Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဘူရာက်တံတိုင်းကြီးဟာ ဂျူးပိုင်တာ မဟုတ်ဘူးလို့ အက္ကစွာဗလီဆရာကြီး တုန့်ပြန်

Buraq Wall (ဘူရာက်တံတိုင်းကြီး) ကို မွတ်စ်လင်မ်တွေသာ ပိုင်ဆိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ်အား အက္ကစွာကျောင်းတော်ကြီးရဲ့ အိမာမ် (ဗလီဆရာကြီး) တုန့်ပြန်

မြင့်မြတ်တဲ့ ဘူရာက်တံတိုင်းကြီးဟာ မတရားသိမ်းပိုက်နယ်မြေ မဟုတ်ရပါဘူးလို့ ပြောဆိုခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို မတ်စ်ဂျိဒိအက္ကစွာ ကျောင်းတော်ကြီးရဲ့ အိမာမ်ဖြစ်သူ အိက်ရိမဟ်ဆွဗ်ရီ က ပယ်ချလိုက်ပါတယ်။
[3column][content]
ရှိခ် အိက်ရိမဟ်ဆွဗ်ရီ က AA (Anadolu Agency) သတင်းအေဂျင်စီ ကို အခုလို ပြောကြားခဲ့ပါတယ်။

“ ဘူရာက်တံတိုင်း ( တမန်တော်မြတ် ﷺ ၏ မိအ်ရာဂ်ျ ခရီးစဉ်အတွင်း စီးတော်ယာဉ် ဘူရာက်ကို ချီနှောင်ထားခဲ့သော တံတိုင်းနံရံ ) ဟာ မြင့်မြတ်တဲ့ အက္ကစွာကျောင်းတော်ကြီးရဲ့ အနောက်ဘက်က တံတိုင်းအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲ့ဒီနေရာကို မွတ်စ်လင်မ်တွေ လက်လွှတ်ဆုံးရှုံးခံဖို့ မဖြစ်နိုင်ပါဘူး ”

“ ကုလသမဂ္ဂအဖွဲ့ကြီးမပေါ်ပေါက်ခင် (The League of Nations အဖွဲ့ကြီးအချိန်) ၁၉၃၀ ခုနှစ်ကတည်းက buraq wall ဟာ မွတ်စ်လင်မ်တွေသာ ပိုင်ဆိုင်ပြီး ဂျူးတွေနဲ့ မသက်ဆိုင်ဘူးလို့ အတည်ပြုခဲ့ပြီးသား ဖြစ်ပါတယ် ” လို့ ရှိခ်က ညွှန်းဆိုသွားခဲ့ပါတယ်။

ရှိခ်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။

“ ဒီနံရံဟာ ဂျူးတွေက မတရားသိမ်းထားတာ မဟုတ်ပါဘူးလို့ဆိုတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့စကားဟာ မမှန်ကန်တဲ့ မုသားစကားပါ။ ဒါဟာ အမှန်တရားကို မျက်ကွယ်ပြုပြီး မောက်မာ အံတုခြင်းသာ ဖြစ်ပါတယ်။ နေမင်းကြီးကို ဆန်ကာနဲ့ ကားလို့ရရိုးထုံးစံ မရှိပါဘူး။ ”
[/content][content]
ကုလသမဂ္ဂက နောက်ဆုံးအတည်ပြုလိုက်တဲ့ အစ္စရေး ကျူးကျော်အိမ်ရာ စီမံကိန်းများ ရပ်တန့်ရေးမူကြမ်းကို အစ္စရေးဝန်ကြီးချုပ်က ရှုတ်ချခဲ့ပြီး ဘူရာက်နံရံဟာ မတရားကျူးကျော်ထားတာ မဟုတ်ရပါဘူး။ မြို့တော်ဟောင်းမှာရှိတဲ့ ဂျူးရပ်ကွက်တွေရော၊ အခြားနေရာက အိမ်ရာတွေရော အားလုံးဟာ မတရားသိမ်းပိုက်ထားတဲ့ နယ်မြေတွေ မဟုတ်ရပါဘူးလို့ မနေ့ညနေက ပြောကြားသွားခဲ့ပါတယ်။ အဆိုပါစကားတွေက ဝန်ကြီးချုပ် နေတန်ယာဟုက ဂျူးပွဲတော် (ဟာနူးကာ) အတွက် ဘူရားက်နံရံပေါ်မှာ မီးထွန်းညှိစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဘူရာက်နံရံကို ဂျူးတွေက ဟာအိသွလ် မမ်ကီ (ငိုကြွေးရသောနံရံ) လို့ ခေါ်ဝေါ်ကြပြီး နေ့စဉ် ဒီနေရာမှာ ဝတ်ပြုဖို့ ဂျူးလူမျိုး ထောင်နဲ့ချီပြီး လာရောက်လေ့ ရှိပါတယ်။

အခြားတစ်ဖက်မှာတော့ ရှိခ် အိက်ရိမဟ် က “ နေတန်ယာဟုရဲ့ စကားထဲက ဂျူးရွာဆိုတာဟာ ဟာရသွရှ်ရှရစ်ဖ်ရွာကို ဆိုလိုသွားတာပါ။ အဲ့ဒီရွာဟာ အရှေ့ဂျေရုစလင်မ်ကို အစ္စရေးတွေ ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ (၁၉၆၇) ခုနှစ် မတိုင်မီအရင်ကတည်းက တည်ရှိနေပြီးသား ရွာဖြစ်ပါတယ်။ ” လို့ ဖြေရှင်းခဲ့ပါတယ်။

“ မောက်မာပလွှားမှုအင်အားဟာ ဂျူးတွေရဲ့ ကြွေးကြော်မှုတွေအတိုင်း အခွင့်အရေးရအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး ” လို့ ရှိခ်က ဆက်ပြောခဲ့ပါတယ်။
[/content][content]
ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်ပြန်ချက် (၂၃၃၄) ဟာ (၁၉၆၇) ခုနှစ် ပိုင်နက်သတ်မှတ်ချက်နဲ့အညီ ပါလက်စ်တိုင်းမြေပေါ်မှာ အစ္စရေး ကျူးကျော်မှုတွေကို ချက်ချင်း ရပ်ပစ်ဖို့နဲ့ လက်ရှိ ကျူးကျော်ထားတဲ့ နေရာတွေဟာလည်း နိုင်ငံတကာ ဥပဒေအရ တရားမဝင်ဘူးလို့ ဆိုလိုက်ပါတယ်။

ရှိခ် အိက်ရိမဟ် က အခုလို ဆက်လက်ပြောကြားသွားပါတယ်။

“ ဒီပြောကြားချက်တွေကို ကျနော်တို့ လက်မခံသလို ဂရုလည်း မစိုက်ပါဘူး။ ကျနော်တို့ရဲ့ တရားဝင် အခွင့်အရေးတွေကို ဆက်ပြီး ဆုပ်ကိုင်ထားမှာပါ။ အရဗ်နိုင်ငံတွေနဲ့ အစ္စလာမ်နိုင်ငံတွေသာမက ကမ္ဘာ့နိုင်ငံ အသီးသီးအနေနဲ့လည်း ကုလသမဂ္ဂရဲ့ နောက်ဆုံးအတည်ပြုချက်ကို ချက်ချင်း အကောင်အထည် ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်။ ”

“ ဒီ ကျူးကျော်အိမ်ရာ ဆောက်လုပ်မှုတွေ လုပ်နေသမျှ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာ မဟုတ်သလို ဒီကျူးကျော်အိမ်ရာတွေ ရှိနေသမျှ ပါလက်စ်တိုင်းနိုင်ငံတော် ရပ်တည်နိုင်မှာ မဟုတ်ဘူး ” လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » الاتحاد العالمي لعلماء المسلمين
[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat