စပိန်နိုင်ငံနဲ့ အရဗ်နိုင်ငံတွေက ပညာတတ်အသိုင်းအဝိုင်းများဟာ စပိန်နိုင်ငံရဲ့ မြို့တော်မက်ဒရစ်မှာ ပြည်သူတွေအကြား လှုပ်ရှားမှုတစ်ရပ်ကို စတင်လိုက်ကြပါတယ်။
ဒီလှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြို့တော်မက်ဒရစ်ရဲ့ အစ္စလာမ့်သမိုင်း အရင်းမြစ်တွေကို လက်ခံအသိအမှတ်ပြုပေးဖို့ သက်ဆိုင်ရာအစိုးရတွေထံ တောင်းဆိုသွားဖို့ ဖြစ်ပါတယ်။
မက်ဒရစ်မြို့မှာ အစ္စလာမ့်အမွေအနှစ်တွေကို ဖော်ကြူးတဲ့ သက်သေအထောက်အထား အမြောက်အမြား ရှိနေပါလျက်နဲ့ ပြည်သူတွေဟာ သိပ်မသိကြပါဘူး။
စပိန်နိုင်ငံရဲ့ မြို့တော်မက်ဒရစ်ဟာ အစ္စလာမ့်ခေတ်မှာ အုတ်မြစ်ချခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး မွတ်စ်လင်မ် ခေါင်းဆောင် ပထမမုဟမ္မဒ်က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းလေ့လာသုတသနပြုချက်တွေကလည်း ဒါကို ထောက်ခံထားပါတယ်။
မက်ဒရစ်မြို့မှာ အစ္စလာမ့်အမွေအနှစ် အနည်းငယ်သာ ကျန်ရှိပါတော့တယ်။ ဒီသမိုင်းအမွေအနှစ်တွေဟာ သမိုင်းတစ်လျှောက် လျစ်လျူရှုခြင်း၊ မေ့လျော့ထားခြင်းနဲ့ ဖျောက်ဖျက်ခြင်းတွေကို ခံခဲ့ရတာကြောင့် သမိုင်းစာအုပ်တွေမှာသာမက ခရီးသွားလုပ်ငန်းတွေမှာပါ ဒါတွေကို မိတ်ဆက်ပေးစရာတွေ မရှိတော့ပါဘူး။
မက်ဒရစ်မြို့ဟာ တစ်ချိန်က အစ္စလာမ့်မြို့တော် သွလီသွလားကို ကာကွယ်ပေးတဲ့ စစ်တပ်စခန်းကြီး ဖြစ်ခဲ့ရုံသာမက ဒီမြို့တော်တစ်ဝန်းလုံးမှာ အိုလမာသာသနာ့ပညာရှင်ကြီးတွေ၊ တရားသူကြီးတွေ အမြောက်အမြား ထွန်းကားခဲ့ကြပြီး သူတို့တွေဟာ လူသားအကျိုးပြုပညာရပ်တွေနဲ့ အတွေးအခေါ် အမြောက်အမြားကို တီထွင်ကြံဆခဲ့ကြရာမှာ အလွန်အရေးပါတဲ့ မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်လို့ လေ့လာသုတေသနပြုချက်အသစ်တွေက အတည်ပြုထားပါတယ်။
မြို့တော်ရဲ့ သမိုင်းအတွက် အလွန်အရေးပါတဲ့ သမိုင်းအထောက်အထားတွေ၊ အချက်အလက်တွေကို ဖျောက်ဖျက်ဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ကြပါစေ စပိန်နိုင်ငံနဲ့ မြို့တော်သူမြို့တော်သားတွေကို ဒီမြို့ရဲ့ သမိုင်းကြောင်းကို ပြန်လည်အမှတ်ရစေမဲ့ ကြိုးပမ်းမှုတွေ အဆက်မပြတ် လုပ်ဆောင်နေကြတာဖြစ်ပြီး မြို့တော်မက်ဒရစ်မှာ အပြုသဘောဆောင်တဲ့ လက်ခံကြိုဆိုမှုတွေ ရရှိနိုင်တယ်လို့လည်း မျှော်လင့်ရကြောင်း သိရပါတယ်။
© အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။