11/19/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့် သည် အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu အား ဝါရှင်တန်၌ ၎င်းနှင့် တွေ့ဆုံရန် ဖုန်းပြောစဉ်က ဖိတ်ခေါ်ခဲ့ကြောင်း အစ္စရေးနိုင်ငံ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu သည် ထရန့်၏ အောင်မြင်မှုအား ဂုဏ်ပြုခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် တစ်ဦး နှင့် တစ်ဦး နှစ်ပေါင်းများစွာ သိရှိခဲ့ကာ နွေးထွေးပျူငှာသည့် ဆက်ဆံရေးများရှိကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် ဒေသဆိုင်ရာ အရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်းနှင့် ထရန့်သည် Netanyahu အား အမေရိကန်နိုင်ငံ၌ တွေ့ဆုံရန် ပထမဆုံး ဖိတ်ခေါ်ခဲ့ခြင်းကြောင်း သိရသည်။

Netanyahu က ထရန့် အား အစ္စရေးနိုင်ငံ၏ မိတ်ဆွေစစ်တစ်ယောက်ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံ မဟာမိတ်ဖွဲ့မှုအား ပိုမိုအားကောင်းလာစေပြီး ထိုမှတစ်ဆင့် မြင့်မားသည့် နယ်ပယ် ကဏ္ဍများသို့ တက်ရောက်ရန် မျှော်လင့်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သတင်း » Xinhua

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ် (ဓာတ်ပုံ-အင်တာနက်)

အီရတ်နိုင်ငံ Kirkuk မြို့တော်ကို ISIS တွေ ဝင်ရောက်လာချိန်မှာတော့ Ako Abdulrahmarn ဟာ သူနဲ့ သူ့မိသားစုအတွက် စစ်ဖြစ်ချိန်အတောအတွင်း အကာအကွယ်တစ်ခုခုတော့လိုပြီဆိုတာ သိလိုက်ပါပြီ။ သူကိုယ်တိုင် စစ်သားတစ်ဦးဖြစ်တဲ့ Ako ဟာ သူစုထားတဲ့ငွေနဲ့ ကျည်ကာကားတစ်စီး ဝယ်ယူခဲ့ပါတယ်။ သူဝယ်ယူလိုက်တဲ့ ကျည်ကာကားက လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်မယ်ဆိုတာ သူကိုယ်တိုင် မသိခဲ့ပါဘူး။

ကားလေလံဝဘ်ဆိုက်တစ်ခုကနေ ဒေါ်လာ တစ်သောင်းပေးရတဲ့ 90 မော်ဒယ်ကားတစ်စီး ဝယ်ယူခဲ့ပါတယ်။ “ ကျည်ကာကားဝယ်လိုက်တော့ ကျနော့်သူငယ်ချင်းတွေ တော်တော်ပျော်ကြတယ်ဗျ။ Kirkuk မြို့က ISIS တွေနဲ့တိုက်ခိုက်နေတဲ့တပ်တွေရှိတဲ့ ရှေ့တန်းကို မောင်းကြတော့တာပဲ။ ISIS တွေဘေးက ဖြတ်မောင်းပြီး ပစ်ခတ်သွားမှာလည်း မကြောက်တော့ဘူး။ လမ်းဘေးမှာထောင်ထားတဲ့ ဗုံးတွေကိုလည်း စိတ်မပူတော့ဘူး ” လို့ Ako က CNN သတင်းဌာနကို ပြောပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အဗ္ဗဒွလ်ရဟ်မန် (Abdulrahman) က Kirkuk မြို့ရဲ့တောင်ဘက် ၂၃ ကီလိုမီတာအကွာအဝေးက Taza Khurmatou မြို့မှာ သူ့ရဲ့မိန်းမနဲ့ ကလေး ၄ ယောက်တို့နဲ့ အတူနေထိုင်ပါတယ်။ ရေနံကြွယ်ဝတဲ့ သူတို့မြို့မှာ ISIS တပ်ဖွဲ့ဝင်တွနဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကတည်းက ဆက်တိုက် တိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက်သေဆုံးမှုပေါင်း ၁၅၀ ကျော် ရှိခဲ့ပါတယ်။ ဒဏ်ရာရသူများဟာလည်း ရာပေါင်းများစွာ ရှိနေပြီး မြေပြင်ကတိုက်ပွဲတွေကြောင့်သာမက ခေါင်မိုးပေါ်ကနေ အပြန်အလှန်ပစ်ခတ်နေတဲ့ အဝေးပစ် စနိုက်ပါတိုက်ပွဲတွေကြောင့်လည်း ဒဏ်ရာတွေ ရရှိနေကြပါတယ်။

ဒါကြောင့် သူ့အနေနဲ့ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတဲ့အတွေးနဲ့ အဗ္ဗဒွလ်ရဟ်မန်ဟာ သူဝယ်ယူထားတဲ့ ကျည်ကာကားကိုအသုံးပြုပြီး တိုက်ပွဲကြားက ပိတ်မိနေတဲ့ လူနာတွေကို တာဝန်သိ ပြည်သူ့ဝန်ထမ်းစစ်သားတစ်ဦးပီပီ အခေါက်ပေါင်းများစွာ ကယ်ထုတ်ပေးခဲ့ပါတယ်။

“ စနိုက်ပါသမားတွေဟာ တွေ့ရာမြင်သမျှ ပစ်ခတ်နေကြလို့ ဒဏ်ရာရသူတွေအနားကို ဘယ်သူမှ မကပ်ရဲကြဘူးလေ။ ကျနော် လူမျိုးဘာသာမရွေးပဲ ကယ်တင်ပေးခဲ့ပါတယ်။ စွန်နီ၊ ရှီအာ၊ ခရစ်ယာန် ဘာသာဝင်တွေ၊ အီရက်၊ ကာဒစ်ရှ်၊ တူရကီ လူမျိုးတွေ စုံနေအောင် ပါဝင်ခဲ့ကြပါတယ်။ ဒါဟာ ကျနော် (အီရတ်လူမျိုးတစ်ယောက်) လုပ်ရမယ့် လူသားအလုပ်တစ်ခုပါ။ လူတိုင်းလည်း ဒီလိုစိတ်ဓာတ် မွေးမြူဖို့လိုပါတယ် ” လို့ ကျည်ချက်ပေါင်း ၅၀ ကျော်ထိထားတဲ့ ကားပိုင်ရှင် အဗ္ဗဒွလ်ရဟ်မန်က ပြောပါတယ်။

Kirkuk မြို့တော်ဝန်က အဗ္ဗဒွလ်ရဟ်မန်ရဲ့ ရဲရင့်မှုအတွက် သူ့ရဲ့ရုံးခန်းသို့ခေါ်ယူတွေ့ဆုံပြီး အီရတ်ငွေ ငါးသိန်းနဲ့အတူ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ သူဟာ ငွေကြေးရယူချင်လို့ ဒီလိုကယ်ဆယ်ခဲ့တာမဟုတ်လို့ မြို့တော်ဝန်ရဲ့ငွေကြေးချီးမြှင့်မှုကို ဘဝင်မကျခဲ့ပါဘူး။

ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကလည်း သူ့ရဲ့ကားကို အမျိုးအစားတူ အသစ်တစ်စီးနဲ့ လဲလှယ်ပေးပြီး ကားဟောင်းကို ၎င်းတို့ကုမ္ပဏီရုံးချုပ်မှာ ဂုဏ်ယူစွာဖြင့် ပြသထားပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ ကျော်ကြားလိုမှုနဲ့ ချီးမြှင့်ခံရလိုမှုအတွက် ယခုလို လုပ်ခဲ့တာမဟုတ်လို့ ကားဟောင်းကိုပဲ မိမိဖာသာ ပြုပြင်ပြီး လိုအပ်သလို ဆက်လက်အသုံးပြုသွားပါမယ်လို့ ကုမ္ပဏီရဲ့ကမ်းလှမ်းမှုကို လက်မခံလိုတဲ့အကြောင်း ပြန်ကြားပေးခဲ့ပါတယ်။

“ ကျနော်ဟာ ဟီးရိုးတစ်ယောက် မဟုတ်ပါဘူး။ စစ်ဘေးသင့် ဒုက္ခရောက်နေသူတွေကို အကူအညီပေးချင်တဲ့ သာမန်အီရတ်နိုင်ငံသားတစ်ဦးပါ ” လို့ အဗ္ဗဒွလ်ရဟ်မန်က ပြောခဲ့ပါတယ်။

ကိုးကား » CNN
တင်ပြသူ » နူးရ်ခါန်း © အလင်းမျက်ဝန်း

BMW ကြည်ကာကားနဲ့ လူပေါင်း ၇၀ ကျော်ကို စစ်ဘေးသင့်ရာမှ ကယ်ထုတ်ခဲ့သူ အဗ္ဗဒွလ်ရဟ်မန် (အလယ်မျ ခေါင်းပေါင်းအမဲပေါင်းထားသူ) (ဓာတ်ပုံ-CNN)

တိုက်ပွဲကြားမှ ကျည်ဆံတွေကို အံတုခဲ့တဲ့ အဗ္ဗဒွလ်ရဟ်မန်ရဲ့ 90 မော်ဒယ် BMW ကြည်ကာကား (ဓာတ်ပုံ-CNN)

Kirkuk မြို့တော်ဝန်က အဗ္ဗဒွလ်ရဟ်မန်ရဲ့ ရဲရင့်မှုအတွက် သူ့ရဲ့ရုံးခန်းသို့ခေါ်ယူတွေ့ဆုံပြီး အီရတ်ငွေ ငါးသိန်းနဲ့အတူ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ် (ဓာတ်ပုံ-CNN)

လတ်တလော ထုတ်လွှင့်ပြသလိုက်သည့် အိုင်အက်စ်တို့ ဗီဒီယိုတစ်ခုတွင် သြစတြေးလျနိုင်ငံ မြို့တော် မဲလ်ဘုန်း၏ အထင်ကရနေရာအချို့ ပါဝင်နေကြောင်း သိရသည်။

သေဒဏ်ပေးကွပ်မျက်ခြင်းများ၊ သေဆုံးပြီးရုပ်ကလပ်များနှင့် အရှေ့အလယ်ပိုင်းမှ မစ်ဇိုင်း ဒုံးကျည်များ အစရှိသည့် ဓာတ်ပုံများကို မဲလ်ဘုန်းမြို့ မြင်ကွင်းများအား မပြသမီ ဖော်ပြခဲ့ပြီး ဗလီဝတ်ကျောင်းတော်တစ်ခု ပေါက်ကွဲပြီးနောက် ခဏအကြာ မဲလ်ဘုန်းလေဆိပ်၊ ကာတာခရီးသည်တင် ဂျက်လေယာဉ်တစ်စင်း၊ Flinders လမ်းနေရာနှင့် စိန့် ကာသီဒြယ် စသည့် နေရာများအား ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ပြသခဲ့သည်ကိုမသိရသေးသော်လည်း မဲလ်ဘုန်းမြို့အား တိုက်ရိုက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မဖြစ်နိုင်သည်ကို နားလည် သဘောပေါက်ကြစေလိုကြောင်း အကြမ်းဖက်မှု နှိမ်နင်းရေး တာဝန်ရှိသူများက ပြောသည်။

သြစတြေးလျနိုင်ငံ တရားရေးဝန်ကြီးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ဝန်ကြီးချုပ်အား အကူအညီပေးရသည့် ဝန်ကြီး မိုက်ကယ် ကီးနန်က မဲလ်ဘုန်းမြို့၏ လုံခြုံရေးသည် ကမ္ဘာ့အဆင့်မီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အိုင်အက်စ်က အလားတူ ဗီဒီယိုမျိုးကို ယခင်ကလည်း ထုတ်ပြန်ခဲ့ဖူးကြောင်း ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ အကြမ်းဖက် နှိမ်နင်းရေး ဋ္ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကိုးကား » Xinhua

သြစတြေးလျနိုင်ငံ မဲလ်ဘုန်း လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat