နေပြည်တော် ပျဉ်းမနားမြို့မှာ ဇန်န၀ါရီလ (၁၇) ရက်နေ့က မြို့နယ်လုံးဆိုင်ရာ အစ္စလာမ့်အခြေခံပညာအဆင့် ကလေးသူငယ်များရဲ့ မူစာဗာကာပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲကို မြို့နယ်အစ္စလာမ့်အခြေခံပညာရေး (ဒီနီယာသ်) အဖွဲ့က ဦးစီး၍ ကျင်းပခဲ့တာဖြစ်ပြီး မြို့နယ်အတွင်းရှိ ဆယ်နှင့်ချီသော အစ္စလာမ့်အခြေခံစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ အယောက်(၆၀) ကျော်တို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ နံနက်(၈)နာရီမှာ စတင်ကျင်းပတဲ့ အဆိုပါ အခမ်းအနားသို့ ပျော်ဘွယ်အရ်ဗီတက္ကသိုလ်မှ ကာရီ၊ မွတ်ဖ်သီ၊ မောင်ဝ်လ၀ီနှင့် ဟာဖီးဇ် ပညာရှင် ဆရာကြီးများက ဒိုင်များအဖြစ် လာရောက်ဆောင်ရွက်ပေးခဲ့ကြပြီး ညနေ (၅) နာရီအချိန်ခန့်မှာတော့ ပြိုင်ပွဲဝင်တစ်ဦးချင်းစီရဲ့ ရမှတ်များကို ထုတ်ပြန်ကာ အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။

ပြိုင်ပွဲအတွင်း ထူးချွန်သူများအပါအ၀င် မြို့နယ်အတွင်းမှ အစ္စလာမ့်အခြေခံပညာရည်ထူးချွန်သူများအား မကြာမီကာလတွင် ဆုပေးပွဲကြီးတစ်ခု စည်ကားသိုက်မြိုက်စွာ ကျင်းပ၍ ထိုက်တန်စွာ ဂုဏ်ပြုသွားဖို့ စီစဉ်နေကြောင်းကိုလည်း တာဝန်ရှိသူများက အခမ်းအနားအတွင်း ထည့်သွင်းပြောကြားသွားပါတယ်။