အစ္စရေးကျူးကျော်အိမ်ရာ ဆောက်လုပ်မှု ရပ်တန့်ရေး မူကြမ်းအပေါ် ဗီတိုအာဏာအသုံးမပြုသည့်အတွက် အမေရိကန်ကို အစ္စရေး အမျက်ထွက်
[2column][content]အိုဘားမား အစိုးရအနေနဲ့ ကုလလုံခြုံရေးကောင်စီမှာ အစ္စရေးတွေ မလိုလားတဲ့ ဆန့်ကျင်ဘက်မူကြမ်းအတွက် ဗီတိုအာဏာအသုံးမပြုခဲ့ခြင်းအပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အမျက်ဒေါသတစ်ချောင်းချောင်း ထွက်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ခြင်းနဲ့ ဒီမူကြမ်းကို အတည်ပြုမှုဟာ အမေရိကန်သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ရဲ့ နောက်ကွယ်က လက်ချက်လို့ စွပ်စွဲလိုက်ပါတယ်။
“ သူတို့တွေဟာ ဒီမူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ဒီကိစ္စနောက်ကိုပဲ သဲသဲမဲမဲ လိုက်နေခဲ့ကြတယ်။ နောက်ဆုံး အတည်ပါပြုလိုက်ကြတယ် ” လို့ နေတန်ယာဟုက စွပ်စွဲလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ ခရစ်စမတ်ပွဲတော်ရှိနေပါလျှက် အစ္စရေးဝန်ကြီးချုပ်က အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Daniel Sgapiro ကို ခေါ်ယူပြီး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာမသုံးခဲ့မှုနဲ့ မဲပေးရာမှာ ဝင်မပါမှုတို့အပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။[/content][content]
ဒါတင်မကသေးပါဘူး။ အဆိုပါမူကြမ်းကို ထောက်ခံမဲပေးခဲ့ကြတဲ့ (၁၄) နိုင်ငံအနက်က (၁၀) နိုင်ငံ ရဲ့သံအမတ်တွေကိုလည်း ခေါ်ယူပြီး အဆိုပါမူကြမ်းအတွက် ထောက်ခံမဲပေးရကောင်းလားလို့ ဆူပူကြိမ်းမောင်းခဲ့ပါသေးတယ်။ ၎င်းခေါ်ယူပြောဆိုခဲ့တဲ့ နိုင်ငံ(၁၀) ခုကတော့ ဗြိတိန်၊ တရုတ်၊ ရရှား၊ ပြင်သစ်၊ အီဂျစ်၊ ဂျပန်၊ အုရုဂွေး၊ စပိန်၊ ယူကရိန်းနဲ့ နယူဇီလန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာ (၂၃) ရက်၊ သောကြာနေ့က ပါလတ်စ်တိုင်းနယ်မြေပိုက်နက်အား ဂျူးအခြေချရပ်ကွက်များအဖြစ် ကျူးကျော်ဆောက်လုပ်မှုများ ရပ်တန့်ရေးမူကြမ်းကို လုံခြုံရေးကောင်စီမှာ မဲအသာစီးနဲ့ အတည်ပြုလိုက်ပါပြီ။
အဆိုပါ မူကြမ်းထဲမှာ အစ္စရေးကျူးကျော်အိမ်ရာတွေ ဆောက်လုပ်မှုကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။
အဆိုပါ မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချမပေးခဲ့တဲ့အတွက် အစ္စရေးဟာ ဒေါသအမျက်ချောင်းချောင်း ထွက်နေခဲ့တာ ဖြစ်ပါတယ်။
© အလင်းမျက်ဝန်း
ကိုးကား » GEO TV
[/content][/2column]
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။