ဆော်ဒီနိုင်ငံ ဂျစ်ဒဟ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံတကာ မဟာစာပေပွဲတော်ကြီးဟာ တနင်္လာနေ့ (ယနေ့) ညနေမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။
တက်ရောက်ကြည့်ရှုသူပေါင်း လေးသိန်းလောက်ရှိခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံများ၊ အရဗ်နိုင်ငံများ၊ အစ္စလာမ့်နိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံပေါင်း ၃၀ ကို ကိုယ်စားပြုပြီး စာပေတိုက်ပေါင်း ၄၅၀ က စာရင်းဝင် ပြသခဲ့ပါတယ်။
ဆော်ဒီသတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါမဟာပွဲတော်ကြီးကို ကျင်းပနိုင်ဖို့ စတုရန်းမီတာ နှစ်သောင်းနှစ်ထောင်လောက်ရှိတဲ့ မြေနေရာကို ငှားရမ်းခဲ့ရတယ်လို့ သိရပါတယ်။
သန်းပေါင်းများစွာသော စာအုပ်စာပေကျမ်းဂန်များ ပါဝင်ခဲ့ပြီး ပညာရေးနယ်ပယ်အသီးသီးမှ အကြောင်းအရာပေါင်း ငါးသိန်းလောက် ပါဝင်ခဲ့ပါတယ်။
စာရေးသူပေါင်း ၂၃၀ လောက်က မိမိတို့ရေးသားပြုစုထားတဲ့ စာအုပ်တွေအပေါ်မှာ အမှတ်တရ လက်မှတ်တွေကို ရေးထိုးပေးခဲ့ကြပါတယ်။
အဆိုပါပွဲတော်ကြီးမှာ ယဉ်ကျေးမှုအစီအစဉ်များအဖြစ် ယဉ်ကျေးမှု၊ အနုပညာ၊ အသိပညာပေး၊ ကဗျာဆရာတွေနဲ့ စာအုပ်တွေရဲ့ သင်္ကေတအုပ်စုများအဖြစ် အထူးအစီအစဉ်များကိုလည်း ထည့်သွင်းခဲ့ပါတယ်။
[/content][content]
ဒါ့အပြင် အတွေးအခေါ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု၊ ဗဟုသုတပိုင်းဆိုင်ရာလှုပ်ရှားမှု၊ အနုပညာနဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုအလေးထားမှုတစ်ခုအဖြစ် ပန်းစီ၊ ပန်းပုစတဲ့ အနုသုခုမပညာရပ်၊ အမျိုးသမီး၊ ကလေး၊ ပြဇာတ်စတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးမျိုးရှိတဲ့ကဏ္ဍတွေကိုလည်း ထည့်သွင်းတင်ဆက်ခဲ့ပါသေးတယ်။
ပြပွဲမှာ စာပေဟောပြောပွဲများ၊ အနုပညာဆိုင်ရာ အစီအစဉ်များ၊ အနုပညာ၊ ဖြန့်ချိရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း စီစဉ်တင်ဆက်ခဲ့ပါတယ်။
ပြပွဲလေ့လာသူများအတွက် စာအုပ်တွေရဲ့ အကြောင်းအရာများကို လွယ်လွယ်ကူကူ ရှာဖွေနိုင်အောင် ခန်းမကြီးအတွင်းမှာ ကွန်ပျုတာပေါင်း ၁၀၀ ထားရှိပေးခဲ့ပါတယ်။
ဖြန့်ချိရေးစာအုပ်တိုက်တွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့အတွက်လည်း လမ်းပြမြေပုံများကို မျက်နှာမူရာ နေရာတိုင်းမှာ ထားရှိပေးထားပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံသာမက ပြည်ပနိုင်ငံများကပါ ဤပြပွဲကို လာရောက်လေ့လာကြည့်ရှုသူ အမြောက်အမြားအနေနဲ့ ခန်းမကြီးအတွင်းသို့ တစ်ချိန်တည်း လွယ်ကူစွာ ဝင်ရောက်လေ့လာနိုင်ဖို့ ဝင်ပေါက်ကြီး (၆) ခုကိုလည်း ကျယ်ဝန်းစွာ စီစဉ်ခဲ့ပါတယ်။
© အလင်းမျက်ဝန်း
ကိုးကား » سكاي نيوز عربية
[/content][/2column]
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။