11/29/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဓာတ်ပုံ » GEO TV
အမေရိကန်ရဲ့ လက်တလောရွေးချယ်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ နောက်တစ်ကြိမ် မဲပြန်ရေတွက်ပေးဖို့ တောင်းဆိုချက်ကို ရယ်စရာအဖြစ် သတ်မှတ်လိုက်ပါတယ်။

ဂရင်းပါတီရဲ့ ခေါင်းဆောင်ဖြစ်လာမဲ့ ဂျွလ်အစ္စတင်းန်ဘက်မှ ဝစ်ကိုစင်န်ပြည်နယ်မှာ ဒုတိယအကြိမ် မဲတွေကို ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုအပေါ် ရွေးချယ်ခံထားရတဲ့ သမ္မတက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

“ ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ပြီးပြီ၊ ဟီလာရီကလင်တန်ကလည်း ထွက်ပေါ်လာတဲ့ရလဒ်ကို ကျေနပ်ပြီး ကျုပ်ကိုတောင် ဂုဏ်ပြုပြီးပြီပဲ ” လို့ ထရမ့်က ပြောပါတယ်။

ဆက်လက်ပြီး ထရမ့်က အခုလို ပြောဆိုပါတယ်။

“ ကျုပ်တို့ဟာ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ကျေနပ်ကြပြီး ရှေ့အနာဂတ်ကိုပဲ လျှောက်လှမ်းရမယ်။ နောက်တစ်ကြိမ် မဲရေတွက်ဖို့ တောင်းဆိုတာဟာ ဂရင်းပါတီရဲ့ လုပ်ကြံမှုပါပဲ။ ဆန့်ကျင်ဘက်လုပ်မဲ့အစား ထွက်ပေါ်လာတဲ့ရလဒ်တွေကို ကြည်ကြည်ဖြူဖြူ လက်ခံလိုက်သင့်တယ်။ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို မကျေနပ်ကြောင်း ကြွေးကြော်ပြီး ဂျွလ်စ္စတင်းန်ဟာ ကိုယ့်ရှုံးနိမ့်မှုကို ပြန်ပြီး နလံထူစေလိုက်ခြင်းသာ ဖြစ်တယ် ”

ဂရင်းပါတီရဲ့ ဂေါင်းဆောင်ဖြစ်လာမဲ့ ဂျွလ်အစ္စတင်းန်က ရွေးကောက်ပွဲကော်မရှင်မှာ အဆိုပြုလွှာတင်သွင်း လိုက်ပါတယ်။ ယင်းအဆိုပြုလွှာတွေမှာ ဝစ်ကိုစင်န်ပြည်နယ်ရဲ့ မဲတွေကို ဒုတိယအကြိမ် ပြန်ရေတွက်ပေးဖို့ တောင်းဆိုထားတာတွေ ပါလာပါတယ်။ ဂျွလ်အစ္စတင်းန်အနေနဲ့ မီချီဂန်ပြည်နယ်နဲ့ ပန်စလ်ဗေနီးယားပြည်နယ်တို့မှာလည်း ဒီအတိုင်း တောင်းဆိုမှုတွေရှိနေကြောင်း ကြေညာခဲ့ပါတယ်။

“ သိထားရမဲ့အချက်တစ်ခုက ဒီလိုအကြံအဖန် လုပ်တယ်ဆိုတဲ့ ဆွဲချက်တွေကို ထရမ့်ကိုယ်တိုင် အရင်ဆုံးလုပ်ခဲ့တယ်ဆိုတာပါပဲ။ ထရန့်ဟာ ရွေးကောက်ပွဲကာလရဲ့ အဓိကရက်တွေမှာ တကယ်လို့ သူ့ကိုသာ ရွေးချယ်မခံရရင် ထွက်ပေါ်လာတဲ့ရလဒ်တွေကို ကျေနပ်မှာ မဟုတ်ကြောင်း ပြောခဲ့တယ်။ ” လို့ သူက ဆိုပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း

ပါလက်စတိုင်းအထင်ကရ ပုဂ္ဂိုလ်ကြီးများက မွတ်စ်လင်မ်အသိုင်းအဝိုင်းအား နိုးကြားကြဖို့ ဆော်သြ

ဓာတ်ပုံ » IUMS

ပါလက်စတိုင်းနိုင်ငံမှ ဘာသာရေးနဲ့ နိုင်ငံရေးလောကမှ အထင်ကရ ပုဂ္ဂိုလ်ကျော်ကြီးများက ပါလက်စတိုင်း နိုင်ငံသားတွေကို ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ ပါလက်စတိုင်းနိုင်ငံရဲ့ မူလသရုပ်သကန်ကို အစဖျောက်ပစ်ဖို့ ကြိုးစားနေတဲ့ အစ္စရေးရဲ့ စီမံကိန်းတွေရှေ့မှာ ကြံ့ကြံ့ခံ မားမားမတ်မတ် ဆန့်ကျင်ပေးကြဖို့ မွတ်စ်လင်မ် အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို ဆော်သြလိုက်ပါတယ်။

ယင်းပုဂ္ဂိုလ်များ ကြီးမှူးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပါလက်စတိုင်းရဲ့ ဓမ္မကထိကဖြစ်သူ မုဟမ္မဒ်ဟုစိုင်န်က အခုလို ရှင်းပြသွားပါတယ်။

ဟိဂ်ျရီ (၁၅) ခုနှစ်မှာ တမန်တော်မြတ် မုဟမ္မဒ် ﷺ ရဲ့ မုအဇ္ဇင်န် (နိဗ္ဗာန်ဆော်ကြီး) ဘိလာလ်က အက္ကစွာ ဗလီဝတ်ကျောင်းတော်မှာ စတင်ပြီး အဇာန်ဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက ယနေ့တိုင် ကွဒ်စ်မြို့မှာ အဇာန်သံတွေဟာ ပဲ့တင်ထပ်နေခဲ့တာပါ။ နောက်နောင်မှာလည်း ပါလက်စ်တိုင်းရဲ့ မျှော်စင်တွေပေါ်ကနေ အဇာန်သံ ပဲ့တင်ထပ်နေဦးမှာပါ။

ကျူးကျော်သူ အစ္စရေးတွေဟာ သူတို့ လိုသလို ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေးအတွက် စကားလုံးလှလှလေးတွေသုံးပြီး လှည့်စားဖို့ ကြိုးစားနေကြပါတယ်။ အဇာန်ပိတ်ပင်ရေး ဥပဒေအတွက် သူတို့က ည (၁၁) နာရီ ကနေ နံနက် (၇) နာရီ အထိ အထိတ်တလန့် ဖြစ်စေတဲ့ကိစ္စကို တားမြစ်ရေးဆိုပြီး သုံးနှုန်းထားပါတယ်။ မတရားကျူးကျော်သူတို့က အဇာန်ကို အထိတ်တလန့်ဖြစ်စေတယ်လို့ သုံးနှုန်းထားခြင်းကြောင့် ဒီဥပဒေအရဆို ဖဂျရ်အဇာန်ဟာ အလိုလို တရားမဝင် ဖြစ်သွားပါလိမ့်မယ်။

ဆက်လက်ပြီးတော့လည်း အခုလို ပြောဆိုလိုက်ပါတယ်။

“ ကျူးကျော်သူတွေရဲ့ဒီအဆိုဟာ လုံးဝလက်ခံနိုင်စရာ မရှိဘူး။ ကွဒ်စ်မြို့က မွတ်စ်လင်မ်တွေဟာ အစ္စလာမ့်အထိမ်းအမှတ်တွေထဲက အထိန့်တလန့် အမှတ်တစ်ခုခုကို စွန့်လွှတ်ဖို့ လုံးဝလက်သင့်ခံမှာ မဟုတ်ပါဘူး။ အဇာန်ဆိုတာဟာ အစ္စလာမ့်အထိမ်းအမှတ်တွေထဲက အထိမ်းအမှတ်တစ်ခုပါ။ ဘယ်သူမဆို အဇာန်ဆိုသံကြောင့် အထိတ်တလန့် ဖြစ်ရတယ်ဆိုရင် အဲဒီသူဟာ ကွဒ်စ်မြို့ကနေ ထွက်သွားလိုက်ပါ။ ”

အခြားတစ်ဦးဖြစ်တဲ့ အစ္စလာမ့်ဌာနချုပ်အကြီးအကဲ ရှိုင်ခ်အိက်ရိမဟ်စွဗရီကလည်း အခုလို ပြောပါတယ်။

“ အဇာန်တားဖို့ လုပ်တဲ့ကိစ္စဟာ အခုမှ အသစ်အဆန်း မဟုတ်ပါဘူး။ ကျူးကျော်လာသူတွေဟာ ဗလီမျှော်စင်ပေါ်က အဇာန်သံကို ပိတ်ပင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အကြိမ်တိုင်း မအောင်မြင်ခဲ့ပါဘူး။ အခုနောက်ဆုံးအကြိမ်ကတော့ ဥပဒေအသွင်နဲ့ပါ ထပ်ဆင့်တိုးလုပ်ဆောင်ပြီး ပိတ်ပင်ဖို့ လုပ်လာတဲ့ ကြိုးစားမှု အသစ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်ကို လုံးဝပယ်ချပါတယ်။ ”

အဆိုပါ ကွန်ဖရင့်မှာ တက်ရောက်ပါဝင်ခဲ့ကြသူတွေက ကျူးကျော်သူတွေဟာ မွတ်စ်လင်မ်တွေရဲ့ နေအိမ်တွေကို ဖြိုချ ဖျက်ဆီးပစ်ပြီး အဲဒီနေရာတွေမှာ ဂျူးတွေအတွက် အခြေချအိမ်ရာစီမံကိန်းတွေကို အဓမ္မ ကျူးကျော်ဆောက်လုပ်နေကြပါတယ်။ ဒီကိစ္စမှာ မွတ်စ်လင်မ်တွေဘက်က ကူညီရပ်တည်ပေးမဲ့ အဖွဲ့အစည်းတစ်ရပ် ဖွဲ့သင့်ကြောင်း တိုက်တွန်းလိုက်ပြီး မွတ်စ်လင်မ် အသိုင်းအဝိုင်းတစ်ခုလုံးကို အက္ကစွာကျောင်းတော်ကို ကာကွယ်ဖို့အတွက် ကိုယ်စီကိုယ်ငှတာဝန် ထမ်းဆောင်ကြပါလို့လည်း ဆော်သြလိုက်ပါတယ်။

ကိုးကား » IUMS
သတင်း © အလင်းမျက်ဝန်း

ဓာတ်ပုံ » GEO TV
အနောက်ယူဂန်ဒါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထိကရုဏ်းတွေမှာ အနည်းဆုံး လူပေါင်း (၆၂) ဦး သေဆုံးခဲ့ပါတယ်။

အစောပိုင်းမှာ လူပေါင်း (၅၅) ဦး သေဆုံးတယ်လို့ ကြေညာခဲ့ပေမဲ့ အခု လက်တလောသတင်းများအရ သေဆုံးသူဦးရေမှာ (၆၂) ဦးအထိ ဖြစ်လာတယ်လို့ သိရပါတယ်။

အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ယူဂန်ဒါနိုင်ငံက ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ ကာစီစေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ အထိကရုဏ်းမှာ လူမျိုးစုခေါင်းဆောင်တစ်ဦးရဲ့ နောက်လိုက်တိုက်ခိုက်ရေးသမား (၄၁) ဦးနဲ့ နယ်ခံစစ်သား (၁၄) ဦး တို့ သေဆုံးခဲ့တာဟာ အစောပိုင်း အတည်ပြုနိုင်ခဲ့တဲ့သတင်းဖြစ်ပြီး၊ တနင်္လာနေ့မှာ ပုန်ကန်သူထဲမှ (၄၆) ဦးနဲ့ အစိုးရစစ်သား (၁၆) ဦး စုစုပေါင်း (၆၂) ဦးသေဆုံးခဲ့ကြောင်း ထပ်မံဖော်ပြပါတယ်။

အဆိုပါ ဖော်ပြချက်အရ ပုန်ကန်သူ တိုက်ခိုက်ရေးသမားများက ကင်းလှည့်စဉ် ကင်းထောက်တပ်ဖွဲ့ကို အလစ်ဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး နာရီပေါင်းရှည်ကြာစွာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီမြို့လေးဟာ မြို့တော်ကမ်ပါလာနဲ့ အနောက်ဘက် ကီလိုမီတာ (၃၀၀) အကွာအဝေးမှာ တည်ရှိပါတယ်။ လောလောဆယ်တော့ စစ်တပ်က ပုန်ကန်သူ (၁၃၉) ဦးကို လက်ရဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း


ဘရာဇီးဘောလုံးအသင်းတစ်သင်းကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ကိုလံဘီယာမှာ ပျက်ကျသွားတယ်လို့ ပြင်သစ်သတင်းဌာနက ယနေ့ အင်္ဂါနေ့မနက်က ကြေညာသွားခဲ့ပါတယ်။

ကိုလံဘီယာအာဏာပိုင်တွေကတော့ လေယာဉ်ပျက်ကျမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လိုအပ်တာ တွေဆောင်ရွက်လျက်ရှိပါတယ်။ လေယာဉ်ပေါ်မှာ (၇၂) ဦး စီးနင်းလိုက်ပါလာကြတာ ဖြစ်ပါတယ်။

အဆိုပါ လေယာဉ်ဟာ တောင်အမေရိက ဖလားပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ ယှဉ်ပြိုင်မဲ့ ဘရာဇီး ဘောလုံးအသင်းကို ပို့ဆောင်ဖို့အတွက် မီဒယ်လင်း လေယာဉ်ကွင်းကို ပျံသန်းလာရင်း လမ်းမှာ ပျက်ကျသွားခဲ့ခြင်း ဖြစ်ပါတယ်။

အသက်ဘေးက လွတ်မြောက်တဲ့သူတွေ ရှိနေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်သူတွေကို အခင်းဖြစ်ပွားရာ နေရာကနေ ရွှေ့ပြောင်းသယ်ယူနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အခင်းဖြစ်ပွားရာနေရာဟာ တောင်တန်းဒေသဖြစ်ပြီး အဲဒီနေရာကို သွားနေစဉ် ဒေသစံတော်ချိန် ညသန်းခေါင်ယံ မတိုင်မီမှာ လေယာဉ်ပျက်ကျခဲ့တာ ဖြစ်တယ်လို့လည်း မီဒယ်လင်းမြို့တော်ဝန် ဖတ်ဒရီးကိုးက ပြောကြားသွားခဲ့ပါတယ်။

လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို ခုထိမသိရသေးပါဘူး။ ဒါပေမဲ့ ပြည်တွင်းလေကြောင်း အာဏာပိုင်တွေကတော့ တောင်အမေရိက ဖလားဗိုလ်လုပွဲမှာ တောင်အမေရိက အတ္တလတီကိုနဲ့ ယှဉ်ပြိုင်ဖို့အတွက် ဘိုလီဗီးယားကနေ ထွက်ခွာသွားတဲ့ လေယာဉ်ပျက်ကျသွားကြောင်း အတည်ပြုခဲ့ပါတယ်။

ခူစီယဟ်မာရီယာ လေယာဉ်ကွင်းရဲ့ တာဝန်ရှိသူတွေက ချာဘီကွန်စီအသင်းကို တင်ဆောင်သွားတဲ့ လေယာဉ်အမှတ် CB-2933 ပျက်ကျသွားခဲ့ကြောင်းနဲ့ အသက်ရှင်ကျန်ရစ်သူတွေရှိကြောင်း ၎င်းတို့ရဲ့ Twitter စာမျက်နှာမှာ တင်ထားပါတယ်။

ကိုးကား » အလ်အရဗီယဟ်
ဓာတ်ပုံ » အလ်အရဗီယဟ်
သတင်း © အလင်းမျက်ဝန်း


မီဒီယာတွေ စူးစူးဝါးဝါး အာရုံစိုက်နေတဲ့ကြားထဲကနေ သတင်းထောက် ဂျီနီမာစာတစ်ယောက် အခုတော့ သတင်းတင်ဆက်သူ ဖြစ်လာခဲ့ပါပြီ။

သူမဟာ ကနေဒါနိုင်ငံ အသံလွင့်ဌာနတစ်ခုရဲ့ ပထမဦးဆုံးသော ခေါင်းပေါင်းပုဝါခြုံတဲ့ သတင်းတင်ဆက်သူမလေး ဖြစ်လာခဲ့ပါတယ်။

City News မီဒီယာရဲ့ ဒေသစံတော်ချိန် ၁၁ နာရီ သတင်းတင်ဆက်မှုအတွင်း မထင်မှတ်ဘဲ ထွက်ပေါ်လာတဲ့ ပုဝါခြံလျက်နဲ့ မာစာကြောင့် အံ့အားသင့်ခဲ့ကြရတယ်လို့ ဗြိတိန်နိုင်ငံထုတ် The Guardian သတင်းစာကြီးက ဆိုပါတယ်။

မာစာဟာ ပုဝါချွတ်စရာမလိုဘဲ သတင်းတင်ဆက်နိုင်ခြင်းနဲ့ မိမိမြတ်နိုးတဲ့ မီဒီယာအလုပ်ကို ဆက်လက်ဆောင်ရွက်ခွင့်ရခြင်းတို့အပေါ် ပျော်ရွှင်ဝမ်းမြောက်ရပါတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မွတ်စ်လင်မ်မုန်းတီးရေးမြင့်တက်နေချိန်မှာ သတင်းဌာနတစ်ခုက သူမကို အခုလို ဆက်လက်ခန့်ထားတဲ့ အပေါ်မှာလည်း သတင်းဌာနကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

“ ကျမဟာ ပနားမားဒေသမှာ ဖွားမြင်ခဲ့သူပါ။ ၁ နှစ်သမီးအရွယ်မှာ ကျမရဲ့မိခင်က ကျမကို ခေါ်ပြီး ကနေဒါကို ပြောင်းလာခဲ့လို့ တိုရွန်တိုမြို့မှာ ကျမ ကြီးပြင်းခဲ့ပါတယ်။ ဒီ (ကနေဒါ) နိုင်ငံမှာပဲ မိခင်က အစ္စလာမ်သာသနာကို လက်ခံခဲ့ပါတယ်။ ကျမရဲ့မိခင်က ကျမကို အစ္စလာမ်သာသနာတော်ရဲ့ အဆုံးအမနဲ့အညီ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ ” လို့ သူမက ပြောကြားသွားခဲ့ပါတယ်။

မာစာဟာ ၂၀၁၅ ခုနှစ်မှာ ကနေဒါနိုင်ငံရဲ့ ပထမဦးဆုံးသော ပုဝါခြုံတဲ့ ရုပ်မြင်သံကြားသတင်းထောက်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမဟာ CTV သတင်းဌာနမှာလည်း လုပ်ခဲ့ဖူးပါတယ်။

ကိုးကား » မာစရာဝေး
သတင်း © အလင်းမျက်ဝန်း



Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat