ဆော်ဒီ အိုလမာ နှင့် ကောင်စီအဖွဲ့တွေကို ပြန်လည်ဖွဲ့စည်း
ဆော်ဒီဘုရင်စာလ်မာန်ဟာ မနေ့က သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံကောင်စီနဲ့ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းဖို့ ဘုရင့်အမိန့်တော်တွေ ထုတ်ပြန်ကြေညာခဲ့ပြီး အလုပ်သမားဝန်ကြီးကိုလည်း တာဝန်မှ ဖယ်ရှားလိုက်ပါတယ်။
အတိုင်ပင်ခံကောင်စီကို အဗ်ဒွလ္လာဗင်န်မုဟမ္မဒ်အာလိရှိုင်ခ်ရဲ့ ကွပ်ကဲမှုအောက်မှာ ပြန်လည်ဖွဲ့စည်းဖို့နဲ့၊ သာသနာ့ပညာရှင်ကြီးများအဖွဲ့ကိုတော့ ဆော်ဒီနိုင်ငံဆိုင်ရာ မွဖ်သီချုပ် အဗ်ဒွလ်အဇီဇီဗင်န်အဗ်ဒွလ္လာဟ်အာလိရှိုင်ခ်ရဲ့ ကွပ်ကွဲမှုအောက်မှာ ပြန်လည်ဖွဲ့စည်းဖို့ ဘုရင့်စလ်မာန်က အသီးသီးအမိန့်ထုတ်ပြန်လိုက်တာပါ။
ထို့အတူ အလုပ်သမားနဲ့ လူမှုတိုးတက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး မုဖ်ရဂ်ျဟွက်ဗာနီကို ဝန်ကြီးရာထူးမှ ထုတ်ပယ်လိုက်ပြီး ၄င်းရဲ့ကိုယ်စား အလီအလ်ဂဖီးစ်ွကို ခန့်အပ်ကြောင်း ဘုရင့်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာဆိုရင် ငါးပတ်တာကာလအတွင်းမှာ ဝန်ကြီးရာထူးကနေ ဖယ်ရှားခြင်းခံလိုက်တဲ့ ဒုတိယမြောက်ဝန်ကြီးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ(၃၁)ရက်နေ့ကလည်း ဘုရင်စလ်မာန်ဟာ ဘဏ္ဍာရေးဝန်ကြီး အိဗ်ရာဟီးမ် ဗင်န်အဗ်ဒွလ်အဇီးဇ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး သူ့အစား မုဟမ္မဒ်ဗင်န်အဗ်ဒွလ္လာဟ်ကို ခန့်အပ်ခဲ့ပါသေးတယ်။
ကိုးကား » Al-Jazeera
သတင်း © အလင်းမျက်ဝန်း
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။