11/24/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က လစ်ဗျားနိုင်ငံအရှေ့ပိုင်းဒေသမှာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အဆိုပါ အမျိုးသမီးဟာ အလ်ဂျီးရီးယားနိုင်ငံမှာ ဗင်လာဒင်လို့ နာမည်ကြီးနေသူရဲ့ ဇနီးသည်ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အဆိုပါ အလ်ဂျီးရီးယားနိုင်ငံသား ဗင်လာဒင်လို့ ကြော်ကြားနေသူရဲ့ အမည်မှန်ကတော့ ဗလမ်မုခ်သာရ် ဖြစ်ပါတယ်။ သူဟာ အာရဗ်အနောက်ပိုင်းမှာရှိတဲ့ အလ်ကိုင်ရာအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အလ်ကိုင်ရာခေါင်းဆောင် အိုစာမာဗင်လာဒင်နဲ့ ပုံစံဆင်တူအောင် ဝတ်စားနေထိုင်တတ်လေ့ရှိသူပါ။

သူမကို လစ်ဗျားနိုင်ငံတောင်ပိုင်း ဒရ်နာမြို့သို့ ကလေးမွေးဖွားဖို့ သွားနေစဉ်မှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဗလမ်မုခ်သာရ်ရဲ့ ဇနီးသည်ဟာ တူနီရှားနိုင်ငံသူတစ်ဦး ဖြစ်ပါတယ်။ အမည်ကတော့ အတ်စ်မာအ်ကုဒူစီ လို့ ကျော်ကြားသူဖြစ်ပါတယ်။ ဒါဟာ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက မူလထုတ်ပြန်ကြေညာထားတဲ့အတိုင်း ကိုက်ညီနေပါတယ်။

ဗလမ်မုခ်သာရ် သက်ရှိထင်ရှား ရှိနေသေးကြောင်းနဲ့ လစ်ဗျားနိုင်ငံတောင်ပိုင်းမှာ နေထိုင်ကြောင်းများကို စစ်ကြောရေးမှူးများအား သူမက ဖွင့်ချပြောဆိုလိုက်ပါတယ်။

ကိုးကား » အလ်အရဗီယဟ်
ဓာတ်ပုံ » အလ်အရဗီယဟ်
သတင်း © အလင်းမျက်ဝန်း


ပါလက်စတိုင်းနယ်မြေပေါ်မှ ဂျူးအခြေချ ကျူးကျော်အိမ်ရာများ (ဓာတ်ပုံ-GEO TV)

အစ္စရေးတို့ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေမှာ ဂျူးလူမျိုးတွေအတွက် အိမ်ရာသစ် (၅၀၀) ဆောက်လုပ်ပေးမယ့် အစီအစဉ်သစ်ကို ရုတ်တရက် အကောင်အထည်ဖော်လိုက်တာကြောင့် ကုလသမဂ္ဂအဖွဲ့က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အစ္စရေးတို့ဟာ ဂျေရုစလင်မြို့တော် အရှေ့ပိုင်းဒေသမှာ အိမ်ရာသစ်ပေါင်း (၅၀၀) ကို ဆောက်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါဟာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ သမ္မတလောင်း ထရမ့်အစိုးရမတက်မီ အစ္စရေးတို့ရဲ့ ပထမဦးဆုံးသော ကျူးကျော်လိုက်တဲ့ အိမ်ရာသစ်စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

အစ္စရေးအာဏာပိုင်များကတော့ ဒီစီမံကိန်းဟာ ၂၀၁၄ ခုနှစ်ကတည်းက ဆိုင်းငံ့ထားတဲ့စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေးတွေရောက်ရှိလာပြီးနောက် အရှေ့အလယ်ပိုင်းအခြေအနေဟာ တဟုန်တိုးပြောင်းလဲစေခဲ့ပြီး ပါလက်စတိုင်းအုပ်ချုပ်ရေးအစိုးရဟာလည်း ယခင်က မဖြစ်ဖူးတဲ့ စိုးရိမ်ပူပန်မှုမျိုးတွေ ဆက်တိုက်ဆိုသလို ဖြစ်လာရပါတယ်လို့ ကုလသမ္မဂ္ဂ ကိုယ်စားလှယ် နီကိုလီ မလာဒနူဖ်က ပြောဆိုလိုက်ပါတယ်။

သူဟာ ဂျူးအိမ်ရာသစ်စီမံကိန်းတည်ဆောက်မှုကို တားမြစ်ဖို့အတွက် လုံခြုံရေးကောင်စီကို ဖိအားပေးသွားမယ်လို့ ဆိုပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလကတည်းက ဟူသီသူပုန်တွေဟာ ယီမင်နိုင်ငံမြို့တော်ကို ပုန်ကန်သိမ်းပိုက်ထားခဲ့တာပါ။ ၎င်းတို့ ထိန်းချုပ်ထားတဲ့ကာလအတွင်း ထင်ရာစိုင်းဖမ်းဆီးမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေရှိနေပြီး အတိုက်အခံတွေဘက်ကလူတွေဟာ အစရှာမရဘဲ ပျောက်ဆုံးမှုတွေရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲလိုက်ပါတယ်။

အဆိုပါ ယီမင်နိုင်ငံမှ ရှီအာဟူသီသူပုန်တွေဟာ ၎င်းတို့ဖမ်းဆီးထားတဲ့ ရာပေါင်းများစွာသော အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိထားတဲ့အပြင် ၎င်းတို့ အပြင်းအထန် နှိပ်စက်ခဲ့တဲ့လူ ၂၂ ယောက်ထဲက ၂ ယောက်ဟာ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ သေဆုံးသွားတဲ့နှစ်ယောက်ဟာ ကလေးငယ်များ ဖြစ်တယ်လို့ HRW က ပြောဆိုထားပါတယ်။

၂၀၁၅ ခုနှစ်၊ မတ်လအတွင်း သမ္မတ Abedrabbo Mansour Hadi ပြည်ပသို့ ထွက်ပြေးခိုလှုံသွားရကတည်းက ဆော်ဒီဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်ဖွဲ့ရဲ့အကူအညီနဲ့ အစိုးရအဖွဲ့တွေဟာ ဟူသီသူပုန်တွေနဲ့ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကတော့ မှားယွင်းထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ Sanaa မြို့ကို ထိန်းချုပ်ထားသူတွေအနေနဲ့ မှားယွင်းထိန်းသိမ်းထားတဲ့လူတွေကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။ ထိန်းသိမ်းထားခံလူတွေဟာ ရှေ့နေတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရတာကို အဆုံးသတ်သင့်ပြီး မတရားမှုတွေအတွက် အစိုးရရှေ့နေတွေကလည်း လိုက်ပါပေးကြမှာပါ ” လို့ HRW လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတည်းက အခုချိန်ထိ လူပေါင်း ခုနှစ်ထောင်ကျော် သေဆုံးခဲ့ရပြီး လူပေါင်းသုံးသောင်းခုနှစ်ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကုလသမ္မဂ္ဂက ပြောပါတယ်။ သန်းနဲ့ချီတဲ့လူတွေဟာလည်း အကူအညီလိုအပ်နေဆဲဖြစ်ပါတယ်။

ကိုးကား » AN
နူးရ်ခါန်း © အလင်းမျက်ဝန်း

ယီမင်သူပုန်တွေ ထင်ရာစိုင်းဖမ်းဆီးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ပြော

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat