ပြင်သစ်နိုင်ငံရှိ နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်တဲ့ ကိန်းစ်ကမ်းခြေအပါအဝင် အခြားကမ်းခြေ ၂ ခုက ဘူရ်ကီနီ (Burkini) ဝတ်ဆင်မှု့ကို ပိတ်ပင်လိုက်လို့ လူ့အခွင့်ရေးချိုးဖောက်မှု့နဲ့ အဖွဲ့အစည်းအချို့က တရားဆွဲဖို့ ပြင်ဆင်နေကြပါပြီ။

Burqua နဲ့ Bikini ကိုပေါင်းပြီး မှဲ့တွင်ထားတဲ့ ဘူရ်ကီနီ (Burkini) ဆိုတာ မွတ်စ်လင်မ် အမျိုးသမီးတွေ ကမ်းခြေဆင်းတဲ့အခါ အစ္စလာမ့်တရားတော်အရ လုံခြုံစွာဖုံးအုပ်ထားပြီး ရေကူးတဲ့အခါမှာလည်း အဆင်ပြေအောင် ဖန်တီးချုပ်လုပ်ထားတဲ့ ခေတ်မီအဝတ်အစားတစ်မျိုးပါ။

ဒါပေမဲ့ ကိန်းစ်မြို့တော်ဝန် Danid Lisnard ကတော့ အဆိုပါဝတ်စုံဟာ အကြမ်းဖက်မှု့တွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဆိုလိုက်ပြီး အစ္စလာမ်တွေရဲ့ အစွန်းရောက်ဝတ်စုံလို့ သမုတ်လိုက်ပါတယ်။

Burkini ကန့်သတ်ချက်ကို ရေရှည်ကန့်သတ်ခြင်းမျိုးမဟုတ်ဘဲ ကာလသတ်မှတ်ဖြင့် ကန့်သတ်ထားရှိခဲ့တာဖြစ်ပြီး သတ်မှတ်ကာလအတွင်း ဝတ်ဆင်ခဲ့ပါက ဒဏ်ငွေ ဒေါ်လာ ၄၂ ကျပ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရှိ အစ္စလာမ်ကြောက်ရောဂါတားစီးရေအဖွဲ့မှ အဆိုပါတားမြစ်ချက်အား ပြတ်ပြတ်သားသား ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။

ကိုးကား » Al-Jazeera
သတင်း » နူးရ်ခါန်း © အလင်းမျက်ဝန်း

ဘူရ်ကီနီဝတ်စုံ (Al-Jazeera)