်ရှဟီဒါ (Sevil Shhaideh) ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
[/content][content]
သူမဟာ လူသိနည်းပေမဲ့ ယခင်ဒီမိုကရက်တစ်အစိုးရလက်ထက်မှာ ဒေသဆိုင်ရာဖွံ့ဖြိုးရေး ဝန်ကြီးအဖြစ် (၆) လကြာတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အံ့အားသင့်စရာ ရွေးချယ်မှုလို့ Babes-Bolyai တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Sergiu Miscoiu က ပြောပါတယ်။

ပါတီခေါင်းဆောင် Dragnea ရဲ့ လွှမ်းမိုးမှုရှိတဲ့လူ သို့မဟုတ် ပါတီအထက်ပိုင်းက လူတစ်ယောက်ကို လူတွေက မျှော်လင့်နေကြတာပါလို့ ဆိုပါတယ်။

ရှဟီဒါ အား ရွေးချယ်လိုက်တာကို ကြည့်ချင်းအားဖြင့် Dragnea ဟာ အဆိုးရအဖွဲ့ကို သွယ်ဝိုက်ချုပ်ကိုင်သွားဖွယ်ရှိနေပြီး သမ္မတကလည်း သူတို့အဆိုတင်သွင်းတဲ့ ဝန်ကြီးချုပ်ကို ငြင်းပယ်ရာ အကြောင်းမရှိပါဘူး။

အဆိုပါရွေးချယ်မှုဟာ ရွေးကောက်ပွဲကာလအတွင်း ခေါင်းထောင်လာတဲ့ အမျိုးသားရေးအစွန်းရောက်တွေကို တုန့်ပြန်တာမျိုး ဖြစ်နိုင်တယ်လို့လည်း ပါမောက္ခက ဆိုပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Independent
[/content][/2column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat