11/28/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဖိလစ်ပိုင်နိုင်ငံမှ ကမ္ဘာကျော် အစ္စလာမ့်အလင်းပြ သာသနာပြု ပုဂ္ဂိုလ်တော်ကြီး ရှိုင်ခ်နူဟ်ကာပါရီနို ရှဟီဒီ (ဓာတ်ပုံ-IUMS)

ဖိလစ်ပိုင်နိုင်ငံမှ ကမ္ဘာကျော် အစ္စလာမ့်အလင်းပြ သာသနာပြု ပုဂ္ဂိုလ်တော်ကြီး ရှိုင်ခ်နူဟ်ကာပါရီနိုဟာ တနင်္ဂနွေနေ့နံနက်ပိုင်းက လုပ်ကြံခံရပြီး ရှဟီးဒ် (ကွယ်လွန်အနိစ္စ) ဖြစ်ခဲ့ရပါတယ်။

ဖိလစ်ပိုင်က ဗလီဝတ်ကျောင်းတော်တစ်ခုအတွင်း စွလာသ်ဦးဆောင် ဝတ်ပြုနေစဉ် အမည်မသိ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လည်ကုပ်ကို ကျည်ဆံထိမှန်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။

ရှိုင်ခ်နူဟ်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျော်ကြားတဲ့ သာသနာပြုပုဂ္ဂိုလ်တော်ကြီးတစ်ပါးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်မဟုတ်သူများထံသို့ အစ္စလာမ့်အလင်းရောင်အား  မမောနိုင်၊ မပမ်းနိုင်ဖြင့် မနားမနေ လိုက်လံပြသဖြန့်ချိပေးနေတဲ့ ပုဂ္ဂိုလ်မွန်ကြီးတစ်ဦး ဖြစ်ပါတယ်။

ရှိုင်ခ်နူဟ်ဟာ မိမိရဲ့နိုင်ငံအတွင်းမှာပဲ အစ္စလာမ်သာသနာတော်ကို လက်ခံယုံကြည်ခဲ့ပြီး အစ္စလာမ်နှင့်ပတ်သက်၍ လေ့လာသင်ယူခဲ့ရာမှ သာသနာပြု ပုဂ္ဂိုလ်ကြီးအဖြစ် ကျော်ကြားလာသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ကြိုးပမ်းမှုကြောင့် မြောက်မြားစွာသော ဖိလစ်ပိုင်နိုင်ငံသားတွေဟာ အစ္စလာမ်အေးရိပ်ဆာယာဆီကို ကူးပြောင်းဝင်ရောက်လာခဲ့ကြပါတယ်။

သူဟာ ဖိလစ်ပိုင် ရေဒီယိုအသံလွှင့်ဌာနမှာ တက်ကြွစွာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

“ ၎င်းပုဂ္ဂိုလ်ကြီးအပေါ် အလ္လာဟ်အရှင်မြတ်ရဲ့ ရဟ်မသ်ကရုဏာအဖြာဖြာ ကျရောက်ပါစေသား ”

ကိုးကား » IUMS
သတင်း © အလင်းမျက်ဝန်း


အစ္စရေးနိုင်ငံတစ်ဝှမ်းမှာ (၅) ရက်တာ မီးလောင်ကျွမ်းခဲ့ပြီး လေပြင်းနဲ့ ခြောက်သွေ့တဲ့ ရာသီဥတုက မီးလောင်မှု ဧရိယာကို ပိုမိုကျယ်ပြန့်စေခဲ့ရုံမက မီးထိန်းချုပ်ရာမှာလည်း အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ နိုင်ငံတကာ အကူအညီတွေ ရယူခဲ့ရပြီး ထောင်ပေါင်းများစွာသော လူတွေဟာ အိုးအိမ်တွေ စွန့်ခွာခဲ့ရပြီးနောက် တနင်္ဂနွေနေ့မှာတော့ မီးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ အစ္စရေးက ကြေညာခဲ့ပါတယ်။

အစ္စရေးတောအုပ်တွေအပါအဝင် ကျူးကျော်သိမ်းပိုက်ထားတဲ့ ကုဒ်စ်မြို့အနီးက တောင်ပူစာတွေကို မီးလောင်ကျွမ်းခဲ့သလို လူသုံးများတဲ့ Twitter စာမျက်နှာပေါ်မှာလည်း Hashtag တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပါတယ်။


မီးလောင်မှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ ရလဒ်အချို့ကတော့...
  1. အစ္စရေးမီဒီယာအချို့က မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်ပေါင်း (၉၆၀) လောက် ပျက်စီးခဲ့ရပြီး လူပေါင်း (၁၈၀) လောက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။
  2. ဝေဟင်မှ မီးငြိမ်းသတ်တဲ့ ဓာတုဗေဓပစ္စည်း တန်ပေါင်း 1.5 သန်းလောက် အသုံးပြုခဲ့ရပြီး ပြီးခဲ့တဲ့ ငါးရက်အတွင်းမှာ လေယာဉ်ဖြင့် အကြိမ်ပေါင်း (၄၈၀) လောက် မီးငြိမ်းသတ်ခဲ့ရပါတယ်။
  3. ပါလက်စတိုင်းအစိုးရက အထူးသဖြင့် ဟိုင်ဖာမြို့မှာ မီးငြိမ်းသတ်ဖို့ အတွက် မီးသတ်သမား (၄၁) ဦးနဲ့ မီးသတ်ကား (၈) စီး စေလွှတ်ပြီး ချက်ချင်းအကူအညီပေးခဲ့ကြပေမဲ့ အစ္စရေးဘက်ကတော့ အထောက်အထားမဲ့စွာ ပါလတ်စတိုင်း (၂၃) ဦးကို မီးရှို့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးပြီး ကျေးဇူးတုံ့ပြန်လိုက်ပါတယ်။
  4. အင်္ဂါနေ့က စတင်ပြီး နေ့စဉ် ပျမ်းမျှ မီးလောင်မှုပေါင်း (၂၀၀) နီးပါးကို အစ္စရေးက ကြုံတွေ့နေခဲ့ရပါတယ်။
  5. Twitter စာမျက်နှာပေါ်မှာ Israel is burning ဆိုတဲ့ ခေါင်းစဉ်နဲ့ Hashtag လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး လှုပ်ရှားမှုတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ Twitter  သုံးစွဲသူတွေကြားမှာ မီးလောင်ကျွမ်းမှုဟာ အစ္စရေးတို့အတွက် အကုသိုလ်တွေရဲ့အစား တန်ပြန်ခံစားရတာလို့မြင်ပြီး ပျော်ရွှင်သူတွေရှိသလို ဝမ်းနည်းကြသူတွေလည်း ရှိခဲ့ပါတယ်။ အစ္စရေးအစိုးရက Twitter ပေါ်မှာ Israel is not brun ဆိုတဲ့ ခေါင်းစဉ်နဲ့ Hashtag လှုပ်ရှားမှုကို တန်ပြန်ပြုလုပ်ခဲ့ပါတယ်။
  6. အစ္စရေး မီးငြိမ်းသတ်ရာမှာ နိုင်ငံပေါင်း (၂၂) နိုင်ငံက ပါဝင်ကူညီခဲ့ကြရပါတယ်။
  7. နိုဝင်ဘာ (၂၅) ရက်နေ့မှာ အမေရိကန်နိုင်ငံက မီးငြိမ်းသတ်ဖို့ ရေတန်ချိန် (၇၀) ထိ သယ်ဆောင်နိုင်တဲ့ လေယာဉ်ကြီးတွေ စေလွှတ်ပေးခဲ့ရတဲ့အပြင် စနေနေ့မှာ ကိုယ်တိုင် ပါဝင်ပြီး ငြိမ်းသတ်ပေးခဲ့ရပါတယ်။
  8. ဟိုင်ဖာတစ်မြို့တည်းမှာတင် ခန့်မှန်းခြေ ဒေါ်လာသန်း (၁၂၀) လောက် ဆုံးရှုံးသွားခဲ့ရပါတယ်။
  9. ဟိုင်ဖာနဲ့အနီးဝန်ကျင်မှာ ဟက်တာပေါင်း (၂၈၀) ခန့်အထိ လောင်ကျွမ်းသွားကြောင်း စည်ပင်အာဏာပိုင်တွေက ဆိုပါတယ်။
  10. မီးလောင်ပျက်စီးသွားတဲ့ တောတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို နဂိုအတိုင်း ပြန်လည်ထူထောင်နိုင်ဖို့အတွက် အနည်းဆုံး နှစ်ပေါင်း (၃၀) လောက် လိုအပ်မယ်လို့ အစ္စရေးနိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ဆိုပါတယ်။
  11. လူပေါင်း (၁၇၀၀) လောက်ဟာ စနေနဲ့ တနင်္ဂနွေနေ့တွေအထိ သူတို့ရဲ့ နေအိမ်တွေကို မပြန်နိုင်ကြသေးပါဘူး။
  12. ရဲဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောပြချက်အရ မီးလောင်မှုကြောင့် ကျူးကျော်သိမ်းပိုက်ပြီး အခြေချထားတဲ့ ဂျူးရပ်ကွက်ပေါင်း (၄၅) ခု မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ မတရားရယူ ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းက ရွာပေါင်း (၃) ခု လည်း မီးလောင်ကျွမ်းသွားခဲ့ပါတယ်။
  13. ဒီတစ်ကြိမ် မီးလောင်ကျွမ်းမှုဟာ အစ္စရေးသမိုင်းမှာ အဆိုးရွားဆုံး မီးလောင်မှုကြီး ဖြစ်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ကာမိလ်ဒေသ မီးလောင်မှုထက် ၃၀% ပိုမို ပြင်းထန်ခဲ့ပါတယ်။

ကိုးကား » အလ်အရဗီယဟ်
ဓာတ်ပုံ » အလ်အရဗီယဟ်နှင့် အင်တာနက်
သတင်း © အလင်းမျက်ဝန်း



မြေပြင်ရဲ့အောက် ကီလိုမီတာ (၁၀၀၀) မှာ ရေးအရင်းအမြစ်ကြီးတစ်ခုကို ပညာရှင်တွေ ရှာဖွေတွေ့ရှိလိုက်ကြပါတယ်။

တကယ်လို့ ဒီရေအရင်းအမြစ်ကြီးသာ ကုန်ခမ်းသွားမယ်ဆိုရင် လက်ရှိလောကကြီးဟာလည်း ချုပ်ငြိမ်းသွားပါလိမ့်မယ်။

ခေတ်သစ်သုတေသနပြုချက်အရ အဆိုပါရှာဖွေတွေ့ရှိခဲ့တဲ့ ရေအရင်းအမြစ်ကြီးဟာ ဘယ်အတိုင်းအတာထိ ကြီးမားတယ်ဆိုတာကိုတော့ ဆက်လက်လေ့လာနေဆဲပါ။

မြေအောက်မှာ ရေအရင်းအမြစ်ကြီးဟာ ရှိကိုရှိနေရမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြေအောက်မှာ ရေရှိနေတာကြောင့် မြေပေါ်က ကျောက်စိုင်ကျောက်ခဲကြီးတွေဟာ ပူပြင်းတဲ့နေရာတွေကနေ အေးတဲ့နေရာတွေဘက်ကို ရွေ့လျားသွားကြပါတယ်။

အဆိုပါ ရွေ့လျားမှုဖြစ်စဉ်ကြောင့်ပဲ မြေဆီလွှာအပေါ်ပိုင်းဟာ ရုပ်လုံးပေါ်လာပါတယ်။

ဒီရုပ်လုံးပေါ်ခြင်းဟာ ရုက္ခလောကနဲ့ သတ္တလောက တည်တံ့ဖို့အတွက် အလွန်အရေးကြီးလှပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း


အလ်ဂျဇီရာရဲ့သတင်းထောက် Hamza Mohamed က al-Shabab တော်လှန်ရေးသမားတွေကို သူတို့လေ့ကျင့်ကွင်းထဲမှာ ဒရုန်းကင်မရာအသုံးပြုပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။

“ ပျံဝဲနေသမျှ အားလုံးကို ငှက်တွေမဟုတ်ဘဲ ကျနော်တို့ရဲ့ ရန်သူတွေလို့ သတ်မှတ်ပါတယ် ” လို့ Hamza Mohamed ကို al-Shabab ရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်သူ Hassan Yakub က ပြောပြ၍ ရိုက်ကူးခွင့်မပြုခဲ့ပါဘူး။ သူ့ရဲ့တုန့်ပြန်ချက်ဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်များအတွင်းက al-Shabab ရဲ့ ခေါင်းဆောင်ဟောင်း အပါအဝင် ထိပ်တန်းဗိုလ်မှုး ၁၀ ယောက်ကျော်ဟာ ဒရုန်းတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေကြောင့် သေဆုံးခဲ့ရပါတယ်။

အာဖရိကတိုက်ရဲ့ အရှေ့ဖက်မှာရှိတဲ့ ဆိုမာလီယာနိုင်ငံမှာ al-Qaeda နဲ့ ဆက်နွယ်နေတဲ့ al-Shabab အဖွဲ့ အခြေချကြပါတယ်။ သူတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေကို မောင်းသူမဲ့ယာဉ်တွေလာရင် ပုန်းဖို့ ဒါမှမဟုတ် အမည်မသိယာဉ်တွေ ပျံဝဲလာရင် ပစ်ချဖို့ သင်တန်းပေးနေပါတယ်။

ကျနော်တို့ ငှားထားတဲ့နယ်မြေခံကလဲ တွန့်ဆုတ်နေပြီး လုံးဝမကောင်းတဲ့အကြံလို့ ပြောပါတယ်။ al-Shabab တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲ ဒရုန်းကင်မရာအသုံးပြုပြီး မှတ်တမ်းတင်ဖို့ကိုလည်း ကျနော်တို့ ကင်မရာသမားက သိပ်စိတ်မပါလှပါဘူး။

ဒရုန်းကနေ ကင်မရာမှတ်တမ်းရိုက်ယူဖို့အတွက် ဖုန်းနဲ့တွဲအသုံးပြုရမှာဖြစ်လို့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ စမတ်ဖုန်းအသုံးပြုခွင့်ကို ပိတ်ပင်ထားတာကြောင့် ပြဿနာတွေကို ပိုရှုပ်စေပါတယ်။

al-Shabab ကလည်း သူတို့နယ်မြေအတွင်းမှာ ကင်မရာပါတဲ့စမတ်ဖုန်း အသုံးပြုခွင့်ပေးဖို့ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ကြပါတယ်။ သူတို့လုံခြုံရေးအတွက်လဲ စိုးရိမ်နေကြတာပါ။ ဒရုန်းယူလာလို့ ကျနော်တို့ကို မောင်းထုတ်တော့မှာလားဆိုတာကိုလည်း စိုးရိမ်ခဲ့ရပါသေးတယ်။ ဒရုန်းကိုပြုပြင်ထားပြီး ကျနော်တို့ကို နောက်ယောင်ခံလိုက်လာမလား။ အမေရိကန်ရဲ့ ထောက်လှမ်းရေးတွေလို့ ကျနော်တို့ကို စွပ်စွဲကြမလားဆိုပြီးလည်း တွေးပူခဲ့ရပါသေးတယ်။

al-Shabab ကလည်း သူလျှိုတွေဆို တစ်ခါတည်းပစ်သတ်နေတဲ့ အချိန်ပါ။ ပြီးတော့ ဆိုမားလီးယားမှာက ရေချိုးခန်း၊ အိမ်သာတွေမှာ အမိုးမရှိကြတာများပါတယ်။ ရေချိုးနေတုန်း အိမ်သာတက်နေတုန်း ဒရုန်းနဲ့သွားရိုက်မိရင်လည်း ပြဿနာက ရှင်းလို့ပြီးနိုင်မယ်မထင်။ အကောင်းဆုံးကတော့ လူတွေနဲ့ဝေးဝေးရှောင်နေတာပါဘဲ။

အဖွဲ့ခေါင်းဆောင်တွေဆီက ခွင့်ပြုချက်ရပြီးတာနဲ့ ဗိုလ်မှူးတွေဟာ သူတို့တပ်သားတွေကို အဆိုပါဒရုန်းဟာ အမေရိကန်က မဟုတ်ကြောင်း သူတို့ပေါ် ဒုံးကျည်တွေ ပစ်ချမှာမဟုတ်ကြောင်း အရင်ရှင်းပြရပါတယ်။

စပ်စုလိုတဲ့ တပ်သားများကတော့ လူမပါဘဲ ရိုက်ထားတာ ဘယ်လိုပုံထွက်လာမလဲ သိချင်လို့ တောင်းကြည့်ကြပါတယ်။ ငါတို့အားလုံး ကြည့်ရတာတစ်ပုံစံတည်းလို့ တပ်သားငယ်တစ်ယောက်က စအော်ပါတယ်။ ဘယ်သူပိန်လဲ ဘယ်သူဝလဲ မသိနိုင်ဘူး။ ငါတို့ကြည့်ရတာတူတူတွေဘဲ အဆင်ပြေတယ်ကွလို့ အော်ပြောတော့ တခြားတပ်သားတွေလည်း စရယ်ကြတော့တာပါဘဲ။

မင်းတို့အမေရိကန်တွေ မြင်ရတာဒီလိုပေါ့။ ဒါနဲ့ရိုက်ရင် ဘယ်သူ့ကိုမှ ကောင်းကောင်းမမှတ်မိနိုင်ဘူးပေါ့လို့ တပ်သားတစ်ယောက်ကပြောတော့ ဒါကြောင့်အမေရိကန်တွေပစ်တဲ့ ပစ်မှတ်တွေလွဲနေတာကွလို့ နောက်တပ်သားတစ်ယောက်က ထအော်လေရော။

ရိုက်ကူးရေးပြီးသွားလို့ ကျနော်တို့ အထုပ်အပိုးပြင်နေတဲ့အခါ ဗိုလ်မှုးတွေက သူတို့တပ်သားတွေကိုခေါ်ပြီး ရိုက်ကူးရေး ပြီးသွားပြီဖြစ်တဲ့အကြောင်း အခုအချိန်ကပြန်စပြီး ပျံသန်းသမျှအရာတွေအားလုံးဟာ ရန်သူပြန်ဖြစ်သွားပြီဖြစ်တဲ့အကြောင်း ရှင်းပြသံတွေကြားခဲ့ရပါသေးတယ်။

ကမ္ဘာကျော် အလ်ဂျဇီရာသတင်းဌာနရဲ့ သတင်းထောက် Hamza Mohamed ရဲ့ Anything that flies is an enemy အမည်နဲ့ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းဆောင်းပါးကို အလင်းမျက်ဝန်းရဲ့ နိုင်ငံတကာသတင်း အင်္ဂလိပ်ပိုင်းမှ နူးရ်ခါန်းက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ပြခြင်း ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုတဲ့ ဗလီတချို့ဆီကို အမုန်းတရားနဲ့ ရေးသားထားတဲ့စာတွေ ရောက်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့အနေနဲ့ ပိုမို ကာကွယ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုနေပါတယ်။

ဗလီတွေဆီကို ရောက်လာကြတဲ့ စာတွေထဲမှာ မွတ်စ်လင်မ်တွေဟာ မသတီစရာ ညစ်ညမ်းသူတွေလို့ ရေးသားထားပါတယ်။

လက်ရေးနဲ့ ရေးသားထားပြီး မိတ္တူပြန်ကူးထားတဲ့ စာထဲမှာ ရွေးကောက်ခံ ဒေါ်နယ်ထရမ့်ကို ချီးကျူးတဲ့ အကြောင်းလည်း ထည့်သွင်း ရေးသားထားတယ်လို့ အမေရိကန် မွတ်စ်လင်မ်ကောင်စီ အဖွဲ့အစည်းကြီးက ပြောပါတယ်။

အဲဒီစာထဲမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ကို ပြန်လည်သန့်စင်ဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ရေးသားထားပြီး အောက်ခြေမှာ အမေရိကန်တွေအတွက် အကောင်းဆုံးလမ်းလို့ ရေးသားထားပါတယ်။

ဒီစာနဲ့ မစ္စတာထရမ့်တို့ရဲ့ ပတ်သက်ဆက်နွယ်မှုတော့ မရှိပါဘူး။ အဆိုပါ စာတွေနဲ့ ပတ်သက်ပြီး မစ္စတာထရမ့်က တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောကြာခြင်းလည်း မရှိသေးပါဘူး။

ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလမှာတော့ မွတ်စ်လင်မ်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်မယ်လို့ မစ္စတာထရမ့်က တောက်လျှောက် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဆာတန် မာရ်နတ် ရဲ့ သားသမီးတွေဆီသို့လို့ လိပ်မူပြီး ရေးသားထားတဲ့ စာတွေကို စိန့်ဂျို့စ်ဒေသ၊ လောင်းဘိခ်ျနဲ့ ကလယ်ရီမောင့် ဒေသမှာရှိတဲ့ ဗလီတွေဆီကို ရောက်လာတာ ဖြစ်ပါတယ်။

ဘာသာရေး အမုန်းပွားမှုတွေ ဖြစ်စေ နိုင်တာမို့ စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စိန့်ဂျို့စ် ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

သတင်း » BBC Myanmar

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat