11/26/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ပြင်သစ်သမ္မတအဖြစ် လျာထားခံရသူ စီနီဂေါနွယ်ဖွား
မွတ်စ်လင်မ်အမျိုးသမီး ရာမာယဒ် (ရဟ်မသွလ္လာဟ်ယားဒ်)
(ဓာတ်ပုံ-Al-Jazeera)

ပြင်သစ်နိုင်ငံရေးနယ်ပယ်မှာရှိတဲ့ စီနီဂေါနွယ်ဖွား မွတ်စ်လင်မ်အမျိုးသမီးဟာ ယခင်ပြင်သစ်သမ္မတ နီကိုလာလက်ထပ်မှာကတည်းက နိုင်ငံခြားရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

အဆိုပါ အာဖရိကနွယ်ဖွား မွတ်စ်လင်မ် အမျိုးသမီးဟာ လာမယ့် ၂၀၁၇ ခုနှစ် ပြင်သစ်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ အဆိုပြုတင်သွင်းခြင်း ခံခဲ့ရပါတယ်။

မွေးရာဇာတိနှင့်ကြီးပြင်းမှု
  • ရာမာယဒ် (မူလနာမည်မှန်က ရဟ်မသွလ္လာဟ်ယားဒ်လို့ ညွှန်းဆိုပါတယ်) ဟာ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှာ စီနီဂေါနိုင်ငံရဲ့မြို့တော် ဒကာရ်မှာ ဖွားမြင်ခဲ့ပါတယ်။
  • သူမဟာ နိုင်ငံရေးလောကနဲ့ နီးနီးစပ်စပ်ရှိတဲ့ မိသားစုကနေ ဆင်းသက်လာသူပါ။
  • သူမရဲ့ ဖခင်ဟာ သမိုင်းနဲ့ သံတမန်ရေးရာ ဆရာတစ်ဦးဖြစ်ပြီး၊ စီနီဂေါနိုင်ငံ ယခင်သမ္မတဟောင်း လယူဗူလဒ်စင်န်ဂူရ်ရဲ့ ညာလက်ရုံးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
  • ရာမာဟာ မွတ်စ်လင်မ်ဆွေမျိုးသားချင်းများကြား ကြီးပြင်းခဲ့ပြီး သူမရဲ့မိသားစုဟာ ၁၉၈၇ ခုနှစ်မှာ ပြင်သစ်နိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။
  • ရာမာဟာ ၁၉၉၇ ခုနှစ် မှာ ပြင်သစ်နိုင်ငံသားဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ဆိုရှယ်လစ်ပါတီလှုပ်ရှားသူ ဂျူဇီးဖ်ဇီမီးဒ်ဆိုတဲ့ ဂျူးဘာသာဝင်နဲ့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။
  • သူတို့နှစ်ဦးမှာ သမီးလေးတစ်ဦးလည်း ဖွားမြင်ခဲ့ပါတယ်။

ပညာရေး
  • သူမဟာ ကက်သလစ်ကျောင်းမှာ စပြီး ပညာသင်ယူခဲ့ပါတယ်။
  • ပါရီမြို့ရဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှာလည်း ပညာသင်ယူခဲ့ပါတယ်။
  • ၂၀၀၀ ခုနှစ်မှာတော့ ပါရီတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။

ထမ်းဆောင်ခဲ့သော နေရာများနှင့် ရာထူးများ
  • ရာမာဟာ ၂၀၀၂ ခုနှစ်မှာ ပြင်သစ်သက်ကြီးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဘဝသက်မွေးဝမ်းကျောင်းမှုကို စတင်ခဲ့ပါတယ်။
  • အဲဒီနောက် လူမှုရေးအဖွဲ့အစည်းတစ်ခုမှာ အထွေထွေလုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ များစွာသောရာထူးတွေကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
  • ၂၀၀၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မှ ၂၀၀၉ ခုနှစ် အထိ နိုင်ငံခြားရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။
  • ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ အထိ အားကစားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
  • ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ မှ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက် အထိ ကမ္ဘာ့ကုလသမ္မဂ္ဂလက်အောက်ခံ ယူနက်စကိုအဖွဲ့အစည်းမှာ ပြင်သစ်သံတမန်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
  • ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှတော့ သူမဟာ La France qui ose (ပြစ်သစ်သတ္တိခဲမ) အမည်ဖြင့် နိုင်ငံရေးလှုပ်ရှားအတွင်းဝင်ရောက်၍ လာမည့် ၂၀၁၇ ခုနှစ် ပြင်သစ်နိုင်ငံသမ္မတကောက်ပွဲမှာ စိတ်အားထက်သန်ကြောင်းနဲ့ မိမိဟာ လက်ယာ-လက်ဝဲ မည်သည့်အစွန်းမှ မဟုတ်တဲ့ အလယ်အလတ်သမားဖြစ်ကြောင်းကြေညာ၍ စည်းရုံးလှုပ်ရှားခဲ့ပါတယ်။

ကိုးကား » Al-Jazeera
သတင်း © အလင်းမျက်ဝန်း

အီရန်နိုင်ငံမြောက်ပိုင်း၌ ရထားတိုက်မှုဖြစ်ပွားပြီးနောက် မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အီရန်နိုင်ငံမြောက်ပိုင်း၌ နိုဝင်ဘာလ ၂၅ ရက်က ရထားမတော်တဆမှုဖြစ်စဉ်အတွင်း သေဆုံးသူဦးရေမှာ ၄၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံ လခြမ်းနီအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်တွင် ကြေညာခဲ့သည်။

Semnan ပြည်နယ် လခြမ်းနီအဖွဲ့၏ သက်သာချောင်ချိရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ဒုတိယအကြီးအကဲ Ali Yahyaei ၏ ထုတ်ပြန်ချက်တွင် ဒဏ်ရာရသူဦးရေမှာ ၁ဝ၃ ဦး ရှိကြောင်း ဖြည့်စွက် ဖော်ပြထားသည်။

ဒဏ်ရာရသူအများစုမှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှ ဆင်းသွားပြီးဖြစ်ကြောင်း Yahyaei ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင် IRNA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အီရန်နိုင်ငံ Semnan ပြည်နယ်၊ Semnan မြို့နှင့် Damghan မြို့နှစ်မြို့ကြားရှိ Haft-Khan ရထားဘူတာ၌ နိုဝင်ဘာလ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရထားနှစ်စင်း တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။

ရထားတိုက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူအများစုမှာ မီးလောင်ကျွမ်းခံရခြင်းကြောင့် ဖြစ်ကြောင်း သတင်းများက ဆိုသည်။

အဆိုပါ ရထားတိုက်မှုဖြစ်စဉ်ကြောင့် ရထားဝန်ထမ်းသုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း Semnan ပြည်နယ် အစိုးရရှေ့နေ Heidar Asiaei ၏ ပြောကြားချက်ကို ကိုးကား၍ Mehr သတင်းအေဂျင်စီကဆိုသည်။

ရထားတိုက်မှုသည် လူပုဂ္ဂိုလ်ဆိုင်ရာ တာဝန်ဝတ္တရားပျက်ကွက်မှု အမှားကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း အီရန်နိုင်ငံအာဏာပိုင်များက ဆိုသည်။

စုံစမ်းစစ်ဆေးမှုများနှင့် မေးမြန်းချက် ရလဒ်များကို နောက်ပိုင်းတွင် ထုတ်ဖော်ကြေညာပေးသွားမည်ဖြစ်ကြောင်း Asiaei က ဖြည့်စွက်ပြောကြားခဲ့သည်။

သတင်း » ဆင်ဟွာ


အမေရိကန်နိုင်ငံမှာ (၅) နှစ် အရွယ် မွတ်စ်လင်မ် ကျောင်းသားကလေးငယ်ကို ရည်ရွယ်ရှိရှိနဲ့ ဆရာမတစ်ဦးက နှိပ်စက်ခဲ့တယ်လို့ GEO TV ရဲ့သတင်းအရ သိရပါတယ်။

သတင်းရင်းမြစ်အရ မြောက်ကယ်ရိုလိုင်းနားရှိ ချာလုတ်မာက်လင်းပီတာဗက် မူလတန်းကျောင်းက ဆရာမဟာ (၅) နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦးကို မွတ်စ်လင်မ်ဖြစ်လို့ဆိုတဲ့ တစ်ခုတည်းသော အချက်အပေါ် အငြိုးရှိရှိနဲ့ ကလေးငယ်ရဲ့ လည်ကုပ်ကို အတင်းစောင့်စွဲကာ အနိုင်ကျင့်နှိပ်စက်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ အစ္စလာမ့်ရေးရာကောင်စီ က အဖြစ်အပျက်အပေါ် သေချာစုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့အရေးယူမှုတွေ ပြုလုပ်ပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်ခံရမှုနောက်ပိုင်းမှာ ပထမဦးဆုံးသော မွတ်စ်လင်မ်မုန်းတီးရေးအပေါ် အခြေခံတဲ့ ကျူးလွန်မှုတစ်ခု ဖြစ်ပါတယ်။

ကိုးကား » GEO TV
သရုပ်ဖော် ဓာတ်ပုံ » အင်တာနက်
သတင်း © အလင်းမျက်ဝန်း

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat